အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
582
လွန်ခဲ့သော ၃ နှစ် က · ဓနုဖြူ

မာလကာသီးကို လိပ်ပြာများထိုးပါတယ် ညအခါမှာ လိပ်ပြာထိုးပြီးရင်အတွင်းသားကကြာရင်ပုတ်သွားတက်ပါတယ် ဒါကိုဘယ်လိုကာကွယ်ရ...

မာလကာသီးကို လိပ်ပြာများထိုးပါတယ် ညအခါမှာ လိပ်ပြာထိုးပြီးရင်အတွင်းသားကကြာရင်ပုတ်သွားတက်ပါတယ် ဒါကိုဘယ်လိုကာကွယ်ရမလဲဆိုတာ ကျေးဇူးပြု၍ နည်းလမ်းလေးညွန်းပေးကြပါခင်ဗျာ ကျေးဇူးတင်ပါတယ်...

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ မာလကာ
Post image
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

အိတ်စွတ်ရာတွင် ယခင်က ကြွတ်ကြွတ်အိတ် အသုံးပြု၍ စွတ်ကြသော်လည်း နေပူချိန်ကြောင့် အိတ်စုတ်ပြဲချိန် သီးထိုးယင် ဖျက်စီးခြင်းကြောင့် ယခုနောက်ပိုင်းတွင် မိမိမာလကာသီး ကြီးထွားနိူင်သည့် အရွယ်အားမှန်းစ၍ 6×8,6×9,ဆိုဒ် ပလပ်စတစ်အိတ် အကြည် အထူအား အသုံးပြုလာကြတာပါ။ ပြုလုပ်ပုံကတော့ အိပ် အောက်ဒေါင့် ၂ဘက်အား ရေငွေ့၊ ရေစက်ထွက်စေရန် ရေထွက်သာရုံဒေါင့်ဖြတ် ညှပ်ခြင်း လှီးခြင်းပြုပါ။ အတွင်းမှ သတင်းစာစက္ကူ ကို ခေါက်ထည့်ပြီး အိတ်စွတ်ချိန်တွင် သတင်းစာစက္ကူ အခေါက်ထဲသို့ မာလကာသီးအား ထည့်၍ ပလပ်စတစ်အိတ်အား မာလကာသီးအညှာတွင် နှီး၊ ပီနံကြိုးတို့ဖြင့် မည်သည့်ပိုးကောင်မှ မဝင်အောင် ချည်နှေင်ပေးထားပါက သီးထိုးယင်မဖောက်သော မာလကာသီးအားရရှိပါမယ်။ သတင်းစာစက္ကူအထဲတွင် အသီးရှိနေ၍ အသီးနေလောင်ခြင်းမဖြစ်သေဘဲ ပွ ရွသော မာလကာသီးကို ရရှိပြီး ပုံမှန်ထက် အရသာကောင်းမွန်မှုကို ဖြစ်စေပါသည်။

582 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးတင်ပါတယ် ဆရာ.

582 လွန်ခဲ့သော ၃ နှစ် က
အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

လိပ်ပြာ ထိုးခြင်း မဟုတ်ဘဲ သီးထိုးယင် ထိုးခြင်းကြောင့်လို့ ပထမ ဖြေလိုပါတယ်။ သီးထိုးယင်များသည် အသီးကို ထိုးပြီး ဥချခြင်းလို့ အလွယ်ဆိုရမှာပါ။ သီးထိုးလောက်ကောင်များသည် အသီးအတွင်းသားများကို စားသောက်နေထိုင်ခြင်းကြောင့် အသီးပုပ်ရတာပါ။ သီးထိုးယင်သည် မာလကာသာမက သရက်၊ ဇီး၊ ပိန္နဲ စသော အသီးများတွင်ပါ ကျရောက်ဖျက်စီးတာပါ။ သီးထိုးယင်မကျတာကတော့ ဒူးရင်းနဲ့ နာနတ် သီးဘဲ လို့ ဆိုထားပါတယ်။ သီးထိုးယင် ကာကွယ်နည်းမှာ မီသိုင်းယူဂျီနော အား အဝါရောင် ဘူးအထဲမှာ မျှားစာအသုံးပြုပြီး အထီးများကို မျိုးမပွားနိူင်အောင် ဖမ်းခြင်းနဲ့ အိပ်စွတ် နည်းပါဘဲ။ မျှားစာအသုံးပြုပြီး သီးထိုးယင်နှိမ်နင်းတာဟာ ထင်သလောက်မလွယ်၍ အိတ်စွတ်၍ အသီး သီးထိုးယင် မဖျက်စီးအောင် လုပ်ကြခြင်းပါ။ မာလကာသီး ကျောက်ဒိုး ခန့် ရှိချိန် အနာအစာကင်းသော မာလကာသီးအား ပလပ်စတစ်အိတ်အား အတွင်းမှ သတင်းစာ စက္ကူခံ၍ အိတ်စွပ်ပေးခြင်းပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။