အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,664
လွန်ခဲ့သော ၄ နှစ် က · တောင်တွင်းကြီး

ဘော်ဒိုဆေးရည်က စာအုပ်စင် ကဏ္ဍမှာ 1:1:100 နဲ့ ကွမ်းစိုက်နည်းမှာ ပျိုးထောင်တဲ့အခါ 1:1:10 သုံးပါလို့ တွေ့ရပါတယ်.....

ဘော်ဒိုဆေးရည်က စာအုပ်စင် ကဏ္ဍမှာ 1:1:100 နဲ့ ကွမ်းစိုက်နည်းမှာ ပျိုးထောင်တဲ့အခါ 1:1:10 သုံးပါလို့ တွေ့ရပါတယ်.... ဘာကြောင့် အနဲအများကွာသွားရတာလဲဗျ ဒုတ္ထာစျေးက အရမ်းကြီးတော့...... ကွာခြာပုံလေး ပြောပြပေးပါ ခင်ဗျာ... ပျိုးထောင်တဲ့အခါ 1:1:100 သုံးလို့ရပါသလား.....

ပိုးမွှားရောဂါ ကွမ်း

ဖြေကြားချက် ၃ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

(1:1:100)ပါခင်ဗျာ။ အသေးစိပ်ကို အောက်ပါလင့်လေးထဲ ဝင်ရောက် လေ့လာလိုက်ပါ။ တောင်သူများအတွက် အသုံးဝင်ပြီး ကုန်ကျစရိတ် သက်သာစေမည့် ဘော်ဒိုဆေးရည် ပြုလုပ်နည်း

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

1:1:10အချိုးအရ 10%Bordeaux ဖြစ်လို့ ပင်စည်သုတ်ခြင်း၊ဒဏ်ရာအနာကျက်​အောင်သုတ်လိမ်းခြင်း၊ကိုင်းဖြတ်ချိန်ရောဂါ မဝင်​အောင်ဆေးတို့ခြင်း၊​လောက်သာ သုံးသင့်ပါတယ်။

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ဘော်ဒိုမစ်ချား အချိုးက အများကြီးရှိပါတယ်။ ပင်စည်မာ​တွေအတွက်အချိုး။အမြစ်၊စိုက်​ဘောင်ဖျန်းရန်အချိုး၊အရွက်ဖျန်းရန်အချိုး စသဖြင်တွေ့ရပါတယ်။ အများအားဖြင့်ခြံသမားများ၊အပင်​ပေါ်ဖျန်းရန် ၊1%Bordeaux (1:1:100) ကို အသုံးများပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။