အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
238
လွန်ခဲ့သော ၄ နှစ် က · ရေဖြူ

) အသားတိုးဝက် ရွေးချယ်ခြင်း၊ (၂) မျိုးဝက်မ ရွေးချယ်ခြင်း၊ (၃) မျိုးဝက်သိုး ရွေးချယ်ခြင်းဟူ၍ ရှိကြပါတယ်။ (၁)အ...

) အသားတိုးဝက် ရွေးချယ်ခြင်း၊ (၂) မျိုးဝက်မ ရွေးချယ်ခြင်း၊ (၃) မျိုးဝက်သိုး ရွေးချယ်ခြင်းဟူ၍ ရှိကြပါတယ်။ (၁)အသားတိုးဝက် ရွေးချယ်ရာတွင်- တုတ်ခိုင်ပြီး အသားများခြင်း၊ အလျားရှည်ပြီး ဒေါင်ကောင်းခြင်း၊ တင်ပါးနှင့် ပုခုံးများတွင် အသားများပြည့်ဖြိုးခြင်း၊ - အရိုးအဆစ်ကြီးထွားသန်မာပြီး သွားလာလှုပ်ရှားမှုသွက်ခြင်း၊ ရင်အုပ်ကျယ်၍ ခန္ဓာကိုယ်ဇောက်နက်ခြင်း၊ အစာစားနှုန်း ကောင်းခြင်း၊ မျိုးရိုးရာဇဝင်ကောင်းခြင်း၊(ဥပမာ-ကြီးထွားနှုန်းကောင်းခြင်း)တို့ ရှိရပါမည်။ (၂)မျိုးဝက်မရွေးချယ်ရာတွင် - - ဝလွန်း၊ပိန်လွန်းခြင်း မရှိဘဲ အလျားရှည်ခြင်း၊ ဗျက်ကျယ်ခြင်းနှင့် ကိုယ်ခန္ဓာပုံစံကျနပြီး ကြွက်သားများသန်မာခြင်း၊ - နို့တိုင်အရေအတွက်သည် အနည်းဆုံး(၁၂)တိုင်ရှိပြီး အကွာအဝေးတူညီခြင်း၊ - သားပေါက်နှုန်းမှာ (၁၀)ကောင်မှ(၁၂)ကောင်ရှိပြီးသားပေါက်အရွယ် တူညီခြင်း၊ - သားထိန်းကောင်းမွန်ခြင်း၊ - လိင်အင်္ဂါပိုင်းဆိုင်ရာ(အမတန်ဆာ)ကောင်းမွန်စွာဖွံ့ဖြိုးခြင်း၊ - ကိုယ်ခန္ဓာအချိုးအစားနှင့် အလေးချိန်ကြီးမားသဖြင့် ခြေထောက်များသန်မာခြင်းတို့ ရှိရပါမည်။ (၃) မျိုးဝက်သိုး ရွေးချယ်ရာတွင် - - ပြင်ပအသွင်အပြင်များအရ ဝက်သိုးအင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိခြင်း၊ - ဝလွန်းခြင်း၊ပိန်လွန်းခြင်း မရှိဘဲ သန်မာပြီး ကြွက်သားများကျစ်လစ်မှုရှိခြင်း၊ - ပေါင်ရိုးရှည်၍ ဒူးအောက်ပိုင်းအရိုးသည် ကြီးမား၍တိုခြင်း၊ - ဖျတ်လတ်မှုရှိခြင်း၊ - စိတ်ပိုင်းဆိုင်ရာ အသွင်အပြင်များဖြစ်သည့် ယဉ်ပါးလွယ်ခြင်း၊အမိန့်နာခံခြင်း စသည့် လက္ခဏာများရှိခြင်း၊ လိင်အင်္ဂါပိုင်းဆိုင်ရာ(အထီးတန်ဆာ)ကောင်းမွန်စွာဖွံ့ဖြိုးခြင်း(ပထမဦးဆုံး သားတင်သောအသက်သည် (၈)လ ရှိရပါမည်။) ဒီတော့ မျိုးအကောင်းဆုံးဝက်တွေကို ရွေးချယ်ဝယ်ယူနိုင်ပြီး စီးပွားဖြစ်နိုင်ကြပါစေ။ (ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

မွေးမြူနည်း ဝက်
Post image

ဖြေကြားချက် ၄ ခု

4,992 လွန်ခဲ့သော ၄ နှစ် က
232 လွန်ခဲ့သော ၄ နှစ် က
လွန်ခဲ့သော ၄ နှစ် က
လွန်ခဲ့သော ၄ နှစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။