ဒက်ပိုး အကြေးပိုးဘယ်လိုနှိမ်နှင်းရမလဲ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၉၀ ရက်
♥ အကြေးပိုး (Cottony cushion scale: Icerya ~ရေ (၁ဝ) လီတာတွင် ဆီ(၅ဝ-၁ဝဝ) မီလီလီတာ ထည့်ကာ ဝါချည်မျှင်ရောင်ရှိအကြေးပိုး ကျရောက်နေသော အပင်များကို နှံ့နှံ့စပ်စပ်ဖြင့် ပက်ဖြန်းပါ။ ~ ငရုတ်သီးမှည့် (၆ဝ) ဂရမ်ကို နုတ်နုတ်စင်းကာ တောအရက် (၄) လီတာတွင် ဖျော်စပ်ကာ (၁၄)ရက်ကြာထားပါ။ ထို့နောက်ပိတ်စိမ်းပါးဖြင့် စစ် ချညှစ်ယူပြီး ရရှိလာသော စစ်ကျရည် (၆၅) မီလီလီတာကို ရေ (၅) ဂါလံတွင် ဖျော်စပ်၍ ပက်ဖျန်းပါ။ ~ တမာသီးအမှည့် (၂) ကီလိုဂရမ်ကို ရေအနည်းငယ်ထည့်၍ အသီးအားလုံးကို ထုထောင်းချေမွပါ။ (သစ်သီးဖျော်စပ်ကိုအသုံးပြုနိုင်သည်)။ ရရှိလာသော တမာသီးဖျော်ရည်ကို တစ်ညသိပ်ထား ပါ။ ထို့နောက် ရေ (၁၅) လီတာနှင့် ရောသမမွှေ၍ ပိတ်စိမ်းပါးဖြင့် စစ်ချညှစ်ယူပါ။ ရရှိလာသော စစ်ကျရည်ကို အပတ်စဉ် ပက်ဖျန်းပေးပါ။ ~ တမာစေ့ဆီ ထမင်းစားဇွန်း (၅) ဇွန်းကို ရေတစ်လီတာတွင် ဖျော်၍ ဆပ်ပြာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းထည့်ကာ သမအောင်မွှေပြီးနောက် ပက်ဖျန်းပါ။ ~ ကင်မွန်းစေ့ (၁) ကီလိုဂရမ်ကို န့်ညက်အောင်ထုထောင်းပါ။ ရရှိလာသော အမှုန့်များကို ရေတစ်ဂါလံတွင် ထည့်၍ ရောမွှေသမပေးပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်ချညှစ်ယူပါ။ ရရှိလာသော စစ်ကျရည်များကို ရေ (၂၅) ဂါလံဖြင့် ဖျော်စပ်ပါ။ တမာစေ့ဆီ (၂) ပုလင်းကိုလည်း ရောမွှေ၍ တစ်ပင်လုံးကိုသာမက ပင်ခြေရင်းမြေကြီးကိုလည်း ပက် ဖျန်းပါ။ ~ လက်ဖက်ဆီဖြင့်ပြုလုပ်ထားသော ဆပ်ပြာတစ်ဆလျှင် ရေအဆ (၁ဝဝ) ရောစပ်သမကာ ပက်ဖျန်းပေးပါ။ ~လက်ဖက်ဆွေးမြေဩဇာ၊ တင်လဲနှင့် သံပုရာဆီကို ရောနှောသုံးပါ။ ♥ ပိုးသတ်ဆေး သုံးစွဲလိုပါက ဒိုင်မီသိုအိတ် (Dimethoate) လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda-cyhalothrin) တို့အား အသုံးပြုနိူင်ပါတယ်။
ဆက်စပ်မေးခွန်းများ
သင်းဘောပင်ရဲ့အရောင်ကအဝါရောင်ဖြစ်နေပါတယ်၊တချို့အပင်လဲအရွက်ကပုံအတိုင်းဖြစ်နေပါတယ်ဘယ်လိုလုပ်ရမလဲဆရာသမားများခင်...
ဖြေကြားချက် 3 ခု
တစ်ခါမှ မမြင်ဘူးလို့ပါ ဘာကြောင့်ပါလည်း ဆရာကြီး/ဆရာမကြီးတို့
ဖြေကြားချက် 1 ခု
သင်းဘော အသီးကနေ အစေ့ မျိုးထုတ်ယူ စိုက်ပျိုး လို့ ရပါသလား?သိချင် ပါတယ် အဲ့ လို စိုက် ရင် သီးနှုန်း မကောင်း ဘူး...
ဖြေကြားချက် 3 ခု
သင်္ဘောမျိုးစေ့ အညှောင့်ဖောက်နည်းလေးများသိရင် ဝေမျှပေးပါအုံးဗျ။ မျိုးစေ့ထုပ်နဲ့စိုက်တာ မပေါက်လို့ပါ။ ကျေးဇူး...
ဖြေကြားချက် 5 ခု
သဘောင်္သီးကိုတစ်ဧကတွင်အပင်ရေမည်မျှစိုက်လိုသင့်တော်သလဲခင်ဗျ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။