အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · ဘားအံ

biosecurity အတွက် ပထမအဆင့် ခြံအဝင် ရေကန် နှင့် ဆေးဖြန်းခြင်း အဆင့်အတွက် လိုအပ်သောအချက်အလက်များကို သိလိုပါတယ် အ...

biosecurity အတွက် ပထမအဆင့် ခြံအဝင် ရေကန် နှင့် ဆေးဖြန်းခြင်း အဆင့်အတွက် လိုအပ်သောအချက်အလက်များကို သိလိုပါတယ် အဓိကအားဖြင့် water tunnel တွင် မည့်သည့် ပိုးသတ်ဆေး အမျိုးအစား သုံးသင့် တာ sprayer တွင် ဘယ်လို အမျိုးအစား ဆိုတာမျိုး သိလိုပါတယ်

ဇီဝလုံခြုံရေး ဆိတ်
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က

ဇီ၀လုံခြုံမှု(Biosecurity) ဇီဝ လုံခြုံမှု့ဆိုတာကို အရိုးရှင်းဆုံးနားလည်အောင်ပြောပြရရင် မိမိခြံ သို့မဟုတ် မိမိရဲ့ မွေးမြူရေးလုပ်ငန်းခွင် ပတ်ပတ်လည်ကို မျက်စိနဲ့မမြင်နိူင်တဲ့ virus/bactreiaစတဲ့ ရောဂါပိုးမွှားတွေကို ကူးစက်ဝင်ရောက်မလာနိူင်အောင် တားစီးရမည့် နည်းစနစ်တွေလို့ အဓိပ္ပယ်ရပါတယ် ဒါကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့စိတ်ချလက်ချဆောင်ရွက်နိုင် ကြဖို့ဆိုရင် ဇီဝလုံခြုံမှု့Biosecurity ဆိုတဲ့ အကြောင်းအရာကို မွေးမြူရေလုပ်ငန်းရှင်တွေ အနေနဲ့ ကောင်းကောင်းကြီးနားလည်ထားပြီး လက်တွေ့ကျင့်ကြံ ဆောင်ရွက်ကြဖို့ တစ်ကယ်ကိုအရေးကြီးလှပါတယ် ရောဂါပိုမွှားတွေဆိုတာက အလွန်သေးငယ်လှပါတယ်သာမန်မျက်စိနဲ့လည်း မမြင်နိုင်ပါဘူး…တချို့ရောဂါပိုးတွေဟာ လေထဲမှာတောင် လွင့်ပျံမျောပါနိုင်ကြပါတယ်. . . . . . . . . . . ဒီရောဂါပိုးတွေဟာ ကိုယ်မွေးမြူထားတဲ့ မွေးမြူရေးတိရစ္ဆာန်တွေဆီကို ကုန်းလမ်း ရေလမ်း လေကြောင်းလမ်းစသည်ဖြင့် နည်းမျိုးစုံနဲ့ ၀င်ရောက်လာခဲ့လို့သာ ရောဂါဖြစ်ပွားရခြင်းဖြစ်ပါတယ် အဲ့ဒီတော့ကာ ဒီရောဂါပိုးတွေဟာ မိမိရဲ့မွေးမြူ ရေးခြံအတွင်းကိုရောက်မလာပဲနဲ့တော့ မိမိမွေးမြူထားတဲ့ မွေးမြူရေးတိရစ္ဆာန်တွေလည်း ရောဂါတွေ ဖြစ်လာ မှာ မဟုတ်တော့ဘူး. . . . . . . . . . . . . . ဒါကြောင့်မို့Biosecurity ဆိုတာ…..မိမိရဲ့မွေးမြူရေးခြံထဲကို ရောဂါပိုးတွေရောက်မလာအောင်နည်းစနစ်တကျ ကာကွယ်တားဆီးရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုခေါ်တာပါပဲ အဲ့ဒီတော့ကာ တားဆီးရမည့် လုပ်ငန်းစဉ်တွေကိုမသိခင် ရောဂါပိုးတွေဝင်ရောက်လာမည့် လမ်းကြောင်းကိုလည်း သိဖို့လိုပါလိမ့်မယ် ဒါမှသာ မိမိရဲ့အားနည်းချက်တွေကို မိမိကိုယ်တိုင်ပြုပြင်နိူင်မှာပဲဖြစ်ပါတယ် (၁) ပထမဆုံးအနေနဲ့ ကတော့ လူပါ (မိမိကိုယ်တိုင်ဖြစ်စေ ခြံအလုပ်သမားများမှဖြစ်စေ နောက်ဆုံးခြံကိုကျန်းမာရေးလာကြည့်ပေးတဲ့ ဆရာဝန်တွေဆီကတောင်မှ ရောဂါပိုးမွှားတွေပါလာနိူင်ပါတယ်) (၂) ငှက်တွေကနေတဆင့် ပါလာနိုင်ပါတယ် (၃) ဟိုခြံဒီခြံကူးလူးသွားလာနေကြတဲ့ ကြွက်တွေ ရှဉ့်တွေ အခြားအိမ်မွေး တိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ နွား သိုး ဆိတ် ခွေးတို့ကနေတဆင့်လည်းပါလာနိုင်ပါသေးတယ် (၄) လုပ်ငန်းကိစ္စအမျိုးမျိုးအတွက် ခြံအတွင်း၀င်ရောက်လာရတဲ့ အစာပို့ကား ကြက်ဖမ်းကား ကြက်ပေါက်သယ်ကား၊ဆိုင်ကယ်လိုမျိုးယာဉ်တွေကနေတဆင့်ပါလာနိုင်ပါတယ် (၅)မိမိ ခြံအတွက်လိုအပ်တဲ့တိရစ္ဆာန်အစာအိတ်နဲ့အခြားလုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ ခြံဖြန်းဆေးပုံး အစာခွက် ရေခွက် တံမြက်စည်း ပေါက်တူး မီးကိုင်ပုံး စသည် စသည်ဖြင့်ပါလာနိုင်ပါသေးတယ် ဒါတွေက အကြမ်းဖျင်းအနေနဲ့ပြောပြထားတာပါ ဒီထက်မကပါလာနိူင်တဲ့ လမ်းကြောင်းတွေလည်း အများကြီး ရှိနေနိူင်ပါသေးတယ်. . . . . . . . . . ကိုင်း ဒါဖြင့် Biosecurityကိုနည်းစနစ်တကျဘယ်လိုလိုက်နာကျင့်သုံးမလဲဆိုတော့ အတော်များများသိထားကြပြီးဖြစ်တဲ အခြေခံအချက်အလက်ကလေးတွေကနေစပြောပါမယ် (၁)ခြံအဝင်အထွက်မှာ ထုံးကန် ပိုးသတ်ဆေးကန်ထားပါ (၂)မိမိ ခြံအတွက် ခြံစီးဖိနပ်သီးသန့်ထားပါ (၃)ခြံပတ်ဝန်းကျင် အနည်းဆုံး ခြောက်ပေပတ်လည်ကို သန့်ရှင်းသပ်ရပ်စွာထားပါ (၄)ခြံတက် အဝတ်အစားကို သီးသန့် ထားပါ (၅)ခြံအတွင်း သို့ ပြင်ပလူဝင်ရောက်မည်ဆိုပါက ခြံစီးဖိနပ် စီး ခြံမှသတ်မှတ်ထားသော အဝတ်အစားကိုလဲ၍ထုံးကန် ပိုးသတ်ဆေးကန်ထဲကိုဖြတ်ပြီးမှသာ ဝင်ခိုင်းပါ (၆)မိမိမွေးမြူရေးခြံအတွင်းသို့ အကြောင်းကိစ္စအမျိုးမျိုးဖြင့်လာရောက်သော ကား ဆိုင်ကယ်စသည်တို့ကိုလည်း ပိုးသတ်ဆေး ဖြန်းပြီးမှသာ ဝင်ခွင့်ပြုပါ (၇)အစာအိတ်များကို ကြွက် ရှဉ့် ငှက်စသောတိရစ္ဆာန်များလာရောက်စားသောက်နိူင်ခြင်းမရှိစေရန် အစာအိတ်တင်သောစင်/ အစာအိတ်ဂိုထောင် စသည်ဖြင့် သန့်ရှင်းသပ်ရပ်စွာထားပါ ဒါတွေကတော့ မွေးမြူရေလုပ်ငန်းရှင်တွေအတွက် အခြေခံဇီဝလုံခြုံရေး အကြံပေးချက်မျသာဖြစ်ပါတယ် အမှန်တစ်ကယ် ဇီဝလုံခြုံရေးအတွက်ဆိုရင်တော့ အခြားအခြားသော အဆင့်မြင့် ဇီဝလုံခြုံရေး နည်းစနစ်တွေ ကိုလည် လေ့လာပြီး လိုက်နာကျင့်သုံးနိူင်ပါတယ်. . . . . . . . . . . . ဒါကြောင့် ဇီဝလုံခြုံရေး Biosecurityကို သေချာစွာ လိုက်နာကျင့်သုံးမယ် ဆိုရင် မိမိရဲ့မွေးမြူရေးခြံအတွက် ရောဂါဖြစ်ပွားမူ့ ကိုထိန်းချုပ်နိူင်ခြင်း ဆိုတဲ့ အ ကျိုးကျေးဇှုးကို ပထမဦးစွာ ခံစားရမှာဖြစ်ပါတယ်. . . . . ရောဂါဖြစ်ပွားမူ့ကို ထိန်းချုပ်နိူင်ခဲ့ပြီဆိုပါက ရောဂါပိုးမွှားကင်းစင်တဲ့ တိရစ္ဆာန်တွေကိုမွေးမြူနိူင်မှာဖြစ်ပါတယ်. . . . . . . . . . . . . . ရောဂါပိုးမွားကင်းစင်သော ကျန်းမာသည့် မွေးမြူရေးတိရစ္ဆာန်တွေဟာ အစာစားနူန်းကောင်းမယ် ရေသောက်နူန်းကောင်းမယ် ဝိတ်တက်နူန်းကောင်းမယ် သတ်မှတ်ထားသောစံချိန်စံညွန်းများနှင့် အညီ အစာမှအသားပြောင်းလဲနှုန်း(FCR)ကိုရရှိနိူင်မှာဖြစ်ပါတယ်. . . . ရောဂါပိုးမွှားကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ မွေးမြူရေးတိရစ္ဆာန်တွေအတွက်လည်း ရောဂါကုသဆေးAntibioticသုံးစွဲမူ့မလိုအပ်တော့တဲ့ အတွက် ဆေးဝါးအတွက် ကုန်ကျစရိတ်(medicine cost)ကိုလည်း သိသာစွာ လျော့ချနိူင်မှာပါ. . . . . . . . . . ကျန်းမာရေးကောင်းမွန်မယ် အစာစားနှုန်းကောင်းမွန်မယ် အစာမှအသားသို့ပြောင်းလဲနူန်းကောင်းမွန်မယ် ရောဂါကင်းစင်မယ်ဆိုတဲ့ မွေးမြူရေးတိရစ္ဆာန်တွေဟာလည်း ပိုမိုကောင်းမွန်တဲ့ အကျိုးအမြတ်ကို ရှိစေနိူင်မှာ မြေကြီးလက်ခတ်မလွဲပဲဖြစ်တာမို့ Biosecurity ဇီဝလုံခြုံရေးကို တိကျစွာလိုက်နာကြပါလို့ အကြံပေးလိုက်ရပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။