ဝက်မများမွေးရခက်ခြင်း (Dystocia case ) ဒီမွေးရခက်ခြင်းပြသနာက်ု ဝက်မဒါန်းတွေရော ဝက်မကြီးတွေပါကြုံရလေ့ရှိပါတယ်...
ဝက်မများမွေးရခက်ခြင်း (Dystocia case ) ဒီမွေးရခက်ခြင်းပြသနာက်ု ဝက်မဒါန်းတွေရော ဝက်မကြီးတွေပါကြုံရလေ့ရှိပါတယ် သားအိမ်ညှစ်အားမရှိတာ ကလေးကကအရွယ်အစားကြီးလွန်းနေတာ ဝက်မဒါန်းမအေကသေးလွန်းနေတာ ခြံပိုင်ရှင်ရဲ့မွေးမြူရေးစီမံမူညံ့တာတွေကြောင့်ဖြစ်လေ့ရှိကျပါတယ်။ ဝက်မကစတင်ညှစ်ပြီး၁နာရီကျော်တဲ့အထိကလေးမထွက်လာရင်၊တစ်ကောင်နဲ့တစ်ကောင်ကြားနာရီဝက်ထက်ပိုကြာနေပြီဆိုရင်တော့ဒါကို Dystocia case လို့သတ်မှတ်ပါတယ်။ပုံမှန်အားဖြင့်ဝက်မတွေဟာသားတင်ပြီး၁၁၁ရက်ကနေ၁၁၅ရက်အတွင်းသားပေါက်လေ့ရှိကျပြီးစုစုပေါင်းသားမွေးချိန်၃-၈နာရီကြာလေ့ရှိပါတယ် မွေးပြီး၁-၄နာရီအတွင်းအချဉ်းကျပါတယ် ကလေးတစ်ကောင်နဲ့တစ်ကောင်ကြား၁၅မိနစ်လောက်သာကြာပါတယ် ။ အဲ့လိုမဟုတ်ဘဲသားပေါက်ချိန်မှာ သားအိမ်ခေါင်းမပွင့်တာ၊သားအိမ်ကလိမ်နေတာ၊ကလေးအသေကသားအိမ်ခေါင်းဝမှာပိတ်နေတာ ၊ကလေးကကြီးလွန်းပြီးမအေမညှစ်နိုင် ကလေးမထွက်နိုင်တာ ၊သားခြောက်ကလေးကရှေ့မှာပိတ်နေတာ ၊မအေကမမွေးခင်ကတည်းကနေမကောင်းဖြစ်နေတာမျိုးတွေကြောင့် မွေးရခက်တဲ့ပြသနာတက်ပါတယ်။တစ်ချို့လူကြောက်တတ်တာ ဆူညံသံကြောက်တတ်တဲ့ဝက်မတွေလည်းမွေးရခက်တတ်ပါတယ်။ ဒါ့ကြောင့်ဝက်မမွေးချိန်မှာဆူညံနေလို့မရပါဘူး။ တစ်ခါတစ်လေဝက်ကလေး၂ကောင်တစ်ပြိုက်နက်တိုးထွက်ရင်လညါးမွေးရခက်တဲါပြသနာတွေကြုံရဘူးပါတယ်။အဝလွန် အပိန်လွန်နေတဲ့ဝက်မတွေလည်းမွေးရခက်လေ့ရှိပါတယ် ကလေးအသေမွေးတတ်ပါတယ် ဝက်မကပိန်လွန်းနေရင်ကလေးမွေးဘို့စွမ်းအင်အလုံအလောက်မရှိလို့မညှစ်နိုင်ဘဲမွေးရခက်တတ်ပါတယ် မွေးလာပြန်တော့ကလေးတွေက အလေးချိန်မပြည့်ဘဲရှင်သန်နိုင်စွမ်းနဲကျပါတယ် ။ ဒါ့ကြောင့်ဝက်မတွေကိုယ်ဝန်ဆောင်ချိန်မှာ အစာပိုကျွေးခြင်း (Over feeding )လျှော့ကျွေးလွန်းခြင်း(Under Feeding) မျိုးမဖြစ်စေဘဲ မပိုလွန်း မလျော့လွန်း အစကျွေးခြင်း (Optima Feeding )မျိုး ကိုဝက်မရဲ့ခန္ဓာကိုယ် စံညွှန်းကိန်း (Body Condition Score BCS) အလိုက်ကျွေးတတ်ဖို့လိုပါတယ် ။ ဝက်မဒါန်းတွေကိုအသက်၈လအောက် နဲ့ကိုယ်အလေးချိန်မပြည့်ဘဲသားစပ်ခြင်းတွေက မွေးလမ်းကြောင်းကျဉ်းပြီးမွေးရခက်စေတတ်တဲ့အတွက် သတိထားဖို့လိုပါတယ် ။ သားပေါက်များတဲ့ဝက်မကြီးတွေကျပြန်တော့ ၄သားပေါက်ပြီးရင်မွေးရခက်တဲ့ပြသနာပြန်ရှိတတ်တဲ့အတွက် ဂရုစိုက်ပေးရပါမယ်၊ကိုယ်ဝန်ဆောင်ဝက်မတွေ ရေသောက်နှုန်းကောင်းဘ်ု့ဂရုစိုက်ရပါမယ်။ ရေသောက်နှုန်းကျနေတာကိုသတိပြုမိရင်လူကိုယ်တိုင်ကတစ်နေ့နှစ်ကြိမ်ဂရုတစ်စိုက်ရေတိုက်ပေးရပါမယ်။ ရေထဲကိုအနံ့အရသာတစ်ခုခုရောတိုက်ရင်ရေသောက်နှုန်းတက်လေ့ရှိပါတယ် ၊မွေးကာနီးရက်တွေမှာဝမ်းမချုပ်အောင်ဂရုစိုက်ပြီးအစာကျွေးသင့်ပါတယ်။ ဒါမှကလေးအသေမွေးနှုန်းလျှော့ချနိုင်မှာပါ ၊ဖြစ်နိုင်ရင်မွေးခန်းရဲ့အပူချိန်က်ု ၂၁ဒီဂရီစင်တီဂရိတ်လောက်မှာရှိနေအောင်လုပ်ပေးနိုင်ရင်ပိုကောင်းပါတယ် ဝက်မတစ်ကောင်မီးဖွားဘ်ု့အေးပြီးတိတ်ဆိတ်တဲ့ပါတ်ဝန်းကျင်ရှိဘ်ု့လိုပါတယ် ဒါ့ကြောင့်လည်းဝက်မတွေဟာညပိုင်းမှာပိုပေါက်လေ့ရှိပါတယ်။ မွေးရခက်တဲ့ပြသနာကြောင့်ဝက်ကလေးတွေအသက်ရှူကျပ်သေတတ်သလို မွေးချိန်ကြာတဲ့ဝက်မကြီးတွေလည်း မွေးလမ်းကြောင်း ပိုးဝင်တာ သွေးစိပ်တက်သေတာနှလုံးညှစ်အားလျော့ပြီး သေတာတွေကြုံရလေ့ရှိပါတယ် ၊အကယ်၍မွေးရခက်နေရင် Oxytocin 0.5cc လောက်ပေးလို့ရပါတယ်(တစ်ခါတည်း၁၀ငငလောက်ပေးတတ်တဲ့ မွေးသမားတွေကရယ်ကျပြန်အုံးမယ် (ဒါကနောက်မှရှင်းပြတော့မယ်)မဖြစ်မနေနှိုက်မွေးရတော့မယ်ဆိုရင်လဲ လက်ကိုပိုးသတ်ပါ ဝက်မကြီးရောဂါပိုးဝင်ခြင်းကကာကွယ်နိုင်အောင် (Penecillin , streptomycin , Tetracycline) စတဲ့ပိုးသတ်ဆေးတွေအရင်ထိုးပေးသင့်ပါတယ် ။ ဘယ်လ်ုမှမွေးမရရင်တော့ CS (Caesarean Section ) ဗိုက်ခွဲမွေးပါလို့အကြုံပြုလိုက်ရပါတယ်