အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

232 လွန်ခဲ့သော ၈ နှစ် က

Control လုပ်ရင် ဘာဆေးသုံးရမလဲဗျ

လွန်ခဲ့သော ၈ နှစ် က

ကနဦးရောဂါကူးစက်မှုအနေဖြင့် အာလူးပင်ကြီးထွားနေစဉ် ပျမှတဆင့်သယ်ဆောင်လာသော ဗိုင်းရပ်စ်မှတဆင့် ရွက်လိပ်ရောဂါကိုဖြစ်စေပါတယ်။ ဒီရောဂါကူးစက်ထားသော မျိုးဥများကိုပြန်လည်စိုက်ပျိုးသောအခါ ၎င်းမျိုးမှ အပင်ကြီးထွားလာသောအခါတွင်လည်း ဒီရောဂါဖြစ်တတ်ပါတယ်။ ထိုအပင်မှတဆင့် ပျပိုးက အခြားအပင်များ ဆီသို့လည်း ဒီဗိုင်းရပ်စ်ကိုသယ်ဆောင်သွားတဲ့အတွက်အခြားအပင်တွေကိုလည်း ရောဂါကူးစက်သွားနိုင်ပါတယ်။ ရောဂါစကူးစက်ခံရတဲ့အချိန်မှာ အရွက်နုတွေရဲ့အနားကနေ အပေါ်ဘက်ကိုလိပ်သွားတဲ့လက္ခဏာကို စတွေ့ရပါ တယ်။ အဓိကအားဖြင့် အပင်ခြေရင်းနားအရွက်ကနေစပြီးတွေ့ရပါတယ်။ ရောဂါကူးစက်ခံရပြီးအရွက်တွေဟာ အနည်းငယ်အရောင်ဖျော့လာပြီး အရွက်များတွန့်လိမ်ပြီးအတွင်းဘက်တွင် ခရမ်းရောင်(သို့) နီညိုရောင်ပြောင်း ကာ လိပ်သွားတတ်ပါတယ်။ အောက်အရွက်တွေဟာ တောင့်တင်းပြီးထိခိုက်မိတဲ့အခါ အလွယ်တကူကြွေကျ သွားတာမျိုးဖြစ်တတ်ပါတယ်။ ထို့ပြင်အပင်လှီတာမျိုးလဲဖြစ်တတ်ပါတယ်။ ရောဂါဆိုးရွားလာပါက ဒီလက္ခဏာကို အပင်တပင်လုံးတွင်တွေ့နိုင်ပါတယ်။ မျိုး၊ ရေမြေရာသီဥတု၊ အပင်သက်တမ်းတို့ပေါ်မူတည်ပြီး ရောဂါလက္ခဏာ ပုံစံအချို့ကွဲပြားနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။