အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,171
လွန်ခဲ့သော ၄ နှစ် က · ဥတ္တရသီရိ

မူလအီအမ်နဲ့အိုင်အီအမ်ဘာကွာပါသလဲ။မူလအီအမ်ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲ။မူလအီအမ်ကိုကလေးမြို့မှာဝယ်ချင်ပါတယ်။သို့မ...

မူလအီအမ်နဲ့အိုင်အီအမ်ဘာကွာပါသလဲ။မူလအီအမ်ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲ။မူလအီအမ်ကိုကလေးမြို့မှာဝယ်ချင်ပါတယ်။သို့မဟုတ်ပြုလုပ်နည်းရှိပါကလိုချင်ပါတယ်။

အပင်အာဟာရ ငရုတ်သီး အကျိုးပြုအဏုဇီဝ (အီးအမ်)

ဖြေကြားချက် ၆ ခု

193,301 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

မူလအီးအမ်ကတစ်နှစ်ထိသက်တမ်းရှိပြီး အိုင်အီးအမ်ကတော့(၇-၁၀)ရက်ပဲအာနိသင်ရှိပါတယ်။မူလအီးအမ်ရဲ့အရောင်ကဝါညိုရောင်ပါ။အနံ့ကတော့နှစ်သက်ဖွယ်ချိုချဉ်အနံ့လေးပါ။ပြုလုပ်နည်းဆက်စပ်ဆောင်းပါးတွေပါ။အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ အီးအမ်အသုံးပြုမြေသြဇာပြုလုပ်နည်း

1,171 လွန်ခဲ့သော ၄ နှစ် က

မဆုမြတ်နိုးခင်ဗျာအီအမ်ကိုသစ်သီးအချဉ်ဖောက်ရည် နွားနို့ကိုဆန်ဆေးရည်ဖောက်ထားတဲ့အရည် တင်လဲရည်တို့ကိုရောလိုက်တာနဲ့ရတယ်ဆိုတာဟုတ်ပါသလားကျေးဇူးပြု၍‌ဖြေပေးပါခင်ဗျာ သိတဲ့ပညာရှင်များလည်းဖြေပေးစေလိုပါတယ်

260,000 လွန်ခဲ့သော ၄ နှစ် က

ပြောဖို့ တစ်ခုကျန်သွားလို့ပါခင်ဗျာ။ EM 1 လို့လည်း ခေါ်ပါသေးတယ်။

260,000 လွန်ခဲ့သော ၄ နှစ် က

IEM = OEM = ပင်မEM = မူလEM အတူတူပါပဲခင်ဗျာ။ ဟုတ်ကဲ့၊ အပေါ်က အမပြောသလို ပြုလုပ်နိုင်သကဲ့သို့ အောက်ပါနည်းလေးနဲ့လည်း ပြုလုပ်သုံးစွဲနိုင်ပါတယ်ခင်ဗျာ။ မိမိပတ်ဝန်းကျင်မာ အလွယ်ရနိုင်တဲ့ ကုန်ကြမ်းတွေနဲ့ လုပ်သောနည်းကို ပြုလုပ်နိုင်အောင်လို့ပါခင်ဗျာ။ အိုင်အီးအမ် ပြုလုပ်နည်း - ငှက်ပျောသီး အပိုင်းအစများ (၁ ပိဿာ) - သင်္ဘောသီး အပိုင်းအစများ (၁ ပိဿာ) - ရွှေဖရုံသီး အပိုင်းအစများ (၁ ပိဿာ) - ထန်းလျက် (၂ ပိဿာ) ကို ရေနှင့်ကျိုချက်ပြီး ရလာသည့်ဖျော်ရည်ကို အေးသောအခန်းတွင် ထားရမည်။ - ကြက်ဥအစိမ်း ငါးလုံး ပြုုလုပ်နည်း အဆင့်ဆင့် - ခုတ်ပြီးသား သစ်သီးအပိုင်းစများနှင့် ကြက်ဥများကို ဇလုံထဲတွင်ထည့်ပြီး လက်ဖြင့်နှံ့အောင်နယ်ပါ။ - အဆိုပါ အရောအနှောများကို မြေကြီးနှင့် လုပ်ထားသည့် စဉ့်အိုး (ရေ ပိဿာ ၅၀ ခန့်ဆံ့သည့်) ထဲတွင် ထည့်ပါ။ - ထို့နောက် ထန်းလျက်ရည်ကို လောင်းထည့်ပြီး မွှေပါ။ - စဉ့်အိုးထုထည်၏ သုံးပုံနှစ်ပုံ ရေထပ်ထည့်ပါ။ (၃၀ လီတာ) - ထို့နောက် စဉ့်အိုးကို ပလတ်စတစ်အိတ်မဲဖြင့် အေး၍ခြောက်သွေ့ပြီး အရိပ်ရသည့်နေရာတွင် ၄၅ ရက် ထားပေးပါ။ - နှစ်ရက်၊ သုံးရက်ခြားတစ်ခါ စဉ့်အိုးကို နှစ်ပတ်အတွင်း လှုပ်ပေးပါ။ နှစ်ပတ်ပြည့်သွားလျှင် မျက်နှာပြင်တွင် အဖြူရောင် မှိုမျှင်များ တက်လာပါလိမ့်မည်။ အကယ်၍ မှိုမျှင်များ တက်မလာပါက အချိုရည် (သကြား ၂၅ ကျပ်သားဖျော်ရည်) ထပ်ရောပြီး သန့်ရှင်းသော တုတ်ချောင်းနှင့် ၁၀ ရက် တစ်ကြိမ် မွှေပေးပါ။) - တစ်လခွဲ (၄၅ ရက်) ကြာပြီးနောက် ချွဲပျစ်သော အိုင်အီးအမ်ဖျော်ရည်များကို ရရှိလာမှာဖြစ်ပြီး အသုံးပြုရန်အတွက် အဆင်သင့် ဖြစ်နေပါပြီ။ အဆင်ပြေပါစေ။

193,301 လွန်ခဲ့သော ၄ နှစ် က

#EMပြုလုပ်နည်း ၁။ #လိုအပ်သောပစ္စည်းများ - (က) ရေသန့်ဘူးအလွတ်(၁) လုံး။ (ခ) အုန်းစိမ်းနုနုအရည်(၁)လီတာ။ (ဂ) ဒိန်ချဉ်(၂) ဇွန်း။ (ဃ) သကြားညို့ (၄)ဇွန်း။ (င) တဆေး(Yeast)အမှုန့်(၂)ဇွန်း။ (စ) ကြာညို့(၁)ဇွန်း။ (ပဲငံပြာရည်အနောက်ရည်) ၂။ #ပြုလုပ်နည်း။ ခွက်တခုထဲတွင် သကြားညို ဒိန်ချဉ် တဆေး အုန်းစိမ်းရည် (အနည်းငယ်) ကြာညို့တို့ကိုသကြားကြေသည်အထိမွှေပါ ထို့နောက်အုန်းစိမ်းရည်လက်ကျန်နှင့် ထပ်ရောပြီးအဖုံးပိတ်၍ သန့်ရှင်းသော ရေသန့်ဘူးထဲထည့်ပြီး လှုပ်ခါပါ အဖုံးလုံအောင်ပြန်ပိတ်၍ အရိပ်ထဲ (၇) ရက်ခန့်ထားပါ (၇)ရက်ပြည့်ပါက 100% EM ဖြစ်သော EMဦးရည်(၁)လီတာကျော်ရုံခန့်ရရှိပါမည်။

1,171 လွန်ခဲ့သော ၄ နှစ် က

မူလအီအမ်ပြုလုပ်နည်းပြောပေးပါခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။