ဖြေကြားချက် ၁ ခု
စာရွက်နှင့် သစ်မာထွက်ကုန် များ ထုတ် လုပ်ရန်အတွက် ကျယ်ပြန့်စွာစိုက်ပျိုးကြပါတယ်။ မန်ဂျန်ရှားပင်ရဲ့အသုံးဝင်ပုံကိုအောက်ပါLinkတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/mangium စိုက်ပျိုးနည်း Acacia မန်ဂျန်ရှား သည် အမြင့် ( ၉၈ ပေ) ရှိပြီး ဖြောင့်မတ်သောပင်စည်ရှိသည်။ မျိုးစေ့ အနေဖြင့် တစ်ကီလိုတွင် ၁၄၂၀၀၀ ရှိသည်။ မျိုးစေ့အပင်ပေါက်ရန်အတွက် ရင့်မှည့်သောမျိုး စေ့ အစေ့ငုတ်ချိန်အား အညှောင့်မဖောက်ခင် ပြင်ဆင်သည့်အနေဖြင့် မျိုးစေ့မျက်နှာပြင်အား ခြစ် ခြင်း သို့ ရေဖြင့်ပြုတ်ခြင်း ပြုလုပ်ပါက မျိုးစေ့အညှောင့်ပေါက်ခြင်း မြန်ဆန်ပြီး ၇၅ % ထိ အပင်ပေါက်နိုင်စွမ်း ရှိမည်ဖြစ်ပါသည်။ အခြား ပဲမျိုးနွယ်ဝင် အပင်များကဲ့သို့ လေထုထဲမှ နိုက် ထရိုဂျင်ကို မြေကြီးထဲသို့ ဖမ်းယူရရှိစေသည်။ သစ်တောစိုက်ခင်း ပြုလုပ်ရန်အတွက် အရေးပါ သော မျိုးစိတ်တစ်ခုဖြစ်ပြီး ယခုအခါ သစ်တောသစ်ပင် ရောနှောစိုက်ပျိုးခြင်း ပရော့ဂျက် များအ တွက် ပို၍ပို၍ သုံးစွဲလာ ကြသည်။ Acacia မန်ဂျန်ရှား နှင့် ရောပြီးစိုက်ပျိုးခြင်းဖြင့် Acacia မန်ဂျန်ရှား အပင်မှ ရရှိ မည့် အကျိုးအမြတ်အပြင် မြေကြီးအတွင်းနိုင်ထရိုဂျင်ကိုလည်း ရရှိစေမည်။ Acacia မန်ဂျန်ရှား အပင်သည် ရေစီးဆင်းမှုညံ့ဖျင်း၍ မြေဆီအဟာရ ချို့တဲ့သော မြေတွင် ရှင်သန်နိုင်သော်လည်း ရေစီးဆင်းမှုကောင်းမွန်ပြီး မြေဆီထက်သန်သောမြေတွင် ပိုမို ဖြစ်ထွန်းသည်။ အထွက်နှုန်းသည် မြေအနက်နှင့် မြေအနေအထားပေါ် မူတည်သည်။ စိုက်ပျိုး သည့်အခါ နေရာဒေသ၊ အီကွေတာ နှင့် အကွာအဝေးပေါ်မူတည်၍ အပင်များသိသိသာသာ ကွာဟပြောင်းလဲမှုရှိသည်။ အီကွေတာ နှင့်နီးသော ဒေသတွင် အပင်အမြင့် ပုံမှန်ထက် ၉ - ၁၀ ပေ ပိုမြင့်ပြီး အီကွေတာနှင့်ဝေးသော နေရာဒေသများတွင် ကြီးထွားမှုနည်းသည်။ မန်ဂျန်ရှားပင်စိုက်ပျိုးနည်းအပြည့်အစုံကိုအောက်ပါLinkတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/acacia
ဆက်စပ်မေးခွန်းများ
လျှော်ဖြူစိုက်ပျိုးနည်းလေးတင်ပေးပါအုံးဘယ်လိုစပြီးစိုက်ရမလဲဆိုတာရယ် / အပင်အတွက်ဘာမြေသြာဇာအသုံးပြရမလဲမေးချင်ပါ...
ဖြေကြားချက် 1 ခု
လျှော်ဖြူပင်ကို ပဲခူးတိုင်းတောင်ပေါ်ဒေသတွင် စိုက်လို့ရလားခင်ဗျ ဘယ်လိုမြေအမျိုးအစားမှာ စိုက်လို့ရလည်း တစ်ဧက အ...
ဖြေကြားချက် 1 ခု
လျှော်ဖြူဈေးကွက် သေချာမှုရှိလာဗျာ ဈေးကွက် အခြေအနေ လေးသိပါရစေဗျာ စိတ်ဝင်စားပြီးသိချင်လို့ပါ
ဖြေကြားချက် 3 ခု
လျှော်ဖြူကတကယ်ရောဈေးကွက်ရှိသလားဗျသိသူများအလင်းပြပေးပါခင်ဗျ
ဖြေကြားချက် 5 ခု
ကျွန်းပင်ကို အစေ့ကနေအခြောက်ခံပီးစိုက်ပျိုးလို့ရလားသိချင်ပါတယ် လျှော်ဖြူပင်စိုက်ဖို့ဒီမှာဝယ်လက်ဈေးကွက်ကြီးကြီး...
ဖြေကြားချက် 2 ခု