အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Phyo zaw zaw
Phyo zaw zaw 6,123
လွန်ခဲ့သော ၃ နှစ် က · သဲကုန်း

ပြောင်း သက်တမ်း 25ရက် သားပါဗျ အပင်ဖြစ်ထွန်းမှု့ အားနည်းပီးအတက်နှေးလား ကြည့်ပေးကြပါအုန်းဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
အပင်အာဟာရ ပြောင်း ပြောင်းမြေသြဇာကျွေးခြင်း
Post image
6

ဖြေကြားချက် ၆ ခု

Phyo zaw zaw
Phyo zaw zaw 6,123 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,521 လွန်ခဲ့သော ၃ နှစ် က

ဒါဆိုလျင် မလိုအပ်သည့်အပင် သားခွဲရန် လိုပါမည် သားမခွဲပါက နောက်ပိုင်း အပင်ယိုင်လဲခြင်း ပြဿနာ ဖြစ်ပေါ်နိူင်၍ပါ။

Phyo zaw zaw
Phyo zaw zaw 6,123 လွန်ခဲ့သော ၃ နှစ် က

တစ်ပင်နှင့် တစ်ပင် 10 လက်မခြား ၃ပေ မြောင်း လိုက် စိုက်ထားပါတယ်ဆရာ

Phyo zaw zaw
Phyo zaw zaw 6,123 လွန်ခဲ့သော ၃ နှစ် က

ဆရာ phနံပါတ်လေး ချန်ထားပေးပါလားဆရာ

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,521 လွန်ခဲ့သော ၃ နှစ် က

တစ်ပင်နှင့်တစ်ပင် တစ်ပေ၊ တစ်ပေခွဲခန့်ခွာ၍ သားခွဲရပါမည်။

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,521 လွန်ခဲ့သော ၃ နှစ် က

ပထမ လုပ်ဆောင်ရမှာက တစ်ကျင်းလျင် ၁/၂ပင်ထားပြီး ကျန်အပင်များအား နှုတ်ပါ။ ဒုတိယအနေဖြင့် အဟာရနှင့် ရေလိုအပ်ချက် ရရန်အတွက် ပုလဲ သို့မဟုတ် ကွန်ပေါင်းမြေဩဇာ တစ်ဧကလျင် အိတ်ဝက် သို့မဟုတ် တစ်အိတ်အား အပင်ခြေသို့ ချပေးပြီး ရေသွင်းပေးမှသာ အဆင်ပြေပါလိမ့်မည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။