ဖြေကြားချက် ၁ ခု
သူတို့က အဓိကအားဖြင့် အပင်ငယ်နှင့် အညောင့်ထွက်စာပြုနေတော့ စပါးပင်လေးများကို စားသုံးပါတယ်။ အပင်အောက်ခြေကို ကိုက်ဖြတ်ပြီး အပင်တစ်ခုလုံးကိုဖျက်ဆီးပါတယ်။ ဘယ်လိုပြန်နှံသလဲ၊ ဘယ်မှာတွေနိုင်မှာလဲ-ခရုများက ဆည်ရေသွင်းမြောင်းမှ တဆင့်သော်လည်းကောင်း၊ သဘာဝရေသွင်းမြောင်းမှ သော်လည်းကောင်း၊ ရေလျှံရေမြုပ်ခြင်းမှ သော်လည်းကောင်း ပြန့်နှံနိုင်ပါတယ်။ လယ်ကွင်းထဲရေ မရှိတော့ရင် သူတို့ဟာ ရွံ့နွံများဖြင့် ဖုံးလွမ်းပြီး ၆ လအထိ မြေကြီးထဲတွင်ခိုအောင်းနိုင်ပါတယ်။ ရေပြန်ရလာရင်တော့ သူတို့ဟာ မြေကြီးထဲက ပြန်လည်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ သူတို့ဟာ တိုက်ရိုက်ချ စိုက်တော့ စပါးစေ့များ နှင့် ပျိုးစိုက်သော အပင်များ(၁လသားအရွက်) ထိ တိုက်ရိုက် ဖျက်ဆီးနိုင်ပါတယ်။ အပင်အသက် တစ်လကျော်သွား လျှင်တော့ အပင်ဟာ ခရုဒဏ်ကိုခံနိုင်သွားပါပြီ။ ရွှေခရုအကြောင်းနဲ့ ကာကွယ်နှိမ်နင်းနည်းအပြည့်အစုံကိုတော့အောက်ပါLinkတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/how-to-protect-snail
ဆက်စပ်မေးခွန်းများ
အခ ုonline မှာတွေ့နေရတဲ့ ရွှေခရု အကြောင်းပါ
ဖြေကြားချက် 3 ခု
စပါးပျိုးပင်လေးတွေကို ခရုတွေအရမ်းစားနေလို့ပါ ဆေူထည့်ရင် သေကြပေမယ့် ခနပဲ ပြီးရင် ဘယ်က ဘယ်ကပြန်ရောက်လာကြလဲမသိဘူး...
ဖြေကြားချက် 2 ခု
မြန်မာနိုင်ငံမှာ ခရုဖျက်ဆီးခံရတာဟာ စပါးတခုထဲပဲရှိတာလား တခြားပိန်းပင်ဘာညာများမှာရော ကျရောက်ဖျက်ဆီးမှုများရှိနေ...
ဖြေကြားချက် 2 ခု
ရွှေခရုအကြောင်းပြောပြပေးပါ
ဖြေကြားချက် 1 ခု
စပါးကိုခရုကိုက်တာဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 1 ခု