ဖြေကြားချက် ၂ ခု
စတင်ပျိုးထောင်ခြင်းမှ ပင်ပွားအများဆုံးထွက်ပြီးပင်စည်ရှည်ထွက်မှုကာလကိုစပါး၏ပင်ပိုင်းဆိုင်ရာကြီးထွားမှုကာလဟုသတ်မှတ်၍ ထိုကာလသည် သက်တမ်းတိုမျိုးများတွင်၃၅-၅၅ ရက် သက်တမ်းလတ် တွင်၅၅-၇၅ ရက် သက်ကြီး တွင်၇၅-၉၅ ရက် အသီးသီးကြာလေ့ရှိကြောင်းအကြမ်းမျဉ်းသတ်မှတ်ကြပါသည်။ သက်တမ်းတိုမျီုးဖြစ်စေ သက်လတ်မျီုးဖြစ်စေ သက်ကြီးမျီုးဖြစ်စေ ပင်ပိုင်းဆိုင်ရာကြီးထွားမှုကာလတွင်သာအသီးသီးကွာခြားကြသော်လည် မှို့ကပ်ချိန်မှအနှံစထွက်၍ပန်းစပွင်ချိန်ကာလမှာသက်တမ်းအမျိုးမျိူးရှိစပါးအားလုံးအတွက်(၃၅)ရက်တူညီစွာကြာမြင့်သည်။ထို့အပြင်စပါးမျိုုးအားလုံးအတွက်နို့ရည်တည်ချိန်မှစပါးနှံခြောက်သွေ့ ရင့်မှည့်ချိန်အထိ(၃၅)ရက်တူညီစွာကြာမြင့်ပါသည်။ စိုက်ပျိုးတဲ့ စပါးသက်တမ်းကို မူတည်ပြီး မိမိစပါးပင်ရဲ့ ပင်ပိုင်းကြီးထွားကာလ အနှံထွက်စအချိန် နဲ့ မရင့်မှည့်မှီကာလကို တွက်ချက်ပြီး အပင်ပွားချိန်စတင်ချိန် အနှံစတင်ချိန် အနှံမရင့်မှည့်ခင် အချိန်များမှာ ယူရီးယားကို ကျွေးပါ။ ပိုတက်ကို အနှံ စတင်ချိန် နဲ့ မရင့်မှည့်ခင် ကျွေးပါ။ တီစူပါကို မြေခံ ထည့်ပါ။ တစ်ဧကအတွက် ယူရီးယား တစ်အိတ် တီစူပါအိတ်ဝက် နဲ့ ပိုတက်အိတ်ဝက်နှုန်းကျွေးရင် လုံလောက်ပါတယ်
သက်တမ်းဘယ်လောက်ရှိတဲ့စပါးမျိုးလဲခင်ဗျာ့ သက်တမ်းပေါ်လိုက်ပြီး မြေသြဇာကျွေးရမည့်အချိန်လေးတွေမတူနိုင်လို့ပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေဆီကြဲမယ်ဆိုရင် အပင်အားပေးနဲ့ အသီးအားပေးကို အပင်ဘယ်အရွယ်တွေလောက်မှာကြွေးရမယ်ဆိုတာ ကျေးဇူးပြု၍ ဖြေးကြားပေးပါ...
ဖြေကြားချက် 2 ခု
ကျွန်တော်စပါးစိုက်ပီတာ 20 ရက်သားရှိပါပီ N P Kကိုတစ်ဧကဘယ်လောက်ကြွေးရမလဲဘယ်ဟကိုပိုပီများများသုန်းသင့်သလဲအပင်ပွား...
ဖြေကြားချက် 3 ခု
စပါးကောက်ပင်လှန်ချိန်မှာဘယ်လို မြေသြဇာမျိုးသုံးသင့်ပါသလဲခင်ဗျာ
ဖြေကြားချက် 2 ခု
ပလဲ.တီစူပါ.ပိုတက်.ဂျပ်ဆမ်. ရောမွေပြီးအိပ်ထဲပြန်သွပ့်ပြီး ၁ ရက် ၂ရက် သို့..အစိုပြန်တဲ့ အထိထားပြီးသုံးမယ်..နိုက်...
ဖြေကြားချက် 3 ခု
တောင်သူတစ်ယောက်ပါ ယမ်းစိမ်းမြေသြေဇာဘယ်ချိန်မှကြွေးသင့်လဲခဗျာဖြေကြားပေးပါ
ဖြေကြားချက် 3 ခု