အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
419
လွန်ခဲ့သော ၃ နှစ် က

မတ်ပဲတွေသေလို့ မြေချဉ်လို့ သေရတယ်လို အများပြောနေကြပါတယ် မြေချဉ်လို့စပါးမထိုးမီထုံးထည့်ရမည်ဆ်ုတော့လည်း မြေချဉ်...

မတ်ပဲတွေသေလို့ မြေချဉ်လို့ သေရတယ်လို အများပြောနေကြပါတယ် မြေချဉ်လို့စပါးမထိုးမီထုံးထည့်ရမည်ဆ်ုတော့လည်း မြေချဉ်ဓါတ်ဘယ်လောက်ရှိလဲ မသိ တိုင်းမည်ဆိုလျှင် မြေကြီးနမူနာယူနည်း မှန်ကန်ရမယ်ဆိုကြပြန်တယ် မြေနမူနာဘယ်လိုယူရမယ် ဘယ်လိုတိုင်းရမည်ဆိုတာကို video လုပ်ပြီးပြရင် သိပ်အဆင်ပြေကြမှာ green way မှ ဆရာများအကြံပြုဖြေကြားပေးပါ ခင်ဗျာ ကျေးဇူးတင်ပါတယ်

မြေဆီလွှာ မတ်ပဲ မြေချဉ်ငန်ဓာတ် (pH)
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ယခုသေဆုံးနေခြင်းမှာ မြစ်ခြောက်ဆွေး ရောဂါကြောင့် သေဆုံးနေခြင်း ဖြစ်၍ စိုက်ချိန်တွင် မှိုသတ်ဆေး၊ ထရိုင်ကိုဒါးမား တို့ဖြင့် လူးနယ်စိုက်ပျိုးပြီး အပါတ်စဉ် ပဲများရည့်မှည့်ချိန်အထိ ပက်ဖြန်းပေးမှာသာ ရောဂါကြောင့် သေဆုံးခြင်းကို ကာကွယ်နိူင်ပါမည်။ ယခုတွေ့နေရသော မြစ်ခြောက်ဆွေးရောဂါသည် Rhizoctonia spp ကြောင့်ဖြစ်သော မြေဆောင် မှိုရောဂါ ဖြစ်ပါတယ်။

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ယခုမှိုဆေးများသည် မြစ်ခြောက်ဆွေးကို မကာကွယ် မကုသနိူင်ပါဘူး။ ထိုကဲ့သို့ လှည့်ဖြန်း၍လည်း မရပါဘူး အကြံပေးလိုတာက ထရိုင်ကိုဒါးမား သုံးရန် ဖြစ်ပါတယ်

419 လွန်ခဲ့သော ၃ နှစ် က

ဆရာ U Thet Lwin ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျနော် စတန်းဒက်တော့ လူးနယ် ပြီးကြဲခဲ့ပါတယ် fosetyl Al-2ကြိမ်/Thiophanate methyl -1ကြိမ်/Azoxystrobin1ကြိမ်/Azoxystrobin+Difenonazoleအရော1ကြိမ် ဖျန်းပါတယ် မှိုဆေးဖိုးလည်း အတော် များခဲ့ပါတယ် ဆရာ ဒါကြောင့် မြေပြင်မလို့ ထုံးဘယ်လောက်ထည့်ရမှန်း pH.လည်းဘယ်လိုနမူနာယူပြီး ဘယ်လိုထည့်ဖို့ သင့်တော်မလဲ အကြံတောင်းတာပါခင်ဗျာ

လွန်ခဲ့သော ၃ နှစ် က

မြေတိုင်းစက်နှင့်တိုင်းကြည့်ပြီး မြေချဥ် မြေငံ အနေအထားသိနိုင်ပါတယ်ရှင်

116 လွန်ခဲ့သော ၃ နှစ် က

သိပ်မှန်တယ်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။