အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ကျွန်တော်ကတော့ ဧရာဝတီတိုင်းမော်ကျွန်းမြို့နယ် မှတောင်သူတစ်ဦးပါ ကျွန်တော်လယ်မှာ ရွက်ခေါက်ပိုးဆိုးဆိုးရွားရွား...

ကျွန်တော်ကတော့ ဧရာဝတီတိုင်းမော်ကျွန်းမြို့နယ် မှတောင်သူတစ်ဦးပါ ကျွန်တော်လယ်မှာ ရွက်ခေါက်ပိုးဆိုးဆိုးရွားရွား ကျရောက်နေပါတယ် စပါးခင်းအစိမ်းရောင်မမြင်ရပဲနဲ့ ဖွေးပြီး ခေါက်နေပါတယ် ပိုးကောင်လေးတွေလည်းတွေ့ရပါတယ် စပါးသက်တမ်းကရ၅ရက်ရှိပါပြီ ပေါ်ဆန်းယဉ်မျိုးပါ ဘယ်လုပ်ရမလဲဆိုတာ ညွှန်းကြားပေးစေလိုပါတယ်ခင်ဗျ။ ...... မျိုးမျိုးလေး၊

ပိုးမွှားရောဂါ နှံစား သီးနှံ

ဖြေကြားချက် ၁ ခု

27,452 လွန်ခဲ့သော ၈ နှစ် က

ပုလဲ ဓါတ်မြေသြဇာ လွန်ကဲစွာ အသုံးပြုသော အခင်းများတွင် ပိုမို ကျရောက်တတ်သဖြင့် ပုလဲမြေသြဇာ တမျိုးတည်းမသုံးပဲ တီစူပါ(အနက်စေ့)နှင့် ပိုတက် မြေသြဇာများကိုလည်း မျှတစွာ အသုံးပြုပါ။ အရိပ်ရ၍ ရေဝပ်သော၊ ရေထုတ်ရန် ခက်ခဲသော လယ်ကွက်များတွင် ပိုမိုတွေ့ရတတ်သဖြင့် ကျရောက်မှုပိုများပါက အခင်းအားလုံး နေရောင်ခြည် ရရှိရန်နှင့် ရေသွင်းရေထုတ်ကောင်းစေရန် ဆောင်ရွက်ပါ။

You

ဆက်စပ်မေးခွန်းများ

ကျွန်တော်ရွှေဘိုပေါ်ဆန်းစပါးကို စိုက်ထားပါတယ်ခင်ဗျာ အသက်ကတော့၁၅၀ပါ ကျွန်တော်တို့က ဓါတ်မြေသြဇာကို သူများကျွေးသ...

ဖြေကြားချက် 3 ခု

စပါးကို NPKအပါအဝင်အနည်းလိုပါဝင်တဲ့ ရွက်ဖြန်းမြေသြဇာကို ပင်းပွားချိန်မှာဖြန်းမလို့ အဆင်ပြေပါ့မလား အကြံပေးပါဦး

ဖြေကြားချက် 1 ခု

အ​စေ့ထုတ်​​ပြောင်​း K-07 ,K-16,K-14 ရဲ့ characteric ကိုသိခြင်​ပါတယ်​။ အ​စေ့ထုတ်​​ပြောင်​းရဲ့​နောက်​ခံသမိုင်​း...

ဖြေကြားချက် 1 ခု

စပါးပင်တွေကို ကြွက်တွေအရမ်းဖျက်လို့မနိုင်တော့ပါ. . .ကြွက်နှိမ်နင်းနည်းများရှလျှင်ညွှန်ပြပေးပါ. .ကျေးဇူးတင်ပါ...

ဖြေကြားချက် 1 ခု

စပါးမှိုကက်ချိန်မှာပုလဲကျွေးသင့်မကျွေးသင့် ပုလဲကျွေးရင်ဘာဖြစ်တယ်ပုလဲမကျွေးရင်ဘာဖြစ်တယ်ဆိုတာ ရှင်းပြပေးပါဦးဗျာ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။