အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,165
လွန်ခဲ့သော ၈ နှစ် က · ကန့်ဘလူ

ပဲကြီးစိုက်ပျိုးနည်း သိချင်ပါတယ်ခမျာ ကျေးဇူးပြု၍ အပြည့်အစုံဖော်ပြပေးပါ

စိုက်ပျိုးနည်း ပဲပုပ်
Post image
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

(၃) စိုက်ပျိုးခြင်း ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းသော မျိုးများကို အသုံးပြုပါ။ အပင်ပေါက် ၈၅ ရာခိုင်နှုန်းအထက်ရှိသော မျိုးများကို အသုံးပြုပါ။ အခြားပဲမျိုးများ ကဲ့သို့ပင် (၁)ဧကစာ မျိုးစေ့ (၁)တင်းအား ရိုင်ဇိုဘီယမ် (ရိုင်ဇိုဘီယမ်ဂျာပွန်နီကန်) နှင့် မစိုက်ပျိုးမီ လူးနယ်ပေးရမည်။ ရိုင်ဇိုဘီယမ် လူးနယ်ထားသော မျိုးများကို အရိပ်အောက်တွင် အခြောက်ခံပါ။ ထို့နောက် ၂၄နာရီ (၁ရက်) အတွင်း စိုက်ပျိုးပါ။ ပဲပုပ်အား ပင်ကြား၄လက်မနှင့် တန်းကြား၇လက်မ(သို့) ၁၅လက်မ(သို့) လက်မ၃၀ထားကာ စိုက်ပျိုးကြသည်။ တန်းကြားအား ၇လက်မ (သို့) ၁၅ လက်မထားပြီး စိုက်ပျိုး ထုတ်လုပ်မှုတွင် အထွက်နှုန်း သိသာစွာ ကွာခြားခြင်း မရှိဟု သိရသည်။ အစေ့ အရွယ်အစား၊ စိုက်ချိန်၊ စိုက်ပျိုးသည့်စနစ်၊ အပင်ပေါက်နှုန်းပေါ် မူတည်၍ မျိုးနှုန်းထားကွာခြားနိုင်သည်။ ပုံမှန် အားဖြင့် (၁)ဧကစာ အတွက် မျိုးစေ့ (၁၂)ပြည်မှ (၁၆) ပြည်ထိ အသုံးပြုကြပါသည်။ မျိုးစေ့များကိုမြေအတွင်း (၁)လက်မနှင့် (၃)လက်မကြားတွင် ချစိုက်ပါ။ (၃)လက်မ ထက် နက်ပါက အပင်ပေါက် မကောင်းနိုင်ပါ။ ပဲပုပ်အား သက်တမ်းအလိုက် သက်လျင်မျိုး ၇၅ရက်မှ ၈၄ရက်၊ သက်လတ်မျိုး ၈၅ရက်-၉၄ရက်၊ သက်ကြီးမျိုး ၉၅ရက် အထက်ဟူ၍ သတ်မှတ်ထားသည်။ ရေဆင်း ၅၊ ရေဆင်း ၆ နှင့် ရေဆင်း ၁၁ မျိုးများကို ဒေသအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိပါသည်။ အပြည့်အစုံကိုအောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/growing-soybean

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။