အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · အိမ္မဲ

ဧရာဝတီအိမ်မဲကပါပဲဒီစိမ်း ရေဆင်း11နဲ့ ရေဆင်း14 ဘယ်မျိုးစိုက်ရင်ပိုအဆင် ပြေမလဲဖြေပေးပါရှင်

စိုက်ပျိုး ဗဟုသုတ ပဲတီစိမ်း ပဲတီစိမ်းမျိုး

ဖြေကြားချက် ၄ ခု

1,625 လွန်ခဲ့သော ၄ နှစ် က

ရေဆင်း၁၄ ကိုထောက်ခံလိုပါတယ်၊အဝါရောင်မို့စေ့ ရောဂါ မဖြစ်လို့ပါ။အနီးဝန်းကျင် မတ်ပဲစိုက်ခင်းအားလုံး မိုစေ့ရောဂါကျပြီး လုံးဝ ပဲမသိမ်းလိုက်ကြရပါ။ကျွန်တော့စိုက်ခင်းက သူတို့ အလယ်မှာရှိတာပါ။တစ်ပင်မှ ရောဂါ ကူးစက်ခြင်းမရှိခဲ့လို့ပါဗျာ

814 လွန်ခဲ့သော ၄ နှစ် က

ပဲတီစီမ်းရေဆင်း11ကသက်တမ်း65. 70ခန့်ရှိမြေသာရင်တော့အထွက်ကောင်းပါတယ် အရည်အ​ေးေရေဆင်း14ကတော့သက်တမ်း67. 70ကျော်လွန်ရင် ကွဲတတ်ပါတယ်တော်တော်ဂရုစိုက်ရပါတယ်အရည်အသွေးကတော့အရမ်းကောင်ပါတယ်အထွက်လည်းကောင်ပါတယ်အဝါရောင်မှိုရောဂါဒဏ်ခံနိုင်ပါတယ်

193,301 လွန်ခဲ့သော ၄ နှစ် က

ရေဆင်း ၁၁ နဲ့ ၁၄ ရဲ့ကွာခြားချက်တွေပါ ပဲတီစိမ်းမျိုးများ ♥ ရေဆင်း-၁၁(ပဲတီစိမ်း) အသက်ရက် - ၅၅-၆၀ လင်းတာတုန့်ပြန်မှု - မရှိ အစေ့အရောင် - စိမ်း အပင်အမြင့် - ၂-၂.၅ လက်မ တစ်ပင်ပါသီးတောင့် - ၂၀-၂၅ တစ်တောင့်ပါအစေ့ - ၁၁-၁၂ အစေ့(၁၀၀)အလေးချိန် - ၅-၅.၆ ဂရမ် အထွက်နှုန်း(တင်း/ဧက) - ၂၀-၂၅ ထူးခြားချက် - မိုးစိတ်ရောဂါခံနိုင်၊ ရာသီမရွေးဖြစ်ထွန်း ♥ ရေဆင်း-၁၄(ပဲတီစိမ်း) အသက်ရက် - ၆၅-၇၀ လင်းတာတုန့်ပြန်မှု - မရှိ အစေ့အရောင် - စိမ်းဝါ အပင်အမြင့် - ၂-၂.၅ လက်မ တစ်ပင်ပါသီးတောင့် - ၂၅-၃၀ တစ်တောင့်ပါအစေ့ - ၁၂ အစေ့(၁၀၀)အလေးချိန် - ၅-၅.၆ ဂရမ် အထွက်နှုန်း(တင်း/ဧက) - ၂၀-၂၅ ထူးခြားချက် - မိုးစိတ်ရောဂါခံနိုင်၊ ရာသီမရွေးဖြစ်ထွန်း

193,301 လွန်ခဲ့သော ၄ နှစ် က

သူ့အားသာချက် အားနည်းချက်ကိုယ်စီတော့ရှိပါတယ်တဲ့ရှင့် ဆရာ့ တဦးတည်းအမြင်အရတော့ ရေဆင်း ၁၄ ကို ပိုကြိုက်ပါတယ်တဲ့ရှင့် ဆရာဦးသက်လွင် လတ်တလော စာရိုက်ဖို့ အခက်အခဲရှိနေလို့ ဆက်သွယ်မေးမြန်း ဖြေကြားပေးတာပါရှင့် ပဲတီစိမ်းနဲ့ပတ်သက်တဲ့ ဆရာရေးထားတာလေးလည်း ဒီလင့်မှာ ဝင်ဖတ်နိုင်ပါတယ်ရှင့် https://m.facebook.com/groups/572126509905283/permalink/1589393078178616/

You

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်းနီ/ပဲတီနီ မျိုးရှိ လားခင်ဗျ

ဖြေကြားချက် 2 ခု

ပဲတီစိမ်း အမဲသီး မျိုး တစ်ထပ်ပဲ သီးတဲ့ မျိုးကို ဘယ်လိုခေါ်ပါသလဲ (ဥပမာ ဆင်းရတနာ 3 4 11 စသ ြဖင့်ပေါ့)။ ဘယ်မှာ...

ဖြေကြားချက် 5 ခု

ပဲခူးတိုင်းအနောက် အုတ်ဖိုမြို့နယ်ကပါ ဆောင်းရာသီ ပဲတီစိမ်း နုတ်တဲ့မျိုးဆိုရင် ရေဆင်းနံပါတ်ဘယ်လောက်ကိုစိုက်ရမှာ...

ဖြေကြားချက် 2 ခု

ပဲတီစိမ်းချည်တိုလုံးသေးမျိုးရှီ့လားခဗျားအပင်သက်တန်းဘယ်‌ေလာက်ရှီ့လည်ရှီရင်ဘယ်မှာမေးဝယ်လို့ရလည်သိပါရစေထွက်နုန်းက...

ဖြေကြားချက် 1 ခု

ပဲမျိုးစုံ မျိုးယူရာတွင် အစိုဓာတ်% ရာခိုင်နုန်း ဘယ်လောက်ထိ ခြောက်အောင် နေလှမ်း ရလဲဗျ..တောင်သူအများစု ဘယ်လို...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။