ဖြေကြားချက် ၂ ခု
ဟုတ်ကဲ့အခုလိုရှင်းပြ ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ
''အာဆီယံသပြေစိုက်မယ်ဆိုရင် ပထမဦးဆုံး ထယ်ရေးကောင်းကောင်း ပြင် ဆင်ရတယ်။ ပြီးမှ ကြိုးတန်း တန်းကာ တစ်ပင်နဲ့တစ်ပင် ကို နှစ်တောင်လောက်ခြားပြီး အတန်းလိုက်စိုက်ရတယ်။ ပေါင်နှစ်ပေါင် အပင်တန်း တစ်တန်းစီ အကွာအဝေးကို သုံးတောင်ခန့် ခွာထားရတယ်။ ကြားပေါင်းဝင်ရင် လွယ်ကူအောင် ပြုလုပ်ခြင်း ဖြစ်ပြီး ပေါင်းရှင်းရာတွင် ဘွန်းဒေါင်းစက်ကို အသုံးပြုပြီး တွင်ကျယ်အောင် ပြုလုပ်တယ်။ စက်စွမ်းအားသုံးတော့ လူသက်သာတာတယ်။ အာဆီယံသပြေက အကြမ်းခံတယ်။ ရေဝပ်တာလည်းခံတယ်။ တစ်ဧကကို အာဆီယံ သပြေပျိုးပင် ပေါင်း ၈ဝဝဝ၊ ၉ဝဝဝ အထိ စိုက်ပျိုးလေ့ရှိတယ်။ ပျိုးပင်တွေကို ပျိုးပင်အရောင်း ဆိုင်များကနေ သီးသန့်မှာ ယူကြရတယ်။ တစ်ပင်ကို ငွေ ၃ဝဝ ကနေ ၁ဝဝဝ တန်အထိ အပင်အကြီးအသေးပေါ် မှုတည်ပြီး ဈေးပေးရတယ်။ ရေကတော့ မိုးဝေးရင် တစ်လကို နှစ်ကြိမ်လောင်းပေးရတယ်။ အာဆီယံသပြေက စိုက်ပြီးတစ်နှစ် ခွဲလောက်ကစပြီး ပန်းဖြတ်ရတယ်။ ပြုစု မှုကောင်းရင် ကောင်းသလို စောစောပန်းဖြတ်ရလေ့ ရှိတယ်။ အာဆီယံ သပြေက နှစ်ရှည်ပင်ဖြစ်ပြီး တစ်ခါစိုက်ပြီးတာနဲ့ ပေါင်းရှင်းပေး၊ ရေ တင်ပေး၊ မြေသြဇာ ကျွေးပေးနေရုံနဲ့ အလွယ်တကူ ဝင်ငွေရနေတတ်တယ်။ အပင်ကို ပိုးသတ်ဆေးနဲ့ အပင်အားဆေးပက်ဖျန်းရင် ပိုကောင်းပြီး ပိုးကျမှု နည်းပါတယ်။ တစ်ခါပန်းဖြတ်ရင် ငွေငါးသိန်းကနေ ရှစ်သိန်းအထိ ရတယ်။ 'တစ်ခါပန်းဖြတ်ပြီးတာနဲ့ နှစ်လလောက်အတက် မွေးယူရတယ်။ အာဆီယံသပြေကို အချိန်မလွန်ခင်ဖြတ်လှီးကြရတယ်။ ပန်းခက် တစ်တောင် နီးနီးရှိတဲ့အချိန် ပန်းရောင် အညွန့်တွေ လှိုင်လှိုင်ဝေနေတဲ့အချိန်ကို ဖြတ်ကြ ရတယ်။ အညွှန့်လှိုင်ချိန် မဖြတ်ရင် အရွက်ရင့်ပြီး စိမ်းသွားတတ်တယ်။ ပန်းလက်တွင်း တစ်ဆုပ်အစည်း တစ်စည်းကို ငွေကျပ်ဖောက်သည်ဈေး ၅ဝဝ ရောင်းတယ်။ ပြန်ရောင်းတဲ့ သူတွေကတော့ အစည်းကို ပြင်စည်း ပြီး ငွေကျပ် ၁ဝဝဝ လောက်ရအောင် ခွဲလိုက်တဲ့အတွက် စိုက် သူရော၊ ရောင်းသူပါ အလုပ်ဖြစ်တဲ့ အပင် ဖြစ်တယ်။ အပတ်စဉ် ပန်းကိုအဆက်မပြတ် ဖြတ်ပေးနိုင်ဖို့ လိုပါတယ်။ Ye Naing Win facebookမှပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ https://www.facebook.com/search/str/%E1%80%9E%E1%80%B1%E1%80%BB%E1%80%95%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BA%E1%80%AD%E1%80%AF%E1%80%B8/keywords_search
ဆက်စပ်မေးခွန်းများ
ဘာဖြစ်တာလဲ ဘာဆေးဖျန်းရင်ရမလဲ မုန်တိုင်ပင်ပါ
ဖြေကြားချက် 1 ခု
ဘာဆေးဖျန်းရမလဲဗျ မုန်တိုင်ပင်ပါ
ဖြေကြားချက် 1 ခု
အာဆီယံသပြေမျိုးပွားနည်းလေးးသိခြင်လို့ပါ
ဖြေကြားချက် 2 ခု
သပြေညွန့်တွေအကွက်ထပြီးခြောက်ခြောက်သွားလို့ပါ ဘာဆေးဖျန်းရမှာလဲဗျ(အာစီသပြေပန်း)
ဖြေကြားချက် 2 ခု
အာဆီယံသပြေ စိုက်ပျိုးပြုစုနည်းလေး အကြောင်းသိချင်လို့ပါဗျ
ဖြေကြားချက် 1 ခု