အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
870
လွန်ခဲ့သော ၄ နှစ် က · စဉ့်ကူး

ဟင်းသီးဟင်းရွက် စိုက်ပျိုး မှု တစ်ဧက ကုန်ကျ စရိတ်လေး ဖြေ ပေးကြပါအုန်း

စိုက်ပျိုးစီးပွား ပန်းဂေါ်ဖီ

ဖြေကြားချက် ၃ ခု

696 လွန်ခဲ့သော ၄ နှစ် က

ပန်းဂေါ်ဖီစိုက်မယ်ဆိုပါက ကုန်ကျစရိတ် ယခုကာလပေါက်ဈေးအရ ၅-၁၀သိန်းကြာကုန်ကျနိုင်ပါတယ်။

696 လွန်ခဲ့သော ၄ နှစ် က

ဟင်းသီးဟင်းရွက်စိုက်ပျိုးမယ်ဆိုပါက ပထမဆုံး စဉ်းစားရမှာက ဈေးကွက် ပဲဖြစ်ပါတယ်။ ဈေးကွက်ရှိရင် ဘယ်လောက်စိုက်စိုက် အဆင်ပြေပေမဲ့ ဈေးကွက်အားနည်းပါက သီးနှံပျက်ဆီးဆုံးရှုံးနိုင်ချေရှိပါတယ်။ နောက်တစ်ချက်က မည်သည့်သီးနှံစိုက်မည်ဆိုတာပါပဲ။ ဒါ့အပြင် မြေက ကိုယ်ပိုင်လား ၊ငှားပြီးစိုက်မှာလား၊ သီးနှံမျိုးစေ့ ဈေးနှုန်း၊ သွင်းအားစုအားလူံးကို လေ့လာပြီးမှသာ စိုက်ပျိုးရန်ကုန်ကျစရိတ်ထွက်မှာဖြစ်ပါတယ်။ အလွယ်ပြော၍ မရပါ။

260,000 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ ကုန်ကျစရိတ်က စိုက်စနစ်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ပြီးတော့ ဒီမေးခွန်းကို အတွေ့အကြုံရိ တောင်သူတွေ ဖြေပေးရင် ပိုကောင်းပါလိမ့်မယ်ခင်ဗျာ။ ဟင်းသီးဟင်းရွက်အမည်လေးလဲ ဖော်ပြပေးပါခင်ဗျာ။ အဆင်ပြေပါစေ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။