အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
928
လွန်ခဲ့သော ၄ နှစ် က · ဆိပ်ဖြူ

အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ကျွန်တော်ကြက်သွန်ခင်းက၃လပြည့်ပါပီမိုးရွာသွန်းသည့်အတွက်ရေထုတ်မရ...

အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ကျွန်တော်ကြက်သွန်ခင်းက၃လပြည့်ပါပီမိုးရွာသွန်းသည့်အတွက်ရေထုတ်မရသည့်နေရာများအိုင်နေတာ၄ရက်လောက်ရှိပါပီတစ်ခင်းလုံးတော့မဟုတ်ပါဘူးခင်ဗျ၊ဥပုတ်ဖြစ်နိုင်ပါသလားဗျ ဘယ်လိုပြုလုပ်ရမလဲဆိုတာအကြံဥာဏ်တောင်းခံအပ်ပါသည်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
ပိုးမွှားရောဂါ ကြက်သွန်နီ ကြက်သွန်နီခင်းရေများခြင်း
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၆ ခု

928 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ပါခင်ဗျ၊ပွင်လင်းရာသီဆိုပီးရေထုထ်မြောင်းမလုပ်မိတာပါ နောက်စိုက်ပျိုးသည့်အခါပြုလုပ်ပါမည် ကျေးဇူးပါဗျ

260,000 လွန်ခဲ့သော ၄ နှစ် က

ရေထုပ်မြောင်းလေးလုပ်ပေးနိုင်က ပိုကောင်းပါတယ်ခင်ဗျာ။ ဖြစ်နိုင်ရင်ပြာထည့်ပေးပါခင်ဗျာ။ အဆင်ပြေပါစေ။

928 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ကျေးဇူးပါဆရာ

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ပုံပါအတိုင်း​လောက်ဘဲ ကျန်တာဆိုရင်​တော့..နောက်ထပ်ရေမဝင်ရင်၊မပုပ်​လောက်ပါဘူးကော့ပါးဖြစ်​စေ။မင်ကိုဇက်ဖြစ်​စေ မိှုသတ်​ဆေဖျန်း​ပေးပါ။ ပြာ၊သို့မဟုတ် ဂျစ်ဆမ် ပက်ပါ။

928 လွန်ခဲ့သော ၄ နှစ် က

အခုတော့ပုံပါအတိုင်းပါးပါးရှိတော့တာပါဆရာ

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ရေဝပ်ချိန်ကြာလာ​လဥပုပ်နိုင်​လေ​လေ ပါခင်ဗျာ။ အတတ်နိုင်ဆုံးရေထုတ်ပစ်ရမယ့်နည်းလမ်း အရင်လုပ်ပါ။ရေထွက်မှ ကျန်တဲ့မိှုသတ်​ဆေးဖျန်းခြင်း။ ဂျစ်ဆန် သို့မဟုတ် ပြာဖြူးခြင်းပြုလုပ်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။