ဖြေကြားချက် ၁ ခု
စိုက်ပျိုးဒေသ သမအအေးပိုင်းတွင် အများဆုံးဖြစ်ထွန်းပေမယ့် အခြားပူအိုက်သော ဒေသများမှာလည်း စပ်မျိုးစိုက်သည်။ ရာသီဥတု အေးမြသောရာသီဥတုကို ကြိုက်သည်။ တောင်တန်းဒေသများတွင် ပိုဖြစ်ထွန်းသည်။ စိုက်ပျိုးနည်း သစ္စာပန်းဥများကို တစ်ဥနှင့်တစ်ဥ ၉ လက်မခြား၍ တြိဂံပုံ ခြားစိုက်ပါ။ တစ်တန်းနှင့် တစ်တန်း ၂ပေ x ၂ပေခွဲခြားပြီး စိုက်ပျိုးပါ။ သို့မှသာ ရေလောင်းရန်နှင့် မြေဆွရန်လွယ်ကူမည်။ အပင်များ မယိမ်းယိုင်စေရန် အပင်ခြေရင်းကို မြေဖို့ပေးပါ။ ယူရီးယား (ပုလဲ) မြေဩဇာကို သုံးဆွဲမှုများလျှင် အပွင့်အထားမခံခြင်း၊ ကြွေလွယ်ခြင်းတို့ ဖြစ်တတ်သည်။ ဂရုစိုက်ပြီး သုံးစွဲပါ။ မျိုးပွားနည်း သစ္စာပန်းဥများကို တူးယူသောအခါ ဥအရွယ်အစား အမျိုးမျိုးရရှိပါမည်။ အကြီးဆုံးကိုသာ မျိုးအဖြစ်ထားပြီး သေးငယ်သောဥများကို သီးသန့်ရွေးထုတ်ထားရပါမည်။ တူးပြီးသည့်အခါ ဆယ်ရက်ခန့် နေလှန်းကာ အခွံခွာပြီးပြန်စိုက်ပါ။ သို့မှသာ အပင်ပေါက်မြန်ပြီး အပင်ပေါက်ကောင်းနိုင်မည်။ ပြန်စိုက်ပျိုးသည့်မျိုးဥများက နောက်ထပ် ၇ လကြာလျှင် စိုက်ပျိုးရန်သင့်သော မျိုးဥများပြန်ဖြစ်လာမည်။ နှစ်လခန့် အနားပေးပြီး ပန်းအဖြစ် ပြန်စိုက်ပျိုးနိုင်သည်။ အလွန်သေးငယ်သော ဥသေးများကိုလည်း ထပ်မံပြီး တစ်နှစ်ပြီးတစ်နှစ် ပန်းအတွက် စိုက်ပျိုးခြင်းဖြင့် မျိုးဥများ ပြန်လည်ရရှိနိုင်ပါသည်။ အနည်းဆုံး ၃ နှစ် ကြာသည်။ မျိုးအတွက် မျိုးပွားချိန်မှာ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ပျိုးထောင်ပါ။ အနက် ၃ လက်မအထိ စိုက်ပါသည်။ တစ်ဧကမျိုးနှုန်း မျိုးဥကောင်းများကို ရွေးချယ်စိုက်ပျိုးမှသာ အပွင့်ကောင်း၊ အပင်ကောင်းများ ရရှိနိုင်မည်။ တစ်ဧကမျိုးဥနှုန်း တစ်သောင်းခန့် လိုသည်။ သစ္စာပန်းစိုက်ပျိုးနည်းအပြည့်အစုံကိုအောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ့။ https://greenwaymyanmar.com/posts/gladious
ဆက်စပ်မေးခွန်းများ
သီဟိုဠ် တစ်နှစ်သားပျိုးပင် စိုက်ထားတာ နှစ်လရှိပြီ။မြေပုံပြီးပုလဲ ကျွေးရင် အဆင်ပြေလား ခဗျာ
ဖြေကြားချက် 3 ခု
သီဟိုပင်တွင်ကျရောက်တတ်သောပိုးများနှင့် ကာကွယ်နှိမ်နင်းပုံတို့ကိုရှင်းပြပေးစေလိုပါသည်။သီဟိုဠ်စိုက်တောင်သူများ...
ဖြေကြားချက် 1 ခု
ကျွန်တော် စမ်းသပ်ထားသော သီဟိုဠ် ဘက်ကူးပင်လေးတွေပါ။လိုအပ်ချက်များရှိရင် ထောက်ပြပေးပါ
ဖြေကြားချက် 4 ခု
သီးဟိုသရက် စိုက်ချင်လို့ပါ သင်ပေးကြပါအုံး ၁။ သီဟို အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ဘယ်မျိုးကို စိုက်ရင် အကောင်း...
ဖြေကြားချက် 4 ခု
ငါးရိုး၊ငါးခေါင် ကို မြေသြဇာ လုပ်ချင်လို့ပါ။ဘယ်လို လုပ်လို့ရသလဲ ခဗျာ။ငါးမှာပါဝင်တဲ့ ဓာတ် ကို သိချင်လို့ပါခဗျာ
ဖြေကြားချက် 8 ခု