အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
761
လွန်ခဲ့သော ၄ နှစ် က · ပင်းတယ

သရက်ပင်တွေအမြဲတွေ့ရတတ်သည့် သီးနှံဖျက်ပိုး ပိုးစေးနှဲအန္တရာယ် ကြိုတင်ကာကွယ်နည်းလမ်းများရှိရင် မျှဝေပေးပါအုံး။...

သရက်ပင်တွေအမြဲတွေ့ရတတ်သည့် သီးနှံဖျက်ပိုး ပိုးစေးနှဲအန္တရာယ် ကြိုတင်ကာကွယ်နည်းလမ်းများရှိရင် မျှဝေပေးပါအုံး။ ပိုးစေးနှဲကြောင့် ဒီနှစ်အသီပျက်များပါတယ်။ တောင်ပေါ်ဒေသကပါ

ပိုးမွှားရောဂါ သရက်

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

♥ မင်းသော်ကသစ်သား (၃) ကျပ်သားကို တောက်တောက်စင်း၍ ရေ (၁) လီတာဖြင့် တစ်နာရီကြာပြုတ်ပါ။ ပြုတ်ရည်ထဲသို့ ဆေးရွက်ကြီးစီးကရက် တစ်ဝက်စာရောထည့်ပြီး (၂၄) နာရီ စိမ်ထားပါ။ ထို့နောက်ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ရရှိလာသော စစ်ကျရည်ကို ဆပ်ပြာမှုန့် (၆) ကျပ်သားနှင့် ရေ(၆) လီတာဖျော်စပ်ထားသော ဆပ်ပြာရည်ဖြင့် ထပ်မံရောစပ်ပါ။ အရက်ပျံအနည်းငယ်ထပ်မံ ရောစပ်ပြီး ပိုးစေးနှဲများကျရောက်နေသော အပင်များကို ပက်ဖျန်းပါ။ ♥ ရေ (၁ဝ) လီတာတွင် တမာဆီ (၁၀၀) မီလီလီတာ နှုန်းထည့်ပြီး ပိုးစေးနှဲကျရောက်နေသော အပင် များကို ပက်ဖျန်းပါ။ ♥ လက်ဖက်ဆီဖြင့်ပြုလုပ်ထားသော ဆပ်ပြာတစ်ဆလျှင် ရေအဆ (၁၀၀) ရောစပ်သမကာ ပက် ဖျန်းပေးပါ။

540 လွန်ခဲ့သော ၉ လ က

ဒီအဖူးအရွယ်မှာဆရာပြထားတယ့်ဓါတုဆေးဖျန်းလို့ရလား

540 လွန်ခဲ့သော ၉ လ က
အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

ဓာတုဆေးအနေဖြင့် Thiamethoxam,Abamectin, Deltamethrin,Acephate ,Alphacypermethrin. တို့ကို အသုံးပြုနိူင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။