အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,539
လွန်ခဲ့သော ၃ နှစ် က · ပေါက်

ကြက်သွန်နီခင်းပါ။ကာဆူမင်(မှိုဆေး)ဖျန်းပြီးပါပြီ။ဖာထရီလွန်ကွန်ဘီ+ကယ်ဆီပလပ်+ဆိုင်လာ ဖျန်းချင်လို့ပါ။ဖြစ်နိုင်ရင်...

ကြက်သွန်နီခင်းပါ။ကာဆူမင်(မှိုဆေး)ဖျန်းပြီးပါပြီ။ဖာထရီလွန်ကွန်ဘီ+ကယ်ဆီပလပ်+ဆိုင်လာ ဖျန်းချင်လို့ပါ။ဖြစ်နိုင်ရင်မြန်မြန်ဖျန်းချင်လို့ပါ။ရက်ဘယ်လောက်ခြားရမလဲခင်ဗျာ။နာရီအားဖြင့်တော့ အနည်းဆုံး ၇၂-နာရီ(၃)ရက်လို့ဖတ်ဖူးပါတယ်။အရင်ဖျန်းပြီးမှိုဆေးနဲ့နောက်ဖျန်းမည့်အတွဲနဲ့ကို အပင်တွေအတွက်အန္တရာယ်ကင်းချင်လို့ပါ။သိတဲ့သူများ ကျေးဇူးပြုပြီးဖြေပေးကြပါခင်ဗျာ။စိုက်ခင်းကကျန်းမားရေးအခြေအနေကောင်းတယ်လို့ပြောလို့ရပါတယ်ခင်ဗျ။

အပင်အာဟာရ ကြက်သွန်နီ

ဖြေကြားချက် ၃ ခု

5,539 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးတင်ပါတယ်ခင်ဗျ။ခုလိုဖြေပေးတာ။

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ကာဆူမင် ဆေးအား ရောဂါရှိ၍ ဖြန်းခဲ့တာလား ကြိုတင်ကာကွယ်ရန်အတွက် ဖြန်းခဲ့တာလား ပထမ သိရန်လိုပါတယ်။ ပုံမှန် အနေအထားအရ ရောဂါကျလို့ ဖြန်းခဲ့လျင် ရောဂါသက်သာပျောက်ကင်းမှုရှိမှ ရွက်ဖြန်းမြေဩဇာ များကို ပက်ဖြန်းရမှာဖြစ်ပါတယ်။ ယခုပက်ဖြန်းမှာက N မဖြစ်ခြင်းကြောင့် ပက်ဖြန်း၍ ရပါတယ်။ ကာဆူမင်အား ရောဂါမကျရောက်သေးဘဲ ပက်ဖြန်းထားသည့် သဘောဟု ယူဆ၍ နောက်ရက်တွင်ပင် ပက်၍ ရပါတယ်။ မေးမြန်းသူအနေဖြင့် မိမိသိလိုသည်ကို မေးမြန်းသည့်အခါ ရှင်းလင်စွာ ရိုက်ကူးထားသော ဓာတ်ပုံနှင့် ပူးတွဲတင်ပြီး မေးမြန်းမှု ပြုခြင်းက မိမိလိုအပ်သည့် အဖြေကို ဖြေဆိုသူမှ အနီးစပ်ဆုံး ဖြေနိူင်မှာပါလို့ အသိပေးလိုပါတယ်။

193,301 လွန်ခဲ့သော ၃ နှစ် က

စိုက်ခင်းအ​ခြေအ​နေ​ကောင်းတယ်ဆိုရင်.. အနည်းဆုံး ၃-ရက် ခြားရပါတယ်။ တကယ်ဆို ၇-၁၀ရက်ခြား ဖျန်းရတာပါ။ ပြီး​တော့ ​ဆေး​တွေ​ကို ၂မျိုးထက်ပို​ရောရင် အပြင်မှာ အစမ်း​ရောကြည့်ပြီးမှ ဖျန်း​စေချင်ပါတယ်။ ဆရာဒို့ဦးလေးအကြံပြုဖြေပေးထားခြင်းဖြစ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။