အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2
လွန်ခဲ့သော ၄ နှစ် က · ပဲခူး

မရမ်းပက်စိုက်မလို့ အစေ့ဘယ်လိုပျိူးရမလဲမသိလို့ နည်းလေးပြောပြပါအုန်း Please

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုးနည်း မရမ်းသီး
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

အ​စေ့ကို တိုက်ရိုက်ပျိုးရင်ကြာတတ်လို့.. အခွံခွာပြီး ပြာလူး ပျိုးပါ။ သရက်အ​စေ့ ပျိုးသလိုပါဘဲ။ ပျိုးအိတ်ထဲထည့်ပြီးေနာက်ပိုင်း ၊လိုအပ်တဲ့ အစိုဓါတ်၊အရိပ်အမိုးပါးပါးပြုလုပ်​ပေးပါ။ ပိုးမွှား​ရောဂါမကျ​ရောက်​အောင်ပြုစု​စောင့်​ရှောက်ရပါမယ်။ ပျိုးသက်တနှစ်​လောက်ကြာမှာဖြစ်လို့၊စိတ်ရှည်လက်ရှည်ဂရုစိုက်ဖို့အ​ရေးကြီးပါတယ်။

260,000 လွန်ခဲ့သော ၄ နှစ် က

မရမ်းက ပျိုးနည်းမခက်ပေမဲ့ အချိန်အတန်ကြာတဲ့အထိ အပင်မပေါက်တဲ့အခါ မပေါက်နိုင်တော့ဟု ယူဆမရပါ။ ပျိုးချိန် တစ်ခါတစ်ရန် ကြာတက်ပါတယ်။ ပျိုးမြေဆက်နည်းကတော့ သဲမြေ ၂ ဆ + ဖွဲပြာ ၁ ဆ + နွားချေးမုန့် ၁ ဆ ရောပြီး သာမန် အစိုဓာတ်လေးပေးပြီး ပျိုးနိုင်ပါတယ်ခင်ဗျာ။ ပျိုးဘောင် (သို့) ပျိုးအိတ်ကို ကောက်ရိုး အုပ်ပေးထားပါ၊ ဒါဆိုရပါပြီခင်ဗျာ။ အဆင်ပြေပါစေ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။