အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၈ နှစ် က · သာယာဝတီ

ဆစ်ပိုး ကြရောက်မူ့လေးကြိမ်ရှိပြီ ၂ နှစ်ပေါ့ ဒီနှစ်တော့ဆစ်ပိုး အပြင် ဂျပိုးနက်ပါအပိုပါလာတယ်.... ဆေးသုံးပါတယ် ဒါ...

ဆစ်ပိုး ကြရောက်မူ့လေးကြိမ်ရှိပြီ ၂ နှစ်ပေါ့ ဒီနှစ်တော့ဆစ်ပိုး အပြင် ဂျပိုးနက်ပါအပိုပါလာတယ်.... ဆေးသုံးပါတယ် ဒါပေမယ့်စပါးထွက်နှုံးထိခိုက်နေတယ် ပိုးကတနယ်လုံးကြတာပါတယောက်ထဲကာကွယ်တော့ ဘေးအခင်းတွေကနေပြန်ကူးတယ် ဘယ်လိုဖြေရှင်းရမလဲ ဆရာတို့အလင်းပြပေးပါအုံး

ပိုးမွှားရောဂါ စပါး စပါးဆစ်ပိုး
5

ဖြေကြားချက် ၅ ခု

696 လွန်ခဲ့သော ၇ နှစ် က
3,311 လွန်ခဲ့သော ၈ နှစ် က

အကောင်းဆုံးကတော့ - ပျိုးခင်းမှာ ဥမြုံတွေဖျက်ဆီးတာကောင်းပါတယ်( လက်ဖြင့်ကောက်ယူပြီး ဖယ်ရှားပါ) - ပိုတက်ရ်ှကျွေးပါ(အပင်တောင့်တင်းခိုင်မာပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိပါတယ်) - ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပါ ( အနှံမထွက်မီ ပင်စည်က ခဲတံလုံးအရွယ် boosting stage တွင် ဆေးဖျန်းပါ) - မီးထောင်ချောက်ထွနိးပါ - လယ်ကွင်းထဲ ငှက်နားတိုင်များထားပါ - ဥကပ်ပါးနကျယ်ကဒ်များရနိုင်ပါက တစ်ဧက ကဒ် (၄၀)ချိတ်ပါ။ ။

174 လွန်ခဲ့သော ၈ နှစ် က

ဟုပ်ကဲ့ ကျေးဇူးပါခမျာ့

31,851 လွန်ခဲ့သော ၈ နှစ် က

အနည်းငယ်ထုထောင်းပြီး ရေထွက်ပေါက်နှစ်ဘက်စိုက်ထောင်ထားသောဝါးလုံးမှာ ထက်အောက်စီတန်းချည်နှောင်ပေးပါ ဆင်တုံးမနွယ်ရဲ့စစ်ထွက်ရည်က စပါးမှာကျတဲ့စုပ်စားပိုးတွေကို ဟန့်တားပါတယ် ပိုတက်တစ်ဧက အိတ်ဝက်နှုန်း ထည့်ပေးပါ။ သို့ စက်ဖွဲပြာ တစ်ဧက တင်း ၂၀ နှုန်းထည့်ပေးပါ ပိုးဒဏ် ခံနိုင်ရည်ရှိအောင်ပါ။ ဂျပိုးနက် နဲ့ ဆစ်ပိုးနှိမ်နင်းနည်းတွေ greenway ရဲ့စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဲဒီအတိုင်းကာကွယ်နှိမ်နင်းပါ။

31,851 လွန်ခဲ့သော ၈ နှစ် က

ဆင်တုံမနွယ် ၁၀ လ အထက်သက်တမ်းရှိတဲ့နွယ်ပင်စည် အစို သို့ အခြောက် ကို စပါးခင်း ရေသွင်းပေါက်နဲ့ရေထုတ်ပေါက်တွေမှာ ၁ ပေ အရှည်ဖြတ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။