အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
11,243
လွန်ခဲ့သော ၃ နှစ် က · လက်ပံတန်း

တစ်ပုံကဆေးအုပ်စုက Neonicotinoid လို့ပြောထားပြီး အာနိသင်ရှိပစ္စည်းမှာ အစီတာမီပရစ်လို့ ရေးထားနဲ့ ဘေးကပုံကဆေးအုပ်...

တစ်ပုံကဆေးအုပ်စုက Neonicotinoid လို့ပြောထားပြီး အာနိသင်ရှိပစ္စည်းမှာ အစီတာမီပရစ်လို့ ရေးထားနဲ့ ဘေးကပုံကဆေးအုပ်စု အဘာမက်တင်+pyrethroid လို့ရေးထားတာ အဲ့နှစ်မျိုးကို အဘာမက်တင်နဲ့ အစီတာမီပရစ်ပုံစံမျိုးနဲ့ နှစ်မျိုးရောဖျန်းလို့ရလားခင်ဗျာ

ပိုးမွှားရောဂါ ငရုတ်သီး
Post image

ဖြေကြားချက် ၅ ခု

11,243 လွန်ခဲ့သော ၃ နှစ် က

အဲ့ဒါဆိုရင်လေ ဘယ်ဆေးဖျန်းရမလဲ ဆေးပုံလေးနဲ့တကွ ညွှန်ပြပေးပါလားဗျာ ဆေးဝယ်ရတာ အခက်အခဲ ရှိနေလို့ပါဗျ

11,243 လွန်ခဲ့သော ၃ နှစ် က

ဟုတျကဲ့ဗြ

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ဒယ်ဗလယ်သည် အဘာမက်တင် မဟုတ်၍ ပက်ဖြန်း၍လည်း မရပါဘူး

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ပထမ အဘာမက်တင်နှင့် အဆီတာမီပရစ် ဖြန်းပြီး၍ ထပ်မဖြန်းရန်နှင့် ဖြန်းမည်ဆိုပါက မွှားပင့်ကူသတ်ဆေး ဖြန်းရန် ညွန်ကြားထားပြီးဖြစ်၍ ညွန်ကြားသည့် ဆေးသာပက်ဖြန်းရန်လိုပါမည်။. မိတ်ဆွေ ယခုပြသည့် ဆေး၂မျိုးသည် ဒို့ဦးလေး ညွန်သည့်ဆေးမဟုတ်ပါဘူး

11,243 လွန်ခဲ့သော ၃ နှစ် က

မနေ့က post တင်မေးထားတဲ့ ငရုတ်ရောဂါ အတွက်ပါဗျ ဆေးတွေက ဆေးအုပ်မတူပေမဲ့လည်း သက်ဆိုင်ရာဆေးအာနိသင်တွေ ပါတော့ ဖျန်းလို့ရမရသိချင်လို့ပါဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။