အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,539
လွန်ခဲ့သော ၃ နှစ် က · ပေါက်

ကြက်သွန်ခင်းမြေသြဇာကျွေးတဲ့အခါမှာ အကြိမ်ဘယ်လောက်ခွဲကျွေးပါလဲဗျ။ဒီမှာကျွေးနေကြတဲ့ပုံစံကတော့ ၁၅-ရက်သား(တစ်ကျင်း=...

ကြက်သွန်ခင်းမြေသြဇာကျွေးတဲ့အခါမှာ အကြိမ်ဘယ်လောက်ခွဲကျွေးပါလဲဗျ။ဒီမှာကျွေးနေကြတဲ့ပုံစံကတော့ ၁၅-ရက်သား(တစ်ကျင်း=၁၀တောင်ပတ်လည်)နို့ဆီဘူးဝက်နှုန်း၊၃၀-ရက်သား(တစ်ကျင်း=၁-ဘူးခွဲမှ၂-ဘူးနှုန်း၊၄၅-ရက်သား(တစ်ကျင်း=၂-ဘူးနှုန်း)ဖြင့် N,P,K မြေဩဇာများကို အချိုးအမျိုးမျိုးဖြင့်ကျွေးကြပါတယ်။ဆိုလိုရင်းကတော့ ကျွေးတဲ့ပုံစံဟာ (၁၅ရက်သား၊၃၀ရက်သား၊၄၅-ရက်သား)တွေမှာ သတ်မှတ်ပြီးအဓိကကျွေးကြပါတယ်။ဥပမာ-ကြက်သွန်တစ်ခင်းကို N,P,K အချိုးအမျိုးမျိုးနဲ့ မြေဩဇာ၂-လုံး‌သုံးမယ်ဆိုရင် အဲဒီအချိန်တွေမှာ အကုန်သုံးလိုက်တာပါပဲ။အားလုံးပဲသိပြီးကြတဲ့အတိုင်းပါဗျ။ကြက်သွန်နီဟာ ရေအကြိမ်များစွာဖြန်းပေးရပါတယ်။ကျွန်တော် သိလိုတာကတော့ ပုံသေသတ်မှတ်တာမျိုးမဟုတ်ဘဲ(ခုလည်းလိုသလိုတော့ထပ်‌ေဆာင်းကျွေးကြပါတယ်) အပင်စားနိုင်စွမ်းကိုကြည့်ပြီးကျွေးရတာ ပိုပြီးအပင်အတွက် အကျိုးဖြစ်ထွန်းမလားလို့ပါခင်ဗျ။မြေဩဇာများရဲ့အလုပ်လုပ်ပုံလေးတွေနဲ့အကျိုးအာနိသင်များကိုပါ တပါတည်းမျှဝေပေးပါအုံးခင်ဗျ။အားလုံးဆီက အတွေ့အကြုံကောင်းတွေမျှေလင့်မိပါတယ်ခင်ဗျ။မြေဩဇာအသုံးပြုပုံများကိုပါ သိလိုပါတယ်ခင်ဗျာ။ကျေးဇူးပြုပြီးမျှဝေပေးကြပါအုံးခင်ဗျာ။

အပင်အာဟာရ ကြက်သွန်နီ ကြက်သွန်နီမြေသြဇာကျွေးနည်း
1

ဖြေကြားချက် ၁ ခု

193,301 လွန်ခဲ့သော ၃ နှစ် က

ကြက်သွန်နီတွင် လိုအပ်သော အာဟာရဓာတ်များ ဒါကတော့ ကြက်သွန်နီသက်တမ်းတစ်လျှောက်လိုအပ်တဲ့ အာဟာရဓာတ်တွေအကြောင်းပါ။ သီးနှံပင်ကို အာဟာရပေးတဲ့အခါလိုသလောက်ပဲပေးရမယ်ရှင့် ဘယ်အရာမဆိုပါ တန်ဆေးလွန်ဘေးပေါ့ ချင့်ချိန်ပြီးကျွေးပေးရပါတယ်နော် အာဟာရဓာတ်တွေဘယ်လိုအလုပ်လုပ်လဲဆိုတာတော့ ဒီမှာပါ https://greenwaymyanmar.com/posts/palnt_nutrition_and_their_working_%281%29

You

ဆက်စပ်မေးခွန်းများ

မြေဆီကျွေးပြီးမှ အားဆေးဖြန်းတာပိုကောင်းမလား(သို့မဟုတ်)အားဆေးဖြန်းပြီးမှ မြေဆီကျွေးတာပိုကောင်းမလားခင်ဗျာ။ကြက်...

ဖြေကြားချက် 1 ခု

ကြက်သွန်နီ ၁၅-ရက်သား။ပေါင်းသတ်ဆေးနဲ့အတူမြေဆီပါကျွေးရင်။ပေါင်းသတ်ဆေးဒဏ်ကြောင့်ကြက်သွန်ပင်လေးတွေပါ ၇-ရက်လောက် အ...

ဖြေကြားချက် 2 ခု

ကြက်သွန်အတွက် အပင်စစိုက် ပီး ဘာဆေးတေသုံးရပါလည်း ပြုစု ပုံလေး အဆင့်ဆင့် လင်းပေးပါ ခမျာ

ဖြေကြားချက် 2 ခု

နိုက်ထရိုဂျင်(သို့)ယူရီးယား/ပုလဲ၊ဖောစ်ဖောရပ်နှင့်ပိုတက်ဆီယမ် တို့ကို အပင်များတွင်အသုံးပြုလိုက်ပါက သူတို့ရဲ့အာ...

ဖြေကြားချက် 5 ခု

ကြက်သွန်နီကို သက်တမ်းတစ်လျှောက်ပုံမှန်ကျန်းမာနေလျှင် ကြဲပက် N,P,K မဟုတ်ဘဲ။ရွက်ဖြန်းN,P,K ကို အကြိမ်ရေ‌ဘယ်လောက်...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။