ဖြေကြားချက် ၁ ခု
ရွက်ဖျန်းအားဆေးက လူတွေ အကြောဆေးသွင်းသလိုပဲ အားအမြန်ဖြည့်ပေးပါတယ်။ အဟာရချို့တဲ့တာတွေကို အမြန်ပြည့်ဝအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ် ရေရှည်ဆိုရင်တော့ မြေကြီးထဲ ထည့်မယ် မြေသြဇာကို စဉ်းစားသင့်ပါတယ်။ ဆေးဖျန်းဖို့ အကောင်းဆုံးအချိန်ကတော့ အရွက်တွေမှာရှိသော လေပေါက်ဖွင့်ထားတဲ့ နံနက်စောစောနဲ့ ညနေပိုင်းပါပဲ။ အပူချိန် ၂၇ ဒီဂရီထက်ကျော်ရင်တော့ မဖြန်းသင့်တော့ပါဘူး။ ဆေးဖျန်းပိုက်ခေါင်းကလည်း အပေါက်ကျဉ်းတာကို ရွေးသင့်ပါတယ်။ ဒါမှ ထွက်တဲ့ ဆေးရည်က နေရာအနှံ့ကို ရောက်နိုင်ပြီး ပိုထိရောက်နိုင်မှာပါ။ ဆေးစက်ကြီးရင်တော့ တစ်နေရာတည်းမှာစုပြီး အရွက်တွေ လောင်သွားနိုင်ပါတယ်။ ဆေးဖျန်းတဲ့အခါမှာလည်း အပင်ရင်ရဲ့ အရွက်တွေအကုန် အနှံ့အပြားကို ရောက်ဖို့လိုအပ်ပါတယ်။ နှံ့နှံ့စပ်စပ်ဖြန်းပေးဖို့ပါ။ စပါးအတွက် ဇင့် (သွပ်ဓာတ်) ကလည်း အရေးကြီးတဲ့အတွက် ဇင့် (Zn) ပါတဲ့ မြေသြဇာကိုလည်း ရွေးချယ်သင့်ပါတယ်။
ဆက်စပ်မေးခွန်းများ
အစေ့ထုတ်ပြောင်း K-07 ,K-16,K-14 ရဲ့ characteric ကိုသိခြင်ပါတယ်။ အစေ့ထုတ်ပြောင်းရဲ့နောက်ခံသမိုင်း...
ဖြေကြားချက် 1 ခု
စပါးပင်သက်တန်းအလိုက် မြေဆီကျွေးပုံကိုပြောပြပေပါဦး ခင်ဗျာ
ဖြေကြားချက် 1 ခု
စပါးစစ်ပိုးကိုပင်လုံပြန့်အာနိသင်ရှိဆေးကိုဖြန်းရမယ်ဆိုတော့ စပါးစစ်ပိုးသေးပြီမိတ်ဆွေပိုး မသေတဲသြဘာကထုပ်လုပ်တဲ့...
ဖြေကြားချက် 2 ခု
ကျွန်တော်ရွှေဘိုပေါ်ဆန်းစပါးကို စိုက်ထားပါတယ်ခင်ဗျာ အသက်ကတော့၁၅၀ပါ ကျွန်တော်တို့က ဓါတ်မြေသြဇာကို သူများကျွေးသ...
ဖြေကြားချက် 3 ခု
ကျွန်တော်ကတော့ ဧရာဝတီတိုင်းမော်ကျွန်းမြို့နယ် မှတောင်သူတစ်ဦးပါ ကျွန်တော်လယ်မှာ ရွက်ခေါက်ပိုးဆိုးဆိုးရွားရွား...
ဖြေကြားချက် 1 ခု