အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · ခရမ်း

မဂ်လာပါဗျ မေးချင်တာရှိပါတယ် မြေဆွေးလုပ်ထားပါတယ် EM တင်လဲရည် ဖွဲနု နွားချေး ကောက်ရိုး ဝါးရွက်ခြောက် ပလစတစ်နဲ...

မဂ်လာပါဗျ မေးချင်တာရှိပါတယ် မြေဆွေးလုပ်ထားပါတယ် EM တင်လဲရည် ဖွဲနု နွားချေး ကောက်ရိုး ဝါးရွက်ခြောက် ပလစတစ်နဲအုပ်ထားတာပါ တစ်လပြည့်ပီ အထက်အောက်လှန်ထားသေးတယ် မဆွေးသေးပဲ မဲနေတာတွေ့ရတယ် ဘယ်လောက်ထပ်စောင့်ရမလဲ ဘာလိုသေးလို့လဲဗျာ မဆွေးဘူး အမှုန့်မရဘူး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မြေဆီလွှာ ပဲတီစိမ်း မြေဆွေးပြုလုပ်နည်းများ

ဖြေကြားချက် ၂ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

ကျွန်တော် ဝါးရွက်ခြောက်ကြီးကိုပဲ ဖွဲနုရည် နေစဥ်လောင်းပေးပြီး မြေဆွေးပုံလုပ်ဖူးပါခင်ဗျာ။ ၁ လမာ စဆေးမြေ့ပြီး ၂လအကြာ၌ ကောင်းစွာဆွေးမြေသော ဝါးရွက်သီးသန့်မြေသြဇာကို ပြုလုပ်ဖူးပါတယ်။ အခုဟာကနွားချေး၊ ဖွဲနု၊ တင်လဲရည် ကဲ့သို့သော အဆွေးမြန်စေသော အကူပစ္စည်းများ ထည့်ပါလျက် မဆွေးတာက ဘာကြောင့်လဲ အဖြေရာနိုင်အောင် ပြုလုပ်ခဲ့ပုံ အသေးစိတ်လေး ပြောပြပေးပါခင်ဗျာ။

193,301 လွန်ခဲ့သော ၄ နှစ် က

ကိုယ်ပုံတဲ့ ပစ္စည်းတွေရယ်၊ အဲ့ပစ္စည်းတွေရဲ့ အရွယ်အစားတွေပေါ်မှာ မူတည်ပြီးတော့ (၁) လကနေ (၁၂) လအထိကြာနိုင်ပါတယ်။ မြေဆွေးပုံက ကောင်းကောင်းဆွေးပြီဆိုရင်တော့ အောက်မှာပြောထားတဲ့အချက်အလက်တွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ၁) စစချင်းပုံထားတဲ့ အပုံအရွယ်အစားကနေ ထက်ဝက်လောက်ပဲ ကျန်တော့တဲ့အချိန်ဆိုရင်တော့ မြေဆွေးက ကောင်းကောင်းဆွေးနေတယ်ဆိုတာကို တွေ့ရမှာပါ။ ၂) စစချင်းထည့်ထားတဲ့ ဂေါ်ဖီဖတ်တွေဆိုတာကို ဂေါ်ဖီထုတ်မှန်းမသိတော့တဲ့အခြေအနေ ဖြစ်သွားတယ်။ ဘာထည့်လို့ထည့်ထားမှန် မသိရတော့ဘူးဆိုရင်တော့ မြေဆွေးက ကောင်းကောင်းဆွေးနေတယ်လို့ ယူဆနိုင်ပါတယ်။ ၃) အပူချိန်ကလည်း ထပ်ပြီးတော့ မတက်လာတော့ဘူး။ ငြိမ်သွားတယ်ဆိုရင်တော့ အပူချိန်ကလည်း မကစားတော့ဘူးဆိုရင်တော့ မြေဆွေးက ကောင်းနေပါပြီ ၄) နောက်ပြီးတော့ မြေဆွေးအရောင်က မဲပြီးတော့ တကယ့်ကိုမြေကြီးနံ့ပဲ ထွက်နေတယ်ဆိုရင် မြေဆွေးအဖြစ် အသုံးချလို့ရတဲ့အခြေအနေဖြစ်ပါတယ်။ တကယ်လို့များ မြေဆွေးက ကောင်းကောင်းမဆွေးသေးဘူးဆိုရင်တော့ လုပ်ပေးသင့်တာ လုပ်ပေးရမယ်။ အချိန်ထပ်ထားလိုက်တာကိုပြောတာပါ။ ကျန်တာတော့ မဟုတ်ပါဘူး၊ ရေလောင်းပေးမယ် အရမ်းမစိုအောင်လောင်းပေးပြီး နောက်ထပ်ထားလိုက်တာပါပဲ။ စစချင်းသုံးမယ်ဆိုရင် မကျေပျက်နိုင်တဲ့အရာတွေ ပြောင်းရိုးလိုမျိုးတွေက ပါနိုင်ပါသေးတယ်။ အဲ့ဒါတွေကိုကျတော့ ကွင်းထဲကို ဒီတိုင်းမထည့်လိုက်ပဲနဲ့ ဇကာနဲ့စစ်ထားဖို့ လိုပါလိမ့်မယ်။ ကောင်းကောင်းဆွေးတဲ့ မြေဆွေးတွေကိုပဲ ယူလိုက်တာကတော့ အကောင်းဆုံးပါ။ ဖယ်ထားတဲ့အရာတွေကိုတော့ နောက်ထပ်မြေဆွေးလုပ်တဲ့အချိန်မှာ ပြန်ပြီးတော့သုံးလိုက်ရင် အကောင်းဆုံးဖြစ်ပါတယ်။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အိုးထဲကို မြေဆွေးလေးထည့် မုန်လာဥဖြူကို အစေ့ဖြစ်ဖြစ်၊ တစ်ခြား အပင်ပေါက်နိုင်တဲ့ အစိတ်အပိုင်းဖြစ်ဖြစ် ထည့်စိုက်ထားလိုက်၊ ၄ ပင်မှာ ၃ ပင်ပေါက်လာတယ်ဆိုရင် မြေဆွေးက ကောင်းကောင်းကိုဆွေးလာပြီလို့ သက်သေပြလို့ရပါတယ်။ ဒါမျိုးက တောင်သူတွေက လုပ်တော့မလုပ်ကြည့်ကြပါဘူး။ လုပ်ကြည့်လိုက်ရင်တော့ သေချာတာကို သိရတာပေါ့။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။