အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · တွံတေး

နွားခြေး EMဖြစ် အော်ဂဲနစ် မြေဩဇာပြုလုပ်နည်းသိချင်ပါသည်

မြေဆီလွှာ စပါး သဘာဝမြေဩဇာ

ဖြေကြားချက် ၂ ခု

4,486 လွန်ခဲ့သော ၄ နှစ် က

နွားချေး၊ သစ်ရွက်ခြောက်/ မြက်ခြောက်များ၊ စပါးခွံပြာ၊ ဖွဲနု၊ အီးအမ်၊ သကာရည် တို့ဖြင့် ဖော်စပ်နိုင်ပါသည်။ ၄ပေ×၃ပေ×၃ပေ သေတ္တာ တစ်လုံးတွင် ပထမဦးစွာ ဖွဲပြာ ၂လက်မအထူရအောင်ထည့်ပါ။ ထို့နောက်သစ်ရွက်ခြောက်/မြက်ခြောက်များ သုံးလက်မခန့်၊ နွားချေး၂လက်မခန့်ထည့်ပြီး သိပ်သည်းအောင် ခြေဖြင့်နင်းပါ။ ထို့နောက် ဖွဲနု နို့ဆီဘူး၂ဘူးခန့် နှံ့စပ်အောင်ဖြူးပါ။ ထို့နောက် EM ,အပြင်း၁ဆ၊ သကာရည်၁ဆ၊ ရေ၉၈ဆရောစပ်၍ ပန်းကရားဖြင့် တစ်ပုံးနှံစပ်အောင်လောင်းပါ။ ထိုသို့အစဉ်အတိုင်း တလွှာပြီးတလွှာထည့်ပါ။ ပုံးပြည့်လျှင် အပေါ်ဆုံးမှ စပါးခွံပြာ ၄လက်မခန့် ဖုံးအုပ်ပါ။ ထို့နောက် မြေဆွေးပုံအား ပလပ်စတစ်စဖြင့် လုံအောင်ဖုံးအုပ်ထားပါ။ သုံးရက်အကြာတွင် မြေဆွေးပုံသည် ပူနွေးလာပါမည်။ ပလပ်စတစ်စအား မလှပ်ပါနှင့်။ ရက်နှစ်ဆယ်ကြာလျှင် သေတ္တာကိုဖယ်ရှားပြီး ‌ေမြဆွေးပံုကို ပေါက်တူးဖြင့် မွှေနှောက်ပြ္ီး ခြောက်သွေ့နေ လျှင် ရေအနည်ငယ်ဖျန်းပေးပါ။ ပလပ်စတစ်စဖြင့် ပြန်အုပ်ထားပါ။ တစ်လကျော်လျှင် သုံးစွဲရန် အသင့်ဖြစ်ပါပြီ။ အီးအမ်ဘူကာရှီမြေဩဇာသည် ကောင်းစွာမဆွေးမြေ့သော်မှ အကျိုးပြုအနုဇီဝပိုးများ မွေးမြူထားသော ပွားစာဖြစ်သဖြင့် ထည့်သွင်းသောစိုက်ပျိုးမြေကို မြေဩဇာထက်သန်စေပါသည်။ စိုက်ပျိုးမြေတဧကလျှင် ဘူကာချီမြေဩဇာ တစ်တန်နှုန်း ထည့်သွင်းရပါမည် ။

193,301 လွန်ခဲ့သော ၄ နှစ် က

နွားချေး - နွားသေး - မြေကြီးဖျော်ရည် (IMO) ညာဘက်ထောင့် အပေါ်ဆုံးရှိ မှန်ဘီလူးလေးမှာ နွားချေး၊ ဒါမှမဟုတ် သဘာဝမြေဩဇာလို့ ရိုက်ထည့်ရင်လည်း ဆောင်းပါးတွေအများကြီး ကျလာပါတယ်။ ကြိုက်နှစ်သက်ရာကို ဝင်ဖတ်လို့ရတယ်ရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။