ဖြေကြားချက် ၅ ခု
ရေဆင်း၁၆မျိုးအကြောင်းရှင်းပြပါဆရာ
ကုန်ကျစရိတ်နည်းပြီး ပဲမျိုးစုံအထွက် တိုးအောင် စိုက်ပျိုးနည်း ပဲတိုင်းအတွက် အကောင်းဆုံးအားဆေးလေးပါ။ အထွက်သိသိသာသာ တိုးစေမာပါခင်ဗျာ။ အဆင်ပြေပါစေ။
ပဲတီစိမ်းနှင့်ပဲနောက်စိုက်ပါတယ်အနီကတော့မစိုက်ပါ
ကျနော်တို့ဘက်ကပဲတစိမ်းနှင့်ပဲနောက်စိုက်ပါတယ်
#ပဲတီစိမ်းအနီ #ပင်ရှည်မျိုး #စိုက်ခင်းသို့ #သွားရောက်လေ့လါခြင်း# ၁.****#စိုက်ပျိုးမြေနှင့်ရာသီဥတု**** အပင်ဖြစ်ထွန်းမှု ကြီးထွားမှု အပင်အရပ်အမြင့်တို့ကို လေ့လါကြည့်မိသောအခါ နုန်းတင်မြေနု မြေစီး စသောအခြေခံရှိသည့်မြေမျိုးမှာ ဖြစ်ထွန်းတာတွေ့ရပါသည် ၂****#စိုက်ချိန်**** မိုးနှောင်း 9လပိုင်း ၁၀လပိုင်း ၁၅ရက်အတွင်းနောက်အကျဆုံးစိုက်ပျိုးနိုင်ပါက အထူးသင့်တော်ပြီး အထွက်နှုန်းကောင်းနိုင်မည်ဟု စိုက်ပျိုးရေးသမားတယောက်အနေဖြင့် ယူဆပါသည် ၃****#ပန်းပွင့်နှုန်း**** အပင်ရှည်မျိုးသည် ပင်စည်တွင် အဆစ်စိပ်ပြီး အဆစ်တိုင်းမှ ပန်းခိုင် ရောင်တံထွက်ပြီး ပန်းပွင့်အားကောင်းပါသည် ၄****#သီးတောင့်နှင့်အစေ့အဆန်ပါဝင်မှုနှုန်း*** အပင်တပင်တွင် သီးတေါင့်အနည်းဆုံး 19တေါင့်မှ အများဆုံး37တောင့်ထိ တွေ့ရပြီး အတေါင့်၁တေါင်လျှင် အစေ့ပါဝင်မှု အနည်းဆုံး9စေ့နှင့် အများဆုံး၁၃စေ့အထိ ရှိတာတွေ့ရပါတယ် ၅.****#စိုက်ခင်းပြုစုခြင်း**** အပင်အရွက်စိမ်းစိုခြင်းနူးညံ့ခြင်းကြောင့် ပိုးကျရောက်မှုမှာ အခြားပဲများထက်ပိုကျရောက်တာကို တွေ့ရှိရပြီး(စိုက်ခင်းဘေး အခြားပဲများကိုလေ့လါချက်) အပင်ငယ်စဥ်မှ သီးတောင့်ရင့်မှည့်သည်အထိ 1ပတ်ခြားပိုးသတ်ဆေး မှိုသတ်ဆေးများကို လိုအပ်သလို အသုံးပြုသင့်ပါသည် ၆***#အထွက်နှုန်း မှန်းဆခြင်း**** အပင်ငယ်စဥ်မှအသီးရင့်မှည့်သည့်ထိ ဂရုတစိုက်ပြုစုနိုင်မည်ဆိုပါက လက်ရှိစိုက်ခင်းအခြေအနေ တပင်ပါသီးတောင့် တတောင့်ပါအစေ့ကို လေ့လါခြင်းအါးဖြင့် တဧက 17တင်းမှ 22တင်းကြားထွက်ရှိနိုင်ပါသည်... #မှတ်ချက် အပင်ငယ်စဥ်အသေအပျောက်နည်းရန် နှင့်ပိုးမွှားရောဂါကျရောက်မှုတို့အတွက် သင့်တေါ့သော ပိုးသတ်ဆေးနှင့်မှိုသတ်ဆေးများကိုသုံး၍ ကာကွယ်ထါးနိုင်ဘို့တေါ့လိုအပ်ပါသည်...တစ်ဧက သတ်မှတ်အပင်ရေရှိဘို့လဲလိုအပ်ပါသည် ကျောက်တံခါးမြို့မှ ညီလေး@u naing၏ကျေးဇူးကြောင့် ကျောက်တခါးမြို့အနီး ပဲတီစိမ်းအနီပင်ရှည်စိုက်ခင်းသို့ ကျွန်တော်တို့စိုက်ပျိုးရေးညီအကိုတတွေ ယနေ့သွားရောက်လေ့လါဖြစ်ခဲ့ပါသည်... စိုက်ခင်းရှင်ရဲ့အတွေ့အကြုံများနှင့် မိမိ၏စိုက်ပျိုးရေးအမြင့်ဖြင့်သာ သုံးသပ်ထါးခြင်းဖြစ်ပါသည် လိုအပ်ချက်များရှိပါက အကြံပြုပေးကြပါရန် #ပဲခူးတိုင်းအရှေ့ #ပဲတီစိမ်းနီအစ #ကျောက်တံခါးမြို့နယ်ကစ ဖြစ်ပါစေခင်ဗျာ လက်ရှိစျေးကတော့ ပဲအါးလုံးရဲ့ ထိပ်ဆုံးမှာ စျေးကွက် ဦးဆောင်နေပါတယ် AKS(KUK)(1999 စိုက်ပျိုးရေး)
ဆက်စပ်မေးခွန်းများ
ကြံ ပေါင်းသတ်ဆေး ညွှန်ပေးပါခင်ဗျာ
ဖြေကြားချက် 7 ခု
သက်ကယ်တောဖြစ်နေလို့ဘယ်လိုသတ်ရမလဲ ပြောပေးပါဦး ဦးကြီးတို့
ဖြေကြားချက် 6 ခု
ကြံဟာဘယ်နနှစ်ကြာကြာခံလဲ
ဖြေကြားချက် 2 ခု
သဘာဝ မြေသြဇာတွေရဲ့ npkပါဝင်နှုန်းတွေကို သိချင်လို့ပါခင်ဗျ။ငါးမှုန့် ပုဇွန်မှုန့်တွေရဲ့ npkပါဝင်နှုန်းကို အဓိက...
ဖြေကြားချက် 2 ခု
ပဲသီစိမ်း ရေတင်ပြီး ဆေးဖြန်ဖို့ ဘယ်ချိန်ဖြန်ရမလဲဗျ
ဖြေကြားချက် 2 ခု