အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,390
လွန်ခဲ့သော ၈ နှစ် က · တိုက်ကြီး

ကီလို မာလကာ စိုက်ပျိုးနည်း manual ရှိလျှင် လမ်းညွှန်ပေးပါခင်ဗျ

စိုက်ပျိုးနည်း မာလကာ
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

မာလကာပင်ကို ဖေဖေါ်ဝါရီ-မတ်လ သို့မဟုတ် ဩဂုတ်-စက်တင်ဘာလ များတွင် စိုက်ပျိုးကြသည်။ မာလကာပင်ကို အစေ့မှသော်လည်းကောင်း ၊ ကိုင်းဆက်၍သော်လည်းကောင်း၊ မြေထုပ်စည်း၍သော်လည်းကောင်း၊ ကိုင်းဖြတ် ပျိုးအိုးတွင် အမြစ်ဖောက်၍ လည်းကောင်း ပျိုးပင် ပြုလုပ်၍ စိုက်ပျိုးနိုင်ပါသည်။ အစေ့ပျိုးပင် (သို့) မြေထုတ်စည်း ပျိုးပင်ကို တစ်နှစ်သား အရွယ်ရောက်လျှင် မြေချ စိုက်ပျိုးနိုင်ပါသည်။ တစ်ပင်နှင့် တစ်ပင် ပုံမှန် ၂၀_၂၀ ပေ(၆_၆ မီတာ) အကွာအဝေးထားပြီး စိုက်ကြသော်လည်း အပင်အရေအတွက် ပါဝင်မှု ပိုမိုများရန် ၁၀_၁၀ ပေ (၃ _၃ မီတာ) အကွာ ကျင်းတူး စိုက်ပျိုးနိုင်သည်။ ကျင်းအနက်သည် စိုက်ပျိုးမည့် ပျိုးပင်၏ အနက်အတိုင်းတူးရမည်။ ပျိုးပင်အနက်သည် ပျိုးအိတ် အတွင်းရှိစဉ် ပျိုးပင်၏ ခါးအနက်အတိုင်း စိုက်ရမည် ဖြစ်ပြီး ကျင်းအလယ် တည့်တည့်တွင် မတ်မတ်ချ စိုက်ရမည်။ စိုက်ပြီး အပင်ခြေကို သေချာစွာ ဖိပေးပြီး အညွှန့်အသစ်များ လိုက်လာသည် အထိ မိုးမရွာလျှင် ရေလောင်းပေးရပါမည်။ အပြည့်အစုံကိုအောက်ပါLINK ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-guava စိုက်ပျိုးနည်းတွင်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မာလကာ သီးတွေ အက်ကွဲပြီး အသီးမှာ အမဲရောင် ဂျွတ်တွေတက်နေလို့ ဘာဆေးသုံးရပါမလဲ.

ဖြေကြားချက် 4 ခု

မာလကာသီးကအလုံးနည်းနည်းကြီးသာနဲ့ပိုးတွယ်သွားတယ်ဘာဖြစ်လိုလဲဘယ်လိုလုပ်ရမလဲ

ဖြေကြားချက် 4 ခု

အမြင့်ပေ ၄၅၀၀ ကျော်တွင် မာလကာစိုက်ပျိုးဖြစ်ထွန်းနိုင်ပါသလားခင်ဗျာ သင့်တော်သောမျိုးလည်းသိချင်ပါတယ် ပင်ကြားတန်း...

ဖြေကြားချက် 0 ခု

အိမ်တွင်စိုက်ထားသည့်မာလကာသီးပင်၏အရွက်၊ရိုးတံများ တွင်အဖြူရောင်ပိုးကောင်များ နှင့်မိုှကဲ့ သို့အဖြူရောင်ပြင်များ...

ဖြေကြားချက် 5 ခု

မာလကာသီးမှာအနက်ပြောက်တွေတွေ့ရလ့ိုဘယ်ဆေးသုံးရမလဲမသိလို့ပါကျေးဇူးပြု ပြီးဖြေပေးပါခင်ဗျာ

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။