တမာပိုးသတ်ဆေးနဲ့ပတ်သက်ပီးဖတ်မိတဲ့ဆောင်းပါးတွေမှာ ဆေးရာစပ်ဖျန်းနည်းကွဲနေလို့ဗျ။ ဆောင်းပါးတစ်ခုမှာ တမာရွက် ၆၀...
တမာပိုးသတ်ဆေးနဲ့ပတ်သက်ပီးဖတ်မိတဲ့ဆောင်းပါးတွေမှာ ဆေးရာစပ်ဖျန်းနည်းကွဲနေလို့ဗျ။ ဆောင်းပါးတစ်ခုမှာ တမာရွက် ၆၀ကျပ်သားကိုရေတစ်ဂါလံနဲ့တစ်ညစိမ်ပီးရေလေးဂါလံဖြစ်အောင်ရောဆပ်ပြာနဲ့မွှေ အပင်မှာဖျန်းခိုင်းပီးနောက်တစ်ခုမှာက တမာရွက် ၂၅ ကျပ်သားကို ရေတစ်ဂါလံနဲ့တစ်ညစိမ်ပီးမှ အဲ့ဒီစိမ်ရည်နို့ဆီဗူးတစ်ဗူးကို ရေလေးဂါလံနဲ့ရောပီးဖျန်းခိုင်းထားတယ်။ ဘယ်နည်းကပိုအဆင်ပြေနိုင်လဲဗျ။ သက်နုပင်ဆိုတော့လောင်မှာစိုးလို့ ကျေးဇူးပြုပီးဖြေကြားပေးပါအုံး ဆရာတို့