ကုဝါရေဆင်း၁၂တစ်ဧကတင်းမည်မျှရနိုင်ပဖါသလဲခင်ဗျာ
လက္ခဏာများ သက်တမ်း - ၈၅ မှ ၉၀ ရက် ၅၀ % ပန်းပွင့်ရက် - ၃၀ မှ ၄၀ ရက်ခန့် တစ်ပင်ပါ သီးတောင့် - ၃၀ မှ ၄၀ တောင့် တစ်တောင့်ပါ အစေ့ - ၁ စေ့ အစေ့ (၁၀၀) အလေးချိန် - ၃၂ ဂရမ် အစေ့အရောင် - နီဝါရောင် အထွက်နှုန်း - ၂၅ မှ ၂၈ တင်း/ဧက ထူးခြားချက် - သက်လျင်ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိ၊ အစေ့ကြီး၊ ကုလားပဲ အနီမျိုးဖြစ်ပါသည်။ မူရင်း- ပဲမျိုးစုံသီးနှံ သုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ရေဆင်းကုလားပဲ - ၁၂ သည် သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၀-၄၀_ ရက်ခန့်ရှိပါသည်။ တစ်ပင်ပါသီးတောင့် (၃၀-၄၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၂)ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသတစ်ဧကအထွက်နှုန်းမှာ (၂၅-၂၈) တင်းဖြစ်ပါသည်။ သက်လျင် ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိ (အစေ့ကြီး) ကုလားပဲအနီမျိုးဖြစ်ပါသည်။ အဆင်ပြေပါစေ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါဆရာတို့ ကျွန်တော့်ရဲ့ မတ်ပဲခင်းနဲ့ ကုလားပဲစိုက်ခင်းလေးကို ကြက်ဥဂျူလင်စီဖြန်းလို့ရပါသလားခဗျာ မတ်ပဲက...
ဖြေကြားချက် 8 ခု
ကုလားပဲခင်း အထနေှးနေလို့ ဘာတေွလုပ်ရမလည်းဗျ
ဖြေကြားချက် 7 ခု
ကုလားပဲစိုက်ပျိုးနည်းနှင့်အပင်ပြုစုနည်းပါဆရာ
ဖြေကြားချက် 5 ခု
ရေဆင်း ၈ ကုလားပဲမျိုးဘယ်မှာဝယ်လို့ရမလဲဗျ။မကွေးတိုင်းစလင်းမြို့ကပါ။
ဖြေကြားချက် 1 ခု
ပဲမြစ်ဖုဇီဝမြေသြဇာ က မတ်ပဲနဲ့ပဲတီစိမ်းမှာပဲ သုံးလို့ရတာလား၊အခြားပဲမျိုးရင်းဝင်တွေဖြစ်တဲ့ ကုလားပဲမှာရောသုံးလို့...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။