အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,510
လွန်ခဲ့သော ၈ နှစ် က · မြစ်သား

မုန်ညင်းထုပ်ကိုဘယ်လိုစိုက်သင့်လဲဗျ

စိုက်ပျိုးနည်း မုန်ညင်း
2

ဖြေကြားချက် ၂ ခု

1,510 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးပါbro

လွန်ခဲ့သော ၈ နှစ် က

မုန့်ညှင်းဖြူ၊မုန့်ညှင်းစိမ်းဆိုပြီးရှိ၊ ရေဝပ်ခြင်းကိုမကြိုက်၊ မြေမရွေးစိုက်ပျိုးနိုင်ပါသည်။ ညက်ညောသောမြေတွင် (၃)ပေ ကျယ်ပြီး ပေ၂၀ ရှိသော ပျိုးဘောင်နှစ်ဘောင်ပြုလုပ်ပါ။ ပျိုးဘောင်ပေါ်တွင် ၂လက်မ၊ ၃လက်မ အကွာစိုက်ကြောင်းတိမ်တိမ်လေးများဖော်ကာ မျိုးစေ့ချစိုက်ပျိုးနိုင်ပါသည်။ တစ်ဧကအတွက်မျိုးစေ့ (၃-၄)ပေါင်ပျိုးထောင်ရပါမည်။ ပျိုးခင်းကို အပေါက်သေးသော ရေပန်းခရားဖြင့် မြေစွတ်စိုရုံဖျန်းပေးခြင်းဖြင့် အပင်(၂-၃)လက်မတက်လာလျှင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါတယ်။ စိုက်ခင်း(၁)ဧကကို နွားချေး(၁၀-၁၅)စီး၊ အမိုနီယမ်ဆာလ်ဖိတ်ပေါင်(၁၀၀)ထည့်ပြီး ၁ပေခွဲ-၂ပေ စိုက်ကြောင်းများဖော်ပြီး ပျိုးပင်များကို တစ်ပင်နှင့်တစ်ပင် ၆လက်မခွာစိုက်ပျိုးပါ။ ရွေ့စိုက်ရာတွင သန်စွမ်းသော အပင်များကိုသာသုံးပြီးညနေပိုင်းတွင်သာ စိုက်သင့်ပါသည်။ ထို့နောက်ရေရွှဲရွှဲလောင်းပေးပါ။ နေစဉ်မှန်မှန်ရေလောင်းပေးပါ။ ရေမလောင်းလျှင် လေကြိမ်မှ ခြောက်ကြိမ်အထိရေသွင်းပေးရမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။