အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
21,642
လွန်ခဲ့သော ၄ နှစ် က · မြောင်းမြ

ဆရာ ညီကိုတို့ ဆောင်းပါးလေးတခုဖတ်ပီးနားမလည်လို့ပါ။ လယ်တွက်စိုတလှည့်ချောက်တခါရေသွင်းစနစ်AWDမှာ ပင်ပွားချိန်နဲ့...

ဆရာ ညီကိုတို့ ဆောင်းပါးလေးတခုဖတ်ပီးနားမလည်လို့ပါ။ လယ်တွက်စိုတလှည့်ချောက်တခါရေသွင်းစနစ်AWDမှာ ပင်ပွားချိန်နဲ့ ပန်းပွင့်ချိန်တွေမှာ ရေကို၂လက်မလောက်ထိမ်းထားပေးရမယ်ဆိုတာ အဲ့ချိန်မှာမြေမျက်နှာပြင်အောက်နဲနဲမှရော့လို့မရဘူးဆိုတဲ့သဘောလားခဗျ။ မြေမျက်နှာပြင်အောက်၆လက်မမှာရေရှိသေးရင်ကောရတာလား။အလင်းပြကြပါအုံး။ကျေးဇူးပါ။

စိုက်ပျိုး ရေ စပါး

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

AWD​ရေသွင်းနည်းစနစ်အရ, ပန်းမပွင်ခင်အချိန်(ဖုံးလုံးချိန်ကိုဆိုလိုပါတယ်)နဲ့ ပန်းပွင့်ပြီး တပတ် အတွင်းမှာ ​ရေ ၂လက္မဝန်းကျင်ရှိရမယ်လို့ ဆိုပါတယ်။ အပင်ပွားချိန် မဟုတ်ပါဘူး​နော်။ ၂လက္မ​အောက် နည်းနည်းကမှ မ​လျော့ရဘူးလား..?လိူ့​မေးရာမှာလည်း.. ​မြေသား​ပေါ်မှာ ​ရေထိန်းရတာမို့ အနည်းအများ အ​လျော့အတင်းရနိုင်ပါတယ်။ (အဓိက .က၊အမြစ်ဇုံမှာ ၊​ရေမပြတ်​စေလိုတဲ့သ​ဘောပါ။) တကယ်​တော့ ဒီစနစ်က၊ ​ရေကို လိုသလို၊လိုသ​လောက် ရ​နေတဲ့ ဆည်​ရေ​သောက်​ဒေသမှာသာ ရနိုင်ပါလိမ့်မယ်။ သို့​သော် စပါးပင်က ဘယ်အချိန် ​ရေလိုအပ်တယ် ဆိုတာ နည်းပညာတခု​တော့ ရနိုင် ယူနိုင်ပါတယ်ဗျာ။

21,642 လွန်ခဲ့သော ၄ နှစ် က

ခုမှရှင်းသွားတယ်ခဗျ အားလုံးကျေးဇူးပါ။

9,446 လွန်ခဲ့သော ၄ နှစ် က

ပင်ပွားချိန်မှာက ရေကိုလုံးဝခါပစ်ပြီး ပတ်ကြားတွေကွဲ၊စပါးပင်ရေငတ်လာတဲ့အချိန်မျိုးမှ ပြန်သွင်းတာက အကောင်းဆုံးပါ။စပါးဗိုက်ဖောင်းချိန်မှစပြီး ရေ ၂လက်မ မှအထက် မပြတ်စေပဲသွင်းထားပေးတာကို ဆိုလိုတာပါ။ရေခါတာက စပါးရဲ့ အမြစ်ဆုံလေဝင်အားကောင်းစေပြီး လေလို ဘက်တီးရီးယားတွေအသက်ရှင်နိူင်အောင်လို့ပါ။ဘက်တီးရီးယားတွေရှင်သန်နေရင် လေထုကပါတဲ့ N ကိုဖမ်းယူပေးတာကြောင့် စပါးပင်တွေကို သန်မာစေပြီး၊ပင်ပွားများစေတာမျိုးဖြစ်တဲ့အတွက် ပတ်ကြားအက်လာအောင် ပင်ပွားချိန်မှာထားရတဲ့သဘောပါဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။