အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,392
လွန်ခဲ့သော ၈ နှစ် က · တန့်ဆည်

ကင်ပွန်းချဉ်ကိုင်းကူးမြေထုပ်စီးနည်းသိချင်ပါတယ်ဗျ

စိုက်ပျိုးနည်း ကင်းပွန်းချဉ်
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားယူနိုင်သော အချိန်ကာလရာသီ အပင်တွင် အစိုဓာတ်ရနေပါက တစ်နှစ်ပတ်လုံး မြေထုပ်စည်းမျိုးပွားနိုင်သော်လည်း အပင်အများစုအတွက် အကောင်းဆုံးကာလမှာ ပတ်ဝန်းကျင်စိုထိုင်းဆများပြားပြီး အပင်တွင်း ရေဓာတ်များပြားသောအချိန် မိုးရာသီ (ဇူလိုင်မှ သြဂုတ်အတွင်း) တွင် ဖြစ်ပါသည်။ မျိုးပွားမည့် ပင်စည်ကိုင်းခတ်အား ရွေးချယ်ခြင်း မြေထုပ်စည်းမျိုးပွားရာတွင် မြေထုပ်စည်းမျိုးပွားမည့် ကိုင်းသည် ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကင်းရမည်။ သက်တမ်းမှာ တစ်နှစ်သားခန့်ရှိပြီး မရင့်လွန်း၊ မနုလွန်းသည့် ကိုင်းလုံးပတ် (လက်မဝက် မှ ၁ လက်မ) အရွယ် အပွေးတက်စ ကိုင်းဖြစ်ရမည်။ မြေထုပ်စည်း မျိုးပွားရန် ပြင်ဆင်ဆောင်ရွက်ခြင်း · မြေထုပ်စည်း မျိုးပွားမည့်နေရာသည် ကိုင်းဖျား(အညွန့်) မှ (၁) ပေ၊ (၂) ပေခန့် ကွာဝေးသင့်သည်။ · ရွေးချယ်ပြီးသော ကိုင်းပင်စည်နေရာ၏ အဆစ်အောက်နားကပ်ကာ အခေါက်ကို တစ်ပတ်လုံးရစ်၍ ခွာရမည် (အဆစ်နားကပ်၍ ခွာရခြင်းမှာ ကြီးထွားမှုဖြစ်စေသော ဆဲလ်များသည် အဆစ်များ ပတ်ဝန်းကျင်တွင်စုစည်းတည်ရှိနေသောကြောင့်ဖြစ်ပြီး အမြစ်ဖြစ်ပေါ်မှုကို ပို၍ ကောင်းစေသည်)။ ခွာသည့် အခေါက် အကျယ်သည် ကိုင်းအရွယ်အစားကို လိုက်၍ လက်မဝက်မှ တစ်လက်မခွဲ အထိထားနိုင်သည်။ ဤနည်းစနစ်သည် အသားတိုးလွှာ (Cambium) သီးသန့်ရှိသော “Dicot” အပင်များတွင် အသုံးပြုရန် သင့်တော်သည်။ · နောက်နည်းစနစ်တစ်ခုမှာ အခေါက်မခွာဘဲ ပင်စည်ကိုင်း၏ တဝက်ခန့်အား စောင်း၍ အထက်ဘက်သို့ ၁ လက်မခန့်ဓားဖြင့် လှီးဖြတ် ဒဏ်ရာပေးရမည်။ ၎င်းဒဏ်ရာအား သွားကြားထိုးတံကဲ့သို့ အရာတစ်ခုခုဖြင့် ပြန်မဆက်သွားစေရန် ဟထားပေးရမည်။ ဤနည်းစနစ်သည် အပင်အများစုအတွက် အသုံးပြုရန် သင့်တော်သည်။ သို့သော်လည်း အမြစ်ထွက်ရန် ခက်ခဲသော အပင်များ (ဥပမာ၊ ညောင်ကြက်ပေါင်) နှင့် အသားတိုးလွှာ (Cambium) သီးသန့်မရှိသော “Monocot” အပင်များတွင် ပို၍ အသုံးများသည်။ · အခေါက်ခွာနည်းစနစ်ကို အသုံးပြုမည်ဆိုပါက အသားတိုးလွှာဟုခေါ်သော အတွင်းပိုင်း မျက်နှာပြင်အလွှာပါးကို အသားနု ပြန်မတက်စေရန် ဓားဖြင့် ကုန်စင်အောင် ခြစ်ထုတ်ပစ်ရမည်။ · အခေါက်ခွာ/ဓားဒဏ်ရာပေးထားသောနေရာကို အစိုဓာတ်ထိန်းနိုင်သော မြေစပ်စာများဖြင့် သော်လည်းကောင်း၊ အုန်းဆံဖတ်များဖြင့်သော် လည်းကောင်း အုံမံ၍ အပေါ်မှ ပလပ်စတစ်နှင့် ထုပ်ပြီး ကြိုးဖြင့်လုံအောင် စည်းရမည်။ · ယေဘုယျအားဖြင့် မြေထုပ်စည်းပြီး တစ်လ သို့မဟုတ် တစ်လခွဲခန့်ကြာလျှင် မြေထုပ်စည်းထားသော ကိုင်းနေရာမှ အမြစ်များ ထွက်လာသည်ကို မြင်ရမည်ဖြစ်သည်။ · ထို့နောက် ၎င်းမြေထုပ်၏ အောက်ဖက် တစ်လက်မခန့် အကွာမှ ဖြတ်ယူ၍ ပျိုးအိတ်၊ ပျိုးအိုး အတွင်းသို့ ပြောင်းစိုက်ရမည်။ · ပျိုးအိတ်၊ ပျိုးအိုးများအား အရိပ်ကျဲစင်အောက်တွင် ထားပေးသင့်သည်။ အကယ်၍ အရွက်ပမာဏများနေလျှင် ထွက်လာသည့် အမြစ်ပမာဏနှင့် အရွက်ပမာဏကို ထိန်းညှိရန် အရွက်အချို့ကို ခြွေလျှော့ပေးရမည် (မြေထုပ်အား အပင်မှ မဖြတ်ယူမီ တပတ်ခန့်က ကိုင်းအခတ်လက်ရှိ အရွက်ပမာဏကို ကြိုတင်လျော့ချပေးထားလျှင်လည်း အကောင်းဆုံးဖြစ်သည်)။ ရေကိုလည်း လိုအပ်သလို လောင်းပေးရမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။