အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,921
လွန်ခဲ့သော ၄ နှစ် က · မြောက်ဦး

ကြက်ဟင်းခါးပင်တွေညှိုးပြီးသေနေတယ်အဲဒါဘယ်လိုလုပ်ရမှာလည်းပြောပေးပါအုံးဆရာတို့ရယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၅ ရက်
ပိုးမွှားရောဂါ ကြက်ဟင်းခါးသီး
Post image
Post image
Post image

ဖြေကြားချက် ၁၅ ခု

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဆေးတမျိုးမျိုး ဖျန်းပြီးမှ ဖြစ်တာဆိုရင်ဆေး​ကြောင့်..ဖြစ်နိုင်ပါတယ်။ အရွက်ကိုကြည့်ရတာတခုခု​အပူ​လောင်သလိုဘဲ။ အကယ်၍ ဘာမှ မဖျန်းဘူးဆိုရင်သေတဲ့အပင်ရဲ့ အမြစ်ကိုနုတ်ကြည့်ပါ။ အမြစ်နာသလား အမြစ်ပိုးရှိသလား စသဖြင့်အ​ကြောင်းရင်းကိုသိမှ ဘာလုပ်သင့်တယ်ဆိုတာ အကြံပြုနိုင်မှာပါ။

1,921 လွန်ခဲ့သော ၄ နှစ် က

ကြက်ဟင်းခါးပင်တွေဘက်တီးရီးယားပင်ညှိုးကျနေတာကာဆူမင်ဖြန်လို့လည်းမပျောက်ဘူးအဲဒါဘာဆေးဖြန်ရပါမလဲ

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ဘက်တီးရီးယာရောဂါဝင်​နေတဲ့ အပင်ကို ကာဆူမင်နဲ့ ကျုပရိုမက်ရောဖျန်းနိုင်ပါတယ်။သို့​ပေမယ့် လူကြီးမင်း အပင်က မြေဆီလောင်လို့အရွက်​ခြောက်တာဆိုရင်​တော့ အကျိုးမရှိနိုင်ပါ။ စပါး ဘက်တီးရီးရွက်​ခြောက်​ရောဂါ ကို ဖျန်းနိုင်ပါတယ်။ xanthomonas Bacterial diseaseကြောင့်ဆိုရင် အတိုင်းအတာတခုအထိကာကွယ်​ပေးပါတယ်။

1,921 လွန်ခဲ့သော ၄ နှစ် က

ဆရာရယ်ကာဆူမင်နှင့်ကျူပရိုမက်ရောဖြန်းလို့ရပါသလား

1,921 လွန်ခဲ့သော ၄ နှစ် က

အခုလိုစိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာရယ်

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ဖျန်းလို့ရပါတယ်ခင်ဗျာ

1,921 လွန်ခဲ့သော ၄ နှစ် က

ကြက်ဟင်းခါးပင်တွေမှာမက်တယ်လက်စီဖျန်းထားတာသုံးရက်ရှိပြီအခုကော့ပါးနဲ့ကာဆူမင်ဖြန်းလို့ရလောက်ပြီလား

1,921 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးတင်ပါတယ်

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ယူရီးယားက​ေ မြ ေပါ်ပက်​ကျွေးရင်.မြေကြီးထဲထက်၊အ​ပေါ်ကိုအ​ငွေ့ပျံပါတယ်။ အဲအ​ငွေ့က နီးစပ်ရာအရွက်ကိအပူ​လောင်​စေပါတယ်။ဒါ​ကြောင့် ယူရီးယားကို၊ရေ​ဖျော်ကျင်း​ဖောက်သို့မဟုတ်၊​ဖုံးပြီး​ကျွေးရပါတယ်။

260,000 လွန်ခဲ့သော ၄ နှစ် က

တစ်ပင်တစ်လေပဲ ဖြစ်သေးတယ်ဆိုရင်တော့ အမြစ်ပါနုတ်ပစ်ပြီး အဝေးကို ပစ်ပါခင်ဗျာ။ ကူးစပ်မြန်တဲ့ဘက်တီးရီးယားရောဂါမို့လို့ပါခင်ဗျာ။

1,921 လွန်ခဲ့သော ၄ နှစ် က

ယူရီးယားတော့ကျွေးပါတယ်ဆယ့်နှစ်ရက့်လောက်ရှိပြီနောက်ပြီးအော်ဂဲနစ်အရွက်ရည်လုပ်ဖြန်းထားဒါရှိတယ်နောက်ပြီးမာတယ်လာစီဖြန်းထားတယ်

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

အောက်ရွက်​၃/၄ရွက် ပယ်ပစ်ပါ။ ပြီးမှဆေးဖျန်းပါ

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

မညှိုး​သေးတဲ့အပင်ရှိ​သေးရင် ပထမအဆင့်..ကော့ပါးနဲ့ ကာဆူမင်(၅ဇွန်းစီ​ရောဖျန်းပါဆေးတပုံးစာပါ။ ဒုတိယအဆင့်က..ကာဆူမင်မရရင်.. စထရက်တိုမိုက်စင် ဆေးတပုံး/ ၁၀ဂရမ် ဖျန်းပါ

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ဘာမှမဖျန်း​သေးဘူး၊ယူရီးယားလဲပက်​ကျွေးမထားပဲ၊၊အပူ​လောင်သလိုညှိုးရင် ဘက်တီးရီးယာပင်ညှိုး​ရောဂါ ဖြစ်နိုင်ပါတယ်။ ကူးစက်မြန်မယ်။ ၂/၃ရက်အတွင်းအ​သေများမယ်

1,921 လွန်ခဲ့သော ၄ နှစ် က

အမြစ်မှာပိုးတွေလည်းမတွေ့မိဘူးဗျာပထမတော့အောက်ရွက်တွေမှာအပူလောင်သလိုမျိုးဖြစ်လာပြီးအပင်ကညှိုးကျပြီးသေသွားတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။