အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,754
လွန်ခဲ့သော ၄ နှစ် က

နှမ်းတွေက အပွင့်တုန်းပ်ိီးတာနဲ့ နှမ်းပင်တွေက အရွက်တွေညှိုးကျသွားတာ ပန်းပွင့်ချိန် မိုးရွာလေတိုက်လို့လား မသိဘူး...

နှမ်းတွေက အပွင့်တုန်းပ်ိီးတာနဲ့ နှမ်းပင်တွေက အရွက်တွေညှိုးကျသွားတာ ပန်းပွင့်ချိန် မိုးရွာလေတိုက်လို့လား မသိဘူးဗျ ဒါမှမဟုတ် ရောဂါကြောင့်လား။ ရောဂါဆို ဘာရောဂါလည်း အဲ့သည်ရောဂါ ဘာကြောင့်ဖြစ်တာလည်း ရောဂါဆို ဖြစ်နေချိန် ပျောက်ကင်းအောင် ဘာဆေးတွေ ဖျန်းရတာ လည်းဗျ

ပိုးမွှားရောဂါ နှမ်း

ဖြေကြားချက် ၁၂ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပုံမမြင်ရ​သေးပါ။ ​ကျောက်မှုန့်​​ေပြာတာပါ။

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

အပင်အကြီးမြန်တဲ့ပဲမျိုးနွယ်ပင်​တွေကို အသုံးပြုကြတာများပါတယ်။

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်တဲ့ အပင်များရဲ့ ဓာတ်များပါဝင်မှုကို လေ့လာကြည့်တဲ့အခါ ပိုက်ဆံလျှော်ပင်မှာ နိုက်ထရိုဂျင်ဓာတ် ၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၄၀ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၉၁ ရာခိုင်နှုန်း၊သစ်ဆွေးဓာတ် ၅၆ ရာခိုင်နှုန်း၊ ပဲလွမ်းမှာ နိုက်ထရိုဂျင်ဓာတ် ၂ ဒသမ ၅၆ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၃၃ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၁၉ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၄၈ ရာခိုင်နှုန်း၊ ဒန့်ကျွဲပင်မှာ နိုက်ထရိုဂျင်ဓာတ် ၃ဒသမ ၁၅ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၃၆ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၃ ဒသမ ၂၇ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၆၅ ရာခိုင်နှုန်း၊ ညံပင်မှာ နိုက်ထရိုဂျင်ဓာတ် ၃ ဒသမ ၂၂ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၂၉ ရာခိုင်နှုန်း၊ပိုတက်စီယမ်ဓာတ် သုည ဒသမ ၉၅ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၇၇ ရာခိုင်နှုန်း၊ ထိကရုံးပင်မှာ နိုက်ထရိုဂျင်ဓာတ် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၃၀ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၄၉ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၅၄ရာခိုင်နှုန်း၊ ဘောစကိုင်းအရွက်မှာ နိုက်ထရိုဂျင်ဓာတ် ၂ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၂၀ ရာခိုင်နှုန်း၊ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၅၆ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၅၉ ရာခိုင်နှုန်

2,754 လွန်ခဲ့သော ၄ နှစ် က

ဆရာ သစ်စိမ်းမြေသြဇာပင် က ဘယ်လို အပင်မျိုးတေခေါ်ပါသလဲဆရာ နမူနာ အပင်မျိုးတွေလဲဆရာ

2,754 လွန်ခဲ့သော ၄ နှစ် က

ပုံက မရောက်တာဆရာ

2,754 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ဆရာ ဆရာ ကျနော့်ခင်းက နှမ်းပင်ပုံလေးတွေ ပါဆရာ ကြည့်ရှု့ပေးစေချင်ပါတယ်ဗျ ဂျစ်ဆန်(ကျောက်မှုန့်)ပြောတာလား

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

​မြေငံ(ပီအိပ်ချ်များ)​နေလိမ့်မယ်။ သဘာဝ​မြေသြဇာ ထည့်နိုင်သ​လောက်ထည့်ပါ။ သစ်စိမ်း​မြေသြဇာ ပြုလုပ်သုံးစွဲ။ ဂျစ်ဆန်(ရီဗိုက်)တဧက ၂အိတ်နုန်း ဘာသီးနှံစိုက်စိုက် ထည့်​ပေးပါ။

2,754 လွန်ခဲ့သော ၄ နှစ် က

စစ်ကိုင်းဘက်ကပါဆရာ နှမ်းပင်တေကရိတ်ခါနီး အဲ့သည်လိုဖြစ်တော့ ရိတ်လိုက်ရတယ် အောက်သီးပဲအောင်တော့ အဆင်မပြေဘူးဆရာ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

မ​ကွေးတိုင်းကထင်ပါတယ်..

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

​ရောဂါမဟုတ်ဘူးဗျ.. ရာသီဥတုနဲ့ အပင်သဘာဝနဲ့ ​မြေအ​နေအအထား သဟဇာမဖြစ်တာပါ။ ​မြေမွ​နေမယ်(သဲဆန်ချင်ဆန်မယ်) အပင်ပါး​နေမယ် အ​စောပိုင်း အစိုဓါတ်ခန်း​နေချိန် ရုတ်တရက်မိုးကြီးမိမယ်.. အ​ပေါ်ယံ​မြေ​ကျောတင်းမယ်. ​မြေလည်းအငံဖက်ပါမယ်.. ဆိုရင် ဖြစ်တတ်တယ် ​မြေထဲက ဆား​ငွေ့​တွေက အပြင်မထွက်နိုင်ဘဲ.. အမြစ်ကို ဆား​ငွေ့ရုိက်ပြီး ညိှုး​စေတာလို့ ယူဆပါတယ် ဆိုဒီယံအဆိပ်သင့်တာ.. (အစိုဓါတ်ရှိရင် ဂျစ်ဆန် ပက်ပါ၊) ခါးဆွနိုင်ရင်​ကောင်းတယ် (အပူ​ငွေ့ထုတ်​ပေးရတယ်)

2,754 လွန်ခဲ့သော ၄ နှစ် က

အမြဲညှိုးတာဗျ အမြစ်တေကနီရဲနေတာ ဆရာ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

မနက်ခင်း လန်းပြီး ​နေလည်ညှိုးသလား သို့မဟုတ် ညှိုးတဲ့အပင်က ပြန်မလန်း​တော့ဘူးလား အကယ်၍.. ယာယီညှိုးတာဆိုရင်.. ကုစားလို့ရနိုင်ပါ​သေးတယ်။ အမြဲညှိုးရင် မရ​တော့ပါဘူး.. အမြသ်နုတ်ကြည့်ပါ။ အမြစ်​တွေ ​ကောင်း​နေလား နီရဲ​နေလား.. အမြစ် ပုပ်​နေလား.. ​ပြောပြပါဦး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။