ဖြေကြားချက် ၆ ခု
ပင်စည်ပွမျ ိုးဖြစ်တဲ့တွက်ဓါတ်မြေသြဇာကျွေးတဲ့ ခါပင်ခြေနဲ့ကပ်မကျွေးဖို့အထူးသတိပြုပါ ပင်စည်တဖြည်းဖြည်းချင်းပုပ်သွားတတ်ပါတယ် အရွက်ဖျားတံစက်မြိတ်မှာစက်ဝိုင်းပုံမြောင်းက လေးဖော်ပြီးကျွေးပါ
၁ မျိုးစပ်ပြီးသား အမပင်သေချာတဲ့ မျိုးစေ့ကိုရွေးဝယ်ပါ (ဥပမာ မျှားနီမျိုး) ၂ ၅လက်မ ၇လက်မအရွယ်ပျိူးအိပ်ဖြင့်ပျိူးထောင်ပါ ၃ ပျိူးပင်မူမှန်ရွက် ၆ရွက်မှ၇ရွက်ရှိချိန်တွင်ရွှေ့စိုက်ပါ ပျိူးပင်သက်တမ်းကြီးအောင်မထားပါနဲ့ ၄.အပင်ပကွာဝေး ၇ပေသို့မဟုတ်၈ပေထားသင့်ပါသည် ၅.ရေလိုအပ်သော်လည်းရေဝပ်ခြင်းကိုမကြိုက်ပါ 6. အာဟာရ အထူးလိုအပ်သောအပင်ဖြစ်သည်
ပျိုးပင်- သင်္ဘောပင်အား မျိုးစေ့ (သို့) တစ်သျှူးမျိုးများခြင်းနည်းဖြင့် စိုက်ပျိုးသည်။ မျိုးစေ့နှုန်းသည် ၁ ဧက လျှင် ၁၀ဝ-၁၂၅ ဂရမ် (၆-၇ကျပ်သား) ခန့် လိုအပ်သည်။ အပင်ငယ်များကို အထူ ၄ လက်မ၊ အနံ ၃ ပေနှင့် အလျား ၉ ပေခန့် ကျယ်သော ပျိုးဗန်းတွင် ပျိုးထောင်ပါ။ မျိုးစေ့များကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် စီရင်ပြီး အနက် လက်မဝက်ခန့်နှင့် တစ်တန်းနှင့် တစ်တန်း ၄ လက်မခန့် ခွာကာ အပေါ်မှမြေဆွေးမှုန့်ဖြင့် ပြန်အုပ်ပေးပါ။ မနက်ခင်းပိုင်းတွင်ရေအနည်းခန့်သာလောင်းပေးရန် လိုအပ်ပါသည်။ ပျိုးခင်းဗန်းအား ပလပ်စတစ်စ (သို့) မဟုတ်ကောက်ရိုးတို့ဖြင့် ဖုံးအပ်ထားပါ။ ၂ လခန့်ကြာသောအခါ ၆ လက်မ-၈ လက်မခန့် အရှည်ရှိသော သဘောင်္ပင်ငယ်များကို စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးပါ။ စိုက်ပျိုးရန်အကောင်းဆုံးအချိန်- သဘောင်္ပင်အားဆောင်းနှောင်း (ဖေဖော်ဝါရီ-မတ်)၊ မုတ်သုန်အချိန် (ဇွန်၊ ဇွန်လ) နှင့်ဆောင်းပိုင်း (အောက်တိုဘာ၊ နိုဝင်ဘာလ) များတွင် စိုက်ပျိုးနိုင်သည်။ ပင်ကြားတန်းကြား- ၆ပေ ပတ်လည် အကွာအဝေးဖြင့် အစိုက်များသည်။ သို့သော် ၅ပေ ပတ်လည်ဖြင့် စိုက်ပျိုးပါက အထွက်ပိုမည်ဟု ဆိုကြသည်။ စိပ်စိပ်စိုက်ပျိုးခြင်း- အချို့မျိုးများအား ၄ ပေ ပတ်လည်ဖြင့် စိုက်ပျိုးကြသည်။ ၁ ဧကတွင် ၂၇၂၂ ပင်ခန့် ဝင်ဆန့်မည် ဖြစ်သည်။ (ထိုကဲ့သို့ ၄ ပေ ပတ်လည် စိုက်ပျိုးသောနည်းသည် အိန္ဒိယနိုင်ငံတွင် အပင်သေး၊ အပင်ပု မျိုးများကို စိုက်ပျိုးသောနည်းဖြစ်သည်။) စိုက်နည်းစနစ် ပျိုးပင်များကို၂ ပေ ပတ်လည် ၂ ပေ အနက်ရှိသော စိုက်ကျင်းတွင် ထည့်စိုက်ပါ။ နွေအခါများတွင် စိုက်ကျင်းအား ၂ ပတ်ခန့် ကြိုတူးထားရမည်။ ထို့နောက် ၎င်းစိုက်ကျင်းအား အပေါ်ယံမြေနှင့်မြေဆွေး ၁၂ ပိဿာ၊ တမာကြိတ်ဖက် ၆၀ သား၊ အရိုးမှုန့် ၆၀ ကျပ်သားခန့်ရော၍ ထည့်သွင်းပါ။ သန်စွမ်းသော အပင်ကြီးများကို ချဲ့စိုက်ပြီး အပင်ပုသော၊ အလယ်အလတ်ရှိသော မျိုးများကို စိပ်စိပ် စိုက်ပျိုးပါ။
သင်္ဘော ပင်ကအဖိုအမခွဲခြားနည်း ကျေးဇူပြု၍သိပါရစေ၊အပင်သန်အောင် မည်သို့မည်ပုံလုပ်ရမည်ကိုပါအသေးစိတ် လေးကိုတင်ပေးနော်။
မနောက်ပါနဲ့ တကယ်သိချင်လို့ပါ
အိပ်နဲ့ပျိုးပေါ့
ဆက်စပ်မေးခွန်းများ
ကျနော်ရဲ့ သင်္ဘောပင်လေးတွေ အလိုပိုးကျPဝါသွားတယ် ဘယ်လိုလုပ်ရမလဲခင်ဗျ ?
ဖြေကြားချက် 6 ခု
အပင်သက်တမ်း ၃လရှိပါသေးခင်ဗျ အသီးရောအပင်ပါ ကြီးထွားအောင် ဘယ်လို လုပ်ရလည်း မသိလို့ ကျေးဇူးပြုရွေ့ ဖြေပေးကျပါဦး
ဖြေကြားချက် 9 ခု
သင်္ဘောသီးတွေကြီးအောင်ဘယ်လိုလုပ်ရလည်းခင်ဗျာ ဘာဆေးသုံးရင်ကောင်းဆုံးလည်းလမ်းညွှန်ပေးဦး
ဖြေကြားချက် 1 ခု
အရွက်တွေမှာကွက်ပီး အပင်တွေညိုးကုန်တယ် အပွင့်တွေလဲအသီးမတင်တော့ဘူးဘိုရွန်အားနဲတာတဲ့ အပင်တွေဘိုရွန်အားနဲရင်ဘာလုပ်...
ဖြေကြားချက် 6 ခု
သင်္ဘောခြံထဲ ပေါင်းသတ်ဖျန်းလို့ရပါသလားခမျာ ဖျန်းလိုက်ရင်အပင်ကိုထိခိုက်နိုင်ပါသလားခမျာ ကျေးဇူးပြု၍ဖြေပေးကျပါဦး
ဖြေကြားချက် 2 ခု