အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,459
လွန်ခဲ့သော ၃ နှစ် က · ညောင်လေးပင်

ပဲစိုက်ရာသီနောက်ကျရင်ပိုးမွှားရောဂါပိုကျတယ်ဘာကြောင့်ပါလဲဆရာ ဥပမာပဲတီစိမ်းကိုနိုဝင်ဘာ15ရက်နောက်ဆုံးထားပြီးစိုက်...

ပဲစိုက်ရာသီနောက်ကျရင်ပိုးမွှားရောဂါပိုကျတယ်ဘာကြောင့်ပါလဲဆရာ ဥပမာပဲတီစိမ်းကိုနိုဝင်ဘာ15ရက်နောက်ဆုံးထားပြီးစိုက်ရပါတယ် ကျွန်တော့မှာလယ်နှစ်ကွင်းရှိပါတယ်တစ်ကွင်းကနိုဝင်ဘာ16ရက်မှာစိုက်တယ်စိုက်ချိန်မှန်တော့ပိုးမွှားရောဂါနည်းနည်းပဲကျတယ် နောက်တစ်ကွင်းကနိုဝင်ဘာ23ရက်မှာစိုက်တယ်စိုက်ချိန်နောက်ကျတော့ ပျ၊ယင်ဖြူ၊လှေးတွေအများကြီးကြပြီးအရွက်တွေတွန့်ကုပ်ပြီးအဝါရောင်မိုဇစ်ရောဂါဖြစ်ကုန်တယ်‌ ကျေးဇူးပြု၍ဖြေပေးပါနော်ဆရာ

ပိုးမွှားရောဂါ ပဲတီစိမ်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

စိုက်ချိန်​နောက်ကျခြင်း ​ကြောင့် ပိုးများ ပိုကျ​ရောက်တယ်ဆိုတာ.. ရာသီဥတု​ကြောင့်ပါ။ ယင်ဖြူ ပျ ​လှေး​တွေဟာ ရာသီဥတု ပူချိန် ​ပေါက်ဖွားမှုနုန်းမြင့်ပါတယ်။ ဒါ​ကြောင့် စိုက်ချိန်​နောက်ကျရင်၊စုပ်စားပိုး ပိုဆိုးတာပါ။ ကျန်အခင်း​တွေ က​နေ၊အပင်ငယ်​တွေဆီ ပိုး​တွေ ပိုကြိုက်ပါတယ်။ အပင်ဝါ​ရောဂါကလည်း ဒီလိုပါဘဲ။ ​စောစိုက်တဲ့အခင်း​တွေ၊အရမ်း​နောက်ကျတဲ့အပင်​တွေ ကျတတ်ပါတယ်။ မျိုး​ပြောင်းပါ။ မျိုး​စေ့ ​ဆေးလူးစိုက်ပါ။ စုပ်စားပိုး ကာကွယ်ပါ

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

အဝါရောင် မိုစိတ်ရောဂါ ခံနိူင်ရည် မရှိသော မျိုးစိုက်လျင် ဘယ်အချိန်စိုက်စိုက် အဆင်မပြေပါဘူး ရာသီဥတုဖြစ်စဉ်သည် ပိုးမွားရောဂါ အနည်းအများကို အဆုံးအဖြတ်ပေးတာပါ(မို့အုံ့ခြင်း၊ မအုံ့ခြင်း)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။