အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
352
လွန်ခဲ့သော ၈ နှစ် က · မင်းဘူး

ခရမ်းချဉ် ၉၀၉မျိုးပါ အပင်ပုံတိုင်းညိုးပီသေနေလို့ အမြစ်မှာလည်းဘာအနာမှမတွေ့ရဘူး ဘာရောဂါဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်ပင်ညှိုးရောဂါ
Post image

ဖြေကြားချက် ၃ ခု

352 လွန်ခဲ့သော ၈ နှစ် က

အကိုပြောသလို ကျနော်လုပ်ကြည့်တယ် ဘက်တီးရီးယားဖြစ်တာအကို အဒါဘီလီယံ ကော့ပါးဟိုက်ဒေါစိုက် ကာဆူမင် စတက်တိုမိုင်ဆင် ဆေးတွေနှစ်ရက်ချား ဖြန်းပါတယ်အကို အသေကမရပ်ဘူး ဘာဆက်လုပ်ပေးရမလဲ ပြောပြပေးပါအုန်းအကို

352 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးပါအကို

44,928 လွန်ခဲ့သော ၈ နှစ် က

ညိုုးပြီးသေနေရင်တော့ပင်ညိုးရောဂါပါပဲ။ပင်ညိုးမှာ၂ခုဖြစ်တတ်ပါတယ်။ဘက်တီးရီးယားနဲ့ဖျုစေရီယမ်ပင်ညိုးဆိုပြီးဖြစ်တတ်ပါတယ်။ဘာကြောင့်ဖြစ်တတ်တယ်ဆိုတာတော့ခွဲသိဖို့တော့လိုပါတယ်။ဘယ်လိုခွဲမလဲဆိုင်တော့ဖန်ခွပ်တခွက်ထဲရေထည့်ပါ။ပြီးတော့ညိုးနေတဲ့ခရမ်းချဉ်အရင်းပိုင်းတစ်ခုကို၅လက်မခန့်ဖြက်ပြီးခုနရေထည့်ထားတဲ့ဖန်ခွက်ထဲထောင်ပြီးထည့်လိုက်ပါ။ထော၅မိနစ်ခန့်ကြာထောင်ထားတဲ့အောက်ပိုင်းရဲ့ရေထဲမှာအမျင်လေးတွေထွက်လာပြီဆိုရင်တော့ဒါဘက်တီးရီးယာပါပဲ။ဖျုစေရီယမ်ဆိုရင်တော့အမျင်မထွက်ပါဘူး။ဘက်တီးရီးယားဆေးအနေနဲ့ကော့ပါဆေးတွေ။ကာဆူကာမိုင်စင်ဆေးတွေဖျန်းနိုင်ပါတယ်။ဖျုစေရီယမ်ဆိုရင်တော့ဖော့စတိုင်းအလူမီနမ်းဆေးမျိုးဖျန်းနိုင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ်၁၁၁မျိုး စိုက်ပြီး၁၅ရက်သားမှာုံပါအတိုင်းဖြစ်ပြီးသေနေပါတယ် မည်သို့ကုစားရမလဲ လမ်းညွန်ပေးစေလိုပါတယ်

ဖြေကြားချက် 2 ခု

ကျနော့ခရမ်းချဉ်ပင်တွေအသီးဖြစ်ခါမှပုံပါအတိုင်းအပင်ညှိုးပြီးသေတယ် ပင်စီကိုခွဲကြည့်တော့အထဲမှာအညိုရောင်ဖြစ်နေတယ် အ...

ဖြေကြားချက် 4 ခု

ဘတ်တီးရီးယားပင်ညှိုးရောဂါကိုဘယ်လိုကုသကာကွယ်ရမလဲခင်ဗျ

ဖြေကြားချက် 2 ခု

အကိုဆရာတို့ရေကျနော့်ခရမ်းချဉ်ပင်တေပုံပါအတိုင်း ညိုးပီးသေကုန်တယ်ဘာဖြစ်တာလဲဆိုတာအကိုဆရာတို့အလင်း ပြပေးပါဦးခင်ဗျာ...

ဖြေကြားချက် 6 ခု

ကျွန်တော့်စိုက်ထားတဲ့ ခရမ်းချဉ်ပင်လေးတွေ ဒီလို ရွက်လိပ်ပြီး အပင်ပါညိုးပြီး သေးသွားတယ် ဒီလိုဖြစ်တာလေးကို ဘာဆေး...

ဖြေကြားချက် 7 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။