အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · သနပ်ပင်

ကျွန်တော် လယ်ကမြေစေးအမျိုးအစားပါပဲအထွက်နှုန်းနဲလို့ဘယ်လိုလုပ်ကမလည်းပဲကလည်းအပင်းမမြင်းဘူးဘဲချေးနွားချေးတွေချ...

ကျွန်တော် လယ်ကမြေစေးအမျိုးအစားပါပဲအထွက်နှုန်းနဲလို့ဘယ်လိုလုပ်ကမလည်းပဲကလည်းအပင်းမမြင်းဘူးဘဲချေးနွားချေးတွေချလည်းအပင်ကမမြင့်လာဘူးအကြံညဏ်လေးပေးပါအုန်း

မြေဆီလွှာ ပဲတီစိမ်း ပဲတီစိမ်းမြေသြဇာကျွေးနည်း

ဖြေကြားချက် ၂ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

မြေဆွေးလုပ်ရာ၌ နွားချေးမာ မပါ၊မဖြစ် ဖြစ်သော်လည်း အကုန်ကျ သက်သာလိုပါက အလကားလိုလို ရနိုင်သော စပါးခွံဆွေး၊ လွစာဆွေး၊ ဖွဲပြာတို့ကို အီးအမ်လောင်းပြီး ရိုးရိုးစပါးခွံဆွေး အဖြစ်သာ ပြုလုပ်နိုင်ပါတယ်ခင်ဗျာ။ စပါးစိုက်အပြီး ကျန်တဲ့ အစိုဓာတ်နဲ့ စိုက်တာလားခင်ဗျာ။ ဒါဆို ပဲအထွက်နည်းတယ်ဆိုတာ ကြမ်းမလုံတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရွံစေးဆိုတော့ ကောင်းစွာမထွန်ယက်ရင် ပက်ကြားအက်များဖြစ်ပြီး အစိုဓာတ်နည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်ခင်ဗျာ။ ဒါ့ကြောင့် စပါးခွံမြေဆွေး ပြုလုပ်သုံးစွဲပြီး လယ်ထဲချကြည့်ပါလို့ တိုက်တွန်းရင်း...AKS

260,000 လွန်ခဲ့သော ၄ နှစ် က

မြေပြင်ချိန် မြေဆွေးထည့်ပေးပါ။ ဘယ်လိုမြေဆွေး ထည့်ပေးရမလဲဆိုတော့ သစ်ဆွေးဓာတ်ကြွယ်ဝတဲ့ ဝါးရွက်၊ လွစာဆွေး၊ စပါးခွံဆွေး၊ စတာတွေနဲ့ လုပ်တဲ့ မြေဆွေးကို ထည့်ပေးရပါမယ်။ မြေဖွယ်အောင် ဖွဲပြာကိုလည်း မြေဆွေးလုပ်ရာတွင် ထည့်အသုံးပြုပေးရပါမယ်ခင်ဗျာ။ တစ်ဧကကို တင်း ၅၀-၁၀၀ ထည့်ပေးနိုင်ပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။