ဖြေကြားချက် ၂ ခု
ဝါးဘိုးဝါး(ဝါးမျိုးစေ့များ) လက်တွေ့ပျိုးထောင်စိုက်ပျိုးနည်း >>မျိုးစေ့ပျိုးချိန်မှာ ပူနွေးစိုစွတ်တဲ့ ရာသီဥတု လိုအပ်ပါတယ် အပူဓါတ်က အပင်ပေါက်အားပိုကောင်းစေပါတယ် အေးမြသောရာသီ မိုးများသောရာသီများတွင် ပျိုးမည်ဆိုပါက အပူချိန်လုံလောက်စွာရရှိစေရန် ပျိုးဘောင်ကို ပလပ်စတစ် အကြည်စဖြင့် လေလုံနေအောင် ဖုံးအုပ်ထားပေးရပါမည် >>ပျိုးဘောင်ပြုလုပ်ရန် (5×3×2) အချိူ းနှင့်ပျိုးဘောင်ပြင်ဆင်ပါ (သဲ×စက်ဖွဲပြာ×မြေဆွေး) >>မျိုးစေ့ကိုရေစိမ်ချင်လျှင် 4 နာရီ ရေစိမ်ပြီး ရေကို စစ်ထားလိုက်ပါ ရေစစ်သွားပြီဆိုလျှင် ပျိုးဘောင်ပေါ် ကြဲလိုက်ပါ (ရေမစိမ်ဘဲ ကြဲလည်းရပါတယ်) >>မျိုးစေ့များကို ဘာမှ မဖုံးအုပ်ပါနှင့် (သဲမှ အစ အရာအားလုံး) >>ကောက်ရိုး သို့မဟုတ် မြက်ခြောက်ပါးပါးအုပ်နိုင်ပါသည် ရေကိုဖြေးဖြေးလောင်းပေးပါ နေရောင်နှင့်လေတို့ တိုက်ရိုက်ထိတွေ့မှ အပင်ပေါက်နှုန်းကောင်းသောကြောင့်ပါ >>ရေကို တရက် ၂ ကြိမ်လောင်းပေးပါ ရေကိုဖြေးဖြေးချင်းသာလောင်းပေးပါ ၁၀ ရက်မှ ၁၄ ရက်အတွင်းအမြစ်နှင့် အပင်လေးများထွက်လာပါ့မယ် >>အစေ့များရွေ့လျှင် အမြစ်စွဲရန်ခက်ခဲသောကြောင့်ဖြစ်ပါသည် >>အပင်ထွက်လာပြီဆို နေအရမ်းပြင်းလျှင် အမိုးမိုးပေးရပါမယ် အလင်းရောင် ၈၀%ရှိရပါမယ် >>ပျိုးပင်လေးများ ၂လက်မ(သို့) ၃လက်မအရွယ်ရောက်ပြီဆို ပျိူ းအိတ်ထဲစခွဲထည့်လို့ရပါပြီ ပျိုးအိတ်မြေစပ်နည်းကတော့ (3×1×1)အချိူ းပါ (မြေကြီး×စက်ဖွဲပြာ×မြေဆွေး) >>ပျိုးအိတ်ထဲတွင် (၁ ပေခွဲ ၂ပေ သို့မဟုတ် ၄ လမှ ၆ လ) သက်တမ်းရပြီဆိုလျှင်မြေချစိုက်လို့ရပါပြီ >>ပျိုးအိတ်ထဲတိုက်ရိုက်အစေ့(၅စေ့ခန့်)ချ ပြီးလည်း ပျိုးထောင်ပေါက်ရောက်ဖြစ်ထွန်းပါသည်။ >>မျိုးစေ့ထုပ်ကို သိုလှောင်သိမ်းဆည်းမည်ဆိုလျှင် ရေခဲသေတ္တာ(သို့မဟုတ်) အေး၍ခြောက်သွေ့သောနေရာတွင်သိမ်းဆည်းပါ။ 2°C မှ 4°C အတွင်း သိုလှောင်သိမ်းဆည်းပါက ကြာရှည်အထားခံပါသည်။ စိမ်းလန်းပါစေမြန်မာပြည် Saw Min Min Hla 09457555121 09779933121
ဝါးစိုက်ပျိုးနည်းအကြောင်းကို စိုက်ပျိုးနည်း ညာဘက်ကနေရွေးထုတ်ရန်ဆိုတာကနေတဆင့်ရှာပြီးဖတ်လို့ရပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
ဝါခင်း ပေါင်းမနိုင်လို့ ဘာပေါင်းသတ်ဆေး သုံးရမလဲ
ဖြေကြားချက် 2 ခု
ဝါခင်းမှာ ပေါင်းမနိုင်လို့ ဘာပေါင်းသတ်ဆေး သုံးရမလဲ??
ဖြေကြားချက် 1 ခု
ဝါးစိုက်ပျိုးရေးအကြောင်းလေးသိချင်လို့ပါ ၁ ဧကမှာ ဘယ်နှစ်ပင်လောက် စိုက်လို့ရလည်း သိချင်လို့ပါ ပြီးတော့ ဘယ်အမျိုး...
ဖြေကြားချက် 1 ခု
ဘာဆေးသုံးရရင်ကောင်းမလဲခင်ဗျ
ဖြေကြားချက် 1 ခု
မျှင်ဝါးအစေ့ကနေပျိုးထောင်နည်းလေသိပါရစေ ပျိုးအိတ်ထဲ့အစေ့ထည့်စိုက်တာအပင်ထွက်မလာဘူး ပျိုးစေ့ကိုနစ်ညရေစိမ်ြပြီး...
ဖြေကြားချက် 1 ခု