ဖြေကြားချက် ၃ ခု
အပေါ်က ဆရာပြောတာ ပြည့်စုံနေပါပြီ။ ဒါ့ပေမဲ့ ကာဗ်န်ရဲ့ အကျိုးကျေးဇူးလေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။ - သီးနှံအထွက်နှုန်းကိုတိုးစေသည်။ - မြေဆီလွှာမြေသားအနေအထားကို ကောင်းမွန်စေသည်။ - မြေဆီလွှာ၏ သြဇာပိုထက်သန်လာစေသည်။ - မြေဆီလွှာအတွင်းသို့ ရေစိမ့်ဝင်ခြင်းကို ပိုမိုကောင်းမွန်စေသည်။ - မြေဆီလွှာ၏ မျက်နှာပြင်မှရေများ မျောပါစီးဆင်းခြင်း၊ မြေမျက်နှာပြင်မှ ရေငွေ့ဆုံးပါးခြင်း၊ မြေသားအနက်ဘက်ဆီသို့ စိမ့်ယိုခြင်းကို ကာကွယ်ပေးခြင်းတို့ကြောင့် ရေအသုံးချရမှုတွင် ပို၍ အဆင်ပြေစေသည်။ - မြေဆီလွှာအတွင်း အပင်အတွက် အာဟာရများလည်ပတ်ခြင်းနှင့် အပင်များက ရယူစာသောက်ခြင်းကို အထောက်အကူဖြစ်စေသည်။ - သီးနှံပင်အတွက် အဓိကအာဟာရများဖြစ်စေသော နိုက်ထရိုဂျင် N နှင့် ဖော့စပရပ်(စ်) P လိုအပ်မှုကို လျော့နည်းစေသည်။ နိုက်ထရိုဂျင်ကတော့ အကုန်သိပြီးသားမို့ ကာဗွန်အကြာင်းပဲ ဖော်ပြလိုက်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။
Cဆိုသည် ကာဗွန်.. N,:ဆိုသည်..နိုက်ထြိုဂျင် ဖြစ်ပါတယ်။ C:Nratioဆိုတာ. . ကာဗွန်နဲ့ နိုက်ထြိုဂျင်ပါဝင်မှု အချိုး ကို ရာနုန်းနဲ့ တွက်ထားတာပါ။ ဘယ်နေရာသုံးတာလဲ?... ဆိုရင်.. သဘာဝ ေမြဆွေးလုပ်တဲ့နေရာမှာ ကာဗွန်နဲ့ နိုက်ထြိုဂျင် အချိုး ၃၀:၁ မှန်ကန်စွာ ပါဝင်ဖို့ ဖြစ်ပါတယ်။ အကြမ်းဖျဥ်းအားဖြငအညိုရောင်အရွက်ခြောက်တွေဟာ Cများပြီး...အစိမ်းရောင်သစ်ရွက်တွေမှာ နိုက်ထြိုဂျင် များပါတယ်။ ဒါကြောင့်၊မြေဆွေးပြုလုပ်ရာမှာ၊အညိုရောင်ကောက်ရိုမြက်ခြောက်နဲ့အစိမ်းရောင် သစ်ရွက်အစို ၅၀:၅၀ထည့်ရပါတယ်။ မြေကြီး ထဲမှာ အနုဇီမိုက်ခရုတ်တွေဟာ C:Nratio 8:1 မှာ ရှင်သန်နိုင်ပါတယ်။ အနုဇီဝများများရှိမှ၊ အပင်များ၊သီးနှံများ ရှင်သန်ကြီးထွားနိုင်မှာပါ။အသေးစိတ်သိလိုပါက..အစိမ်းရောင်လမ်း(မြေဆီလွှာ ကဏ္ဍ)မှာကြည့်ရှုလေ့လာနိုင်ပါတယ်ခင်ဗျာ။
အခု့လို သေချာရှင်းပြ ပေးတဲ့ ဆရာနစ်ယောက်လုံးက်ို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ အခု့လိုနောက်ဆက်တွဲလေးတွေကိုပါ ဗဟုသုတအနေနဲ့ထည့်ရှင်းပြပေးတာ တကယ်ကို ဗဟုသုတရပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ငှက်ပျော်သီး တစ်ပိသာ သဘော်သီး တစ်ပိသာ ရွှေဖရုံသီးတစ်ပိသာ ထန်းလျှက် နစ်ပိသာ (အရည်ကျို) ဖွဲနု 50သား ကြက်ဥ 5လံုး...
ဖြေကြားချက် 5 ခု
သီးစုံအချဥ်ဖောက်ရည်နဲ့ နို့အချဥ်ဖောက်ရည်ကို မရောပဲထားရင် ဘယ်အချိန်အထိ အထားခံလဲဗျ...
ဖြေကြားချက် 1 ခု
မြေဆွေးပုံလုပ်တဲ့အခါ အပူတွေအရမ်းထွက်နေပါတယ် တစ်ပတ်တစ်ခါတော့ အထက်အောက်လှန်ပီး ငါးအမိုင်နိုဖြန်းပေးပါတယ်ခင်ဗျာ အ...
ဖြေကြားချက် 2 ခု
အခု့အချိန် သစ်စိမ်းထိုးမယ်ဆိုက မိုးစပါးမစိုက်ခင် အဆင်ပြေနိုင်လားခင်ဗျာ။ သစ်စိမ်းမြေသြဇာအဖြစ် ညံပင်ထိုးခြင်ပါ...
ဖြေကြားချက် 4 ခု
စပါးပင်အတွက် em နဲ့ fish amino acid ကဘယ်ဟာပိုကောင်းပါသလဲခဗျ။
ဖြေကြားချက် 4 ခု