အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,180
ရေးသားသူ
လွန်ခဲ့သော ၄ နှစ် က · မြောက်ဥက္ကလာပ

အသေးစားမွေးမြူရေးသမားများအတွက် အစာဖော်မြူလာ တွက်ချက်နည်း သင်တန်း အသေးစား မွေးမြူရေး လုပ်ငန်းများအနေဖြင့် မိမိ...

အသေးစားမွေးမြူရေးသမားများအတွက် အစာဖော်မြူလာ တွက်ချက်နည်း သင်တန်း အသေးစား မွေးမြူရေး လုပ်ငန်းများအနေဖြင့် မိမိတို့ မွေးမြူထားသော တိရစ္ဆာန်များအား အာဟာရပြည့်ဝသော အစာများကို ကုန်ကျစရိတ် သက်သာစွာ ကျွေးမွေးနိုင်ရန် လိုအပ်ပါသည်။ ဒေသထွက်အစာကုန်ကြမ်းများကို အသုံးပြု၍ တိရစ္ဆာန်၏ အာဟာရလိုအပ်ချက်နှင့် ကိုက်ညီသော တိရစ္ဆာန်အစာများကို ကိုယ်တိုင် ဖော်မြူလာတွက်ချက်ကာ ရောစပ်ကျွေးမွေးလိုသည့် တနိုင်တပိုင်နှင့် အသေးစားမွေးမြူရေးသမားများအတွက် အစာဖော်မြူလာကို တွက်ချက်နည်း သင်တန်း (လက်တွက်၊ Microsoft Excel) များကို LivestockInfo က ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းတွင် အောက်ပါ အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးပေးမည် ဖြစ်ပါသည် - (၁) အာဟာရဗေဒ (၂) အစာကုန်ကြမ်းများရဲ့ အာဟာရတန်ဖိုး (၃) တိရစ္ဆာန်များအတွက် အာဟာရလိုအပ်ချက် (၄) အစာဖော်မြူလာတွက်ချက်ပုံ သင်တန်းတက်ရောက်လိုသူ တနိုင်တပိုင်နှင့် အသေးစား မွေးမြူသူများ အနေဖြင့်အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ Viber 09975335206 နှင့် mmlivestockinfo@gmail.com သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။

အာဟာရဗေဒ ကြက်
Post image

ဖြေကြားချက် ၄ ခု

1,162 လွန်ခဲ့သော ၄ နှစ် က

အသားတိုးကြက် မွှေးမြူချင်ပါတယ် ဘယ်ကုမဏီနဲ့ချိတ်ဆက်လို့ရလဲ သိချင်ပါတယ်

469 လွန်ခဲ့သော ၄ နှစ် က

သင်တန်းဘယ်တော့စမှာလည်း

လွန်ခဲ့သော ၄ နှစ် က

Zoom Meeting နဲ့ သင်ပေးလို့ ရသလို၊ အပြင်မှာလည်း သင်လို့ရပါတယ်။ အပြင်မှာ သင်မယ်ဆို ပိုအဆင်ပြေပါတယ်။ ရန်ကုန်မှာပါ။ သင်တန်းကြေးက သင်တန်းသား အရေအတွက်ပေါ် မူတည်ပြီး ညှိနှိုင်းပေးပါတယ်။ အသေးစားမွေးမြူရေးသမားတွေအတွက် ရည်ရွယ်တာမို့ စရိတ်မများအောင် စီစဉ်ပေးပါမယ်။ အသေးစိတ်အတွက် 09975335206 ကို ဆက်သွယ်ပေးပါ။

292 လွန်ခဲ့သော ၄ နှစ် က

viber.ကနေသင်ပေးမှာလားသင်တန်းကြေးကဘယ်လောက်လဲဘယ်နေရာမှာသင်တန်းအခြေချလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။