အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
777
လွန်ခဲ့သော ၄ နှစ် က · ရပ်စောက်

ငါးအမိုင်နိုအက်ဆစ်ပြုလုပ်ပုံအဆင့်ဆင့်နဲ့အသုံးပြုပုံကိုညွှန်ပြပေးပါ...

အပင်အာဟာရ သရက်

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

ငါးအမိုင်နိုအက်စစ်ပြုလုပ်နည်း (Fish Amino Acid) ငါးအမိုင်နိုအက်စစ်ခေါ် ငါးရှလကာရည်သည် အမိုင်နိုအက်စစ် အဓိက ပါဝင်သောကြောင့် အပွင့် အသီးကို အားပေးပြီး ရာသီဥတုဒဏ်ခံနိုင်စေပါသည်။ ♥ ပါဝင်သောပစ္စည်း ငါး (ဈေးပေါသော ငါး/ငါးရိုး၊ ငါးစွန့်ပစ်ပစ္စည်းများ) - တစ်ပိဿာ တင်လဲရည် - တစ်ပိဿာ. ♥ ပြုလုပ်နည်း ငါးများနှင့် တင်လဲရေကိုရောနယ်ပြီး မြေအိုးထဲသို့ထည့်၍ မှောင်ပြီးအေးသောနေရာတွင် ထားရမည်။ ငါးများကို ထည့်သောအိုး၏ သုံးပုံတစ်ပုံခန့်သာထည့်ပြီး အပေါ်ပိုင်းသုံးပုံနှစ်ပုံကို လေဟာနယ်ထားပြီး စက္ကူဖြင့် လေလုံအောင်ဖုံးထားပါ။ (၅) ရက်ခန့်ကြာလျှင် အပုပ်နံ့ထွက်လာပြီး (၇) ရက်တွင်မွှေးသောအနံ့ထွက်ကာ (၁၅) ရက်ကြာလျှင် အသုံးပြုနိုင်သည်။ တစ်လခန့်ထားလျှင်ပိုကောင်းပါသည်။ ငါးအမိုင်နိုအက်စစ်ကို အီးအမ်ဖြင့်ပြုလုပ်ပါက အနံဆိုးထွက်ချိန်နည်းပြီး ပိုကောင်းသော အမိုင်နိုအက်စစ် ရပါသည်။ အီးအမ်ဖြင့်လုပ်လျှင် ငါးတစ်ပိဿာအတွက် တင်လဲရည် ၅၀ ကျပ်သား၊ အီးအမ် ၁/၂ လီတာနှင့် ရေ ၅ လီတာထည့်ပါ။ အိုးအပြည့်နီးပါးထည့်နိုင်ပါသည်။ ရေဖြင့် ၁း၂ဝဝ မှ ၅ဝဝ ထိရော၍ အပင်များပေါ်ဖျန်းနိုင်ပါသည်။ အသီးအပွင့် အားကောင်းပြီးသီးနှံ အထွက်တိုးစေပါသည်။ မြေဆွေးပြုလုပ်ရာတွင်လည်း ထည့်သုံးနိုင်ပါသည်။

117 လွန်ခဲ့သော ၄ နှစ် က

သူကဘာတွေအထူးအားပေးတာလဲ ကျွန်တော် ငယ်သေးတယ်နောက်ပြီး အခုမှ အဖေမလုပ်နိုင်လို့ ခြံဘက်ကို ကို့ဘာသာ ပြန်လုပ်ကမာလို့ပါ

233 လွန်ခဲ့သော ၄ နှစ် က

ငါး၁ပိသာ + သကြား၁ပိသာ လေလုံပုံးထဲထည့်ပါ လေဟာနေတောခြံထားပါ ပြည့်နေအောင်ထည့်ပါနဲ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။