အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၈ နှစ် က · ပင်လည်ဘူး

မြေထောက်ပဲစိုက်ပျိုးပုံနဲ့ လိုအပ်တဲ့ရာသီဥတု ရောဂါ အထွက်နူန်း သိချင်ပါတယ် please

စိုက်ပျိုးနည်း မြေပဲ
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

မြေထောက်ပဲ စိုက်ပျိုးနည်း နိဒါန်း မြေထောက်ပဲကို မြန်မာနိုင်ငံတွင် ဆောင်းရာသီသီးနှံအဖြစ် စိုက်ပျိုးလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်စိုက်ဧကရှစ်သောင်းခန့် စိုက်ပျိုးပါသည်။ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပါသည်။ အသုံးပြုပုံ သီးတောင့်များ နုစဉ်တွင် ဟင်းသီးဟင်းရွက်အဖြစ် ကြော်ချက်စားသုံးနိုင်ပါသည်။ သီးတောင့်နုများကို ဈေးကွက်တွင် ဘိုစားပဲကဲ့သို့ စားသုံးကြသည်။ သီးတောင့်များ ရင့်မှည့်ပြီး ခြောက်သွေ့ချိန် ရိတ်သိမ်းပါက အစေ့ခြောက်များကို ရေစိမ် ပြီးကြော်ချက်စားသုံးနိုင်ပါသည်။ ပဲမှုန့်ပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။ မြေထောက်ပဲသည် အသားကြမ်းသဖြင့်အစေ့ကိုသာ အများစုစားသုံးကြသည်။ ရာသီဥတု ပူနွေးသည့် ရာသီဥတုကို ကြိုက်နှစ်သက်သည်။ သို့သော် အပူချိန်မြင့်လွန်းက အသီးတင်မှုကို ထိခိုက်နိုင်ပါသည်။ ပင်လယ်မျက်နှာပြင်မှ မီတာ ၂,၅၀၀ ထိ စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသဖြင့် မြေတွင်းအစိုဓာတ်ပြည့်မီရန် အရေးကြီးပါသည်။ မြေအမျိုးအစား အစိုဓာတ်ထိန်းသိမ်းနိုင်ပြီး လေဝင်လေထွက်ကောင်း သော မြေဖြစ်ရပါမည်။ မြေချဉ်လွန်းခြင်း၊ ငန်လွန်ခြင်းကို မကြိုက်ပါ။ မြေပြုပြင်ခြင်း ထယ်တစ်စပ်ထိုးပြီး စိုက်ထယ်ရေးရသည်အထိ ထွန်နှစ်စပ်ခန့်မွှေပြီး ကြမ်းရိုက်မြေညှိပါ။ စိုက်ပျိုးခြင်း မြေထောက်ပဲတွင် ပင်ထောင်မျိုးနှင့် နွယ်ပင်မျိုး နှစ်မျိုးရှိပါသည်။ နွယ်ပင်မျိုးစိုက်ပါက နွယ်တက်ရန် စိုက်ကျင်းဘေးတွင် ဝါး၊ သို့မဟုတ် သစ်ကိုင်းဖြင့် စိုက်ပျိုးရပါမည်။ မျိုးစေ့အနက် တစ်လက်မမှ နှစ်လက်မထက် မပိုသင့် ပါ။ စိုက်ပျိုးသည့် မျိုးကိုလိုက်၍ ပင်ကြား ခုနစ်လက်မမှ ၁၆ လက်မအထိ စိုက်ပျိုးကြပါသည်။ အပင်ပြုစုခြင်း ပန်းပွင့်ချိန်ထိ ပေါင်းမြက်ကင်းအောင် ဂရုစိုက်ပါ။ မှည့်ခြောက်စွန်းရောဂါ၊ သံချေးမှိုရောဂါနှင့် အင်းဆက်ပိုးများ ကျရောက်ဖျက်ဆီးလေ့ရှိသဖြင့် အချိန်မီ ကာကွယ်ရန်လိုအပ်ပါသည်။ ခူးဆွတ်ခြင်း ဘိုစားပဲအဖြစ် အသီးများကို ဆွတ်ခူးရောင်းချလိုပါက သီးတောင့်အစိုအတွင်း အစေ့ပြည့်ဝစွာမကြီးမီ အလီလီဆွတ်ခူးရောင်းချနိုင်ပါသည်။ အစေ့ခြောက်အဖြစ် စိုက်ပျိုးပါက ၉၀ ရာခိုင်နှုန်း သီးတောင့်များ အရောင်ပြောင်းရင့်မှည့်ချိန်တွင် တစ်ပြိုင်တည်း ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန်နောက်ကျပါက သီးတောင့်များကွဲပြီး အထွက်ဆုံးရှုံးနိုင်ပါသည်။ credit# https://www.facebook.com/search/top/?q=%E1%80%B1%E1%80%BB%E1%80%99%E1%80%B1%E1%80%91%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%B2

You

ဆက်စပ်မေးခွန်းများ

မြေထောက်ပဲ စိုက်နည်းလေး သိချင်ပါတယ် ကျေးဇူးပြု၍ ဖြေပေးကြပါ

ဖြေကြားချက် 1 ခု

မင်္ဂလာပါခင်များ ကျွန်တော် ယာခင်းမှ မြေပဲ စိုက်တာ သံချေး ရော ဂါ ကျနေလို့ ဘယ်လို့လုပ်ရမလဲ ကွာ

ဖြေကြားချက် 2 ခု

biodynamic နည်းပညာတွင် အသုံးပြုသော yarrow နှင့် valerian အပင်များမြန်မာပြည်တွင်ရှိ/မရှိနှင့်မည်သည့်ဒေသတွင်ရှိ...

ဖြေကြားချက် 4 ခု

ဟုတ်မင်္ဂလာပါကျွန်တော်သိခြင်တာလေးမေးခြင်လို့ခမျသြဂုတ်လမှာစိုက်ထားတဲ့မြေပဲခင်းလေးအကြံပြုပေးကြပါအုးံသေမလိုလို...

ဖြေကြားချက် 2 ခု

မြေပဲစိုက်ပျိုးရေးတွင် မစိုက်မီမြေပြင်ချိန်၊ စိုက်ပြီးချိန်များတွင် ပေါင်းသတ်ဆေးအသုံးပြု ပုံနှင့် မြေပဲခင်း...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။