အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
121
လွန်ခဲ့သော ၄ နှစ် က · ဖြူး

ရိုးရိုးစပါးမျိုးစိုက်တာနဲ့ စိုက်ပျိုးရေးရုံးကထုတ်တဲ့(ရုံးထုတ်စပါး) စိုက်တာ ဘယ်လို ကွာပါလဲဗျာ။ ပြီးတော့ ရုံး...

ရိုးရိုးစပါးမျိုးစိုက်တာနဲ့ စိုက်ပျိုးရေးရုံးကထုတ်တဲ့(ရုံးထုတ်စပါး) စိုက်တာ ဘယ်လို ကွာပါလဲဗျာ။ ပြီးတော့ ရုံးထုတ်စပါးကိုစိုက်ပျိုးရင် ဘယ်လိုအကျိုးခံစားခွင့်တွေရလဲ သိချင်ပါတယ်။

စိုက်ပျိုးနည်း စပါး စပါးမျိုးသန့်ထုတ်ခြင်း

ဖြေကြားချက် ၂ ခု

522 လွန်ခဲ့သော ၄ နှစ် က

ကွာခြားမှုနဲ့ အကျိုးကျေးဇူးအားဖြင့် -မျိုးသန့်တဲ့ အတွက်ကြောင့် ပျိုးပင်ပေါက်ညီညာခြင်း ကြောင့် ( မျိုးစေ့ကုန်ကျမှု စရိတ်သက်သာခြင်း၊ ပေါင်းကို အချိန်နှင့် တစ်ပြေးညီ နှိပ်နင်းနိုင်ရန် အခွင့်ကောင်းသာခြင်းနှင့် မြေဩဇာကျွေးရာတွင် ထိရောက်ခြင်းကြောင့် အထွက်နှုန်း တိုးခြင်း၊ မျိုးစေ့ဆောင် ရောဂါများကို ကာကွယ်ပြီးဖြစ်ခြင်း စသဖြင့်) ရရှိနိုင်ပါတယ်။ သို့ပေမယ့် ဖြန့်ဖြူးပေးသူက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်။ ကျေးဇူးတင်ပါတယ်။

116 လွန်ခဲ့သော ၄ နှစ် က

အောင်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။