အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၈ နှစ် က

ဘယ်လိုစိုက်ပျိုးရပါသလဲဖြေကြားပေးပါခမျာ

စိုက်ပျိုး ရေ ကွမ်းသီး
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ကွမ်းသီးတစ်ဧကစိုက်ပျိုးရန်အတွက် အနံ(၅)ပေ၊ အရှည်(၁၀)ပေ ပျိုးဘောင်နေရာသတ်မှတ်ပြီး မြေဆွကာ စက်ဖွဲပြာ၊ မြေဆွေးများရောမွှေပြီး အမြင့်၆လက်မ ရှိအောင်ဘောင်ပြုလုပ်ပါ။ ပျိုးဘောင်ကို အရိပ်ကောင်းသည့် နေရာတွင် ပြုလုပ်ပါ။ သို့မဟုတ် နေရာတိုက်ရိုက်မထိစေရန် အမိုးမိုးပေးထားပါ။ ပြင်ပြီးသောပျိုးဘောင်ပေါ်တွင် ရင့်မှည့်သော ကွမ်းသီးကို အညှာကို အပေါ်မှထား၍ အလုံးလိုက်ထောင်ကာ ကွမ်းသီးတစ်လုံးနှင့် တစ်လုံး(၂)လက်မခြား၍ အတန်းလိုက်မြေမြုပ်ပါ။ တစ်တန်းနှင့် တစ်တန်းလည်း(၂) လက်မခြားပါ။ ပျိုးဘောင်ရေမဝပ်စေရန်နှင့် အစိုဓာတ်နည်းချိန် ရေပုံမှန်လောင်းပေးပါ။ အောက်တိုဘာလတွင် စတင်ပျိုးထောင်ပြီး မေ၊ ဇွန်လများတွင် စိုက်ပျိုးကြရာ ပျိုးသက်(၈-၁၀)လရှိနေပြီဖြစ်ပြီး အပင်အမြင့် (၁၀-၁၂) လက်မခန့်ရှိပြီဖြစ်တဲ့အတွက် ပျိုးဘောင်မှကွမ်းသီးပင်များကို အမြစ်မနာစေရန်တူး၍ စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။