အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,486
လွန်ခဲ့သော ၈ နှစ် က · မှော်ဘီ

ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်စိုက်ခင်းတွေမှာသုံးဖို့ ဆေးရွက်ကြီး+ဆပ်ပြာ ပိုးသတ်ဆေးဖော်စပ်ပုံနှင့် ကာကွယ်အသုံးပြု...

ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်စိုက်ခင်းတွေမှာသုံးဖို့ ဆေးရွက်ကြီး+ဆပ်ပြာ ပိုးသတ်ဆေးဖော်စပ်ပုံနှင့် ကာကွယ်အသုံးပြု နှိမ်နင်းနိုင်သော သီးနှံ/ပိုးမွှားများကို ဖော်ပြပေးပါခင်ဗျာ။

စိုက်ပျိုး ဗဟုသုတ ကန်စွန်းရွက်
Post image
3

ဖြေကြားချက် ၃ ခု

လွန်ခဲ့သော ၈ နှစ် က
4,486 လွန်ခဲ့သော ၈ နှစ် က

အကျယ်တဝင့် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျား။

လွန်ခဲ့သော ၈ နှစ် က

ဆေးရွက်ကြီးကနေသဘာဝပိုးသတ်ဆေးပြုလုပ်နည်းကိုဖော်ပြလိုက်ပါတယ်။ ဆေးရွက်ကြီးကို ပိုးသတ်ဆေးအဖြစ် အသုံးပြုရာတွင် နီကိုတင်းများများပါသော (ဥပမာ - ဗာဂျီးနီး ယား ဆေးရွက်ကြီး) အမျိုးအစားကို အသုံးပြုရသည်။ အသုံးပြုနိုင်သော အပင်အစိတ်အပိုင်းများ - အရွက်၊ အရိုး၊ ရွက်ကြော အာနိသင်ထိရောက်ပုံ ပိုးသေ၊ တွန်းလှန်၊ မှိုသတ်၊ မွှားသတ်၊ ထိသေ၊ စားသေ၊ ရှူသေ(အသက်ရှူလမ်းကြောင်း အဆိပ်သင့်) နှိမ်နှင်းနိုင်သည့် ပိုးမွှားရောဂါများ ဖျက်ပိုးများ (၁) ပျပိုးများ (၂) ဂေါ်ဖီထုပ်ထိုးပိုး (၃) ခူကောင်များ (၄) လှေးကျိုင်းများ (၅) ရွက်ထွင်းပိုးများ (၆) မွှားများ (၇) ပင်စည်ထိုးပိုးများ (၈) သရစ်ပိုးများ ရောဂါများ (၁) ပဲ၊ ဂျုံ၊ နနွင်းရောဂါ (၂) အာလူး မှိုရောဂါ (၃) ဗိုင်းရပ်စ် ရွက်တွန့်ရောဂါ လူတို့အပေါ်အန္တရာယ် သက်ရောက်မှု နီကိုတင်း အာနိသင်ပြင်းထန်းသဖြင့် လူ၊ တိရိစ္ဆာန်တို့ ခန္ဓာကိုယ်များနှင့် မထိမိစေရန် မစားမိစေရန် ဆေးဖျန်းစဉ်တွင် လိုအပ်သော ကာကွယ်မှုများပြုလုပ်ရန် လိုအပ်သည်။ သွေးနွေးသတ္တဝါများ အဆိပ် သင့်စေသဖြင့် စိုက်ခင်းများတွင် ဆေးရွက်ကြီး ပိုးသတ်ဆေးဖြန်းပြီး (၃ - ၄) ရက်ကြာပြီးမှသာ စားသင့် သည်။ ဆေးရည်ပက်ဖြန်းချိန်တွင် အပူချိန် (၃၀) ဒီဂရီစင်တီဂရိတ်နှင့် အထက်တွင် အာနိသင် သက် ရောက်မှုရှိသည်။ ပြင်ဆင်အသုံးပြုနည်း (က) ဆေးရွက်ကြီး စစ်ကျရည် - စင်းထားသော ဆေးရွက်ကြီး(၆၀) ကျပ်သားကို ရေ(၃) ဂါလံတွင် ပါး ပါးလှီးထားသော ဆပ်ပြာစအနည်းငယ်ရောစပ်ပြီး တစ်ရက်စိမ်ထားပါ။ နောက်နေ့တွင် စစ်ချပြီး ချက် ခြင်းအသုံးပြုပါ။ အသုံးပြုပြီးလျှင် ပစ္စည်းကိရိယာများကို ချက်ခြင်းဆေးကြော သန့်စင်ရမည်။ (ခ) ဆေးရွက်ကြီး ပြုတ်ရည် - ခူကောင်များ၊ ကျိုင်းကောင်များ၊ ပင်စည်ထိုးပိုးများ၊ ရွက်ထွင်းပိုး၊ ပျပိုး နှင့်သရစ်ပိုးများ ကာကွယ်နှိမ်နှင်းရာတွင်လည်းကောင်း၊ ဘဝဖြစ်စဉ်အချို့တစ်ဝက် မြေထဲတွင်နေထိုင် သော ဖြတ်ပိုးကဲ့သို့သောအကောင်များ ကာကွယ် နှိမ်နှင်းရာတွင်လည်းကောင်း အသုံးပြုသည်။ ဆေးရွက်ကြီး (၁၅) ကျပ်သား၊ ဆပ်ပြာရည် (၁.၈၀) ကျပ်သားနှင့် ရေ (၅) ပုလင်း တို့ကိုရောစပ်ပြီး အနည်းငယ် ဆူသည်အထိ မိနစ်(၃၀) ခန့်အပူပေးပါ။ ထို့နောက် အအေးခံပြီးစစ်ချပါက ဆေးရွက်ကြီး ပြုတ်ရည်ကို ရရှိမည်။ ထိုရရှိလာသော ပြုတ်ရည်တစ်ဆလျှင် ရေ (၄) ဆနှုန်း ရောစပ်ပက်ဖြန်းပါ။ မဖောက်ထုံး အနည်းငယ်ရောစပ် ပက်ဖြန်းပေးပါက ပိုးသတ်နိုင်စွမ်း ပိုမိုထက်မြက်ပါသည်။ နောက်တစ်နည်းမှာ ဆူပွက်လာသော ရေနွေး(၅)ပုလင်း၊ ဆေးရွက်ကြီး အရွက် (၃၀) ကျပ်သား၊ မဖောက်ထုံး ဟင်းစားဇွန်း (၂.၅) ဇွန်း၊ ရှားစောင်းအရည် ဟင်းစားဇွန်း (၁.၅) ဇွန်း ရောစပ် ပက်ဖြန်း ခြင်းဖြင့် ပျပိုးနှင့်အာလူးတွင် ကျရောက်တတ်သော မှိုရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်းနှင်း နိုင်သည်။ နီကိုတင်း (ဝ.၀၁) ရာခိုင်နှုန်းပါအောင် ဖျော်စပ်ထားသော ဆေးရွက်ကြီး ဖျော်စပ်ရည်သည် သီးနှံပင် နနွင်းရောဂါအတွက် ထိရောက်စွာ ကာကွယ်နှိမ်နှင်းနိုင်သည်။ (ဂ) ဆေးရွက်ကြီးမှုန့် - ငရုတ်ပျိုးခင်းတွင် သရစ်ပိုးများမှတဆင့် သယ်ဆောင်ပြန့်ပွားစေသည့် ရွက်တွန့် ဗိုင်းရပ်စ်ပိုး ကာကွယ်ရန်အတွက် ပျိုးပင်ငယ်များ စိုက်ခင်းသို့ ပြောင်းရွေ့မစိုက်ပျိုးမီ ဆေးရွက်ကြီး အမှုန့် ဖြင့် ကြိုတင်ပက်ဖြန်းပေးနိုင်ပါသည်။ (ဃ) ဆေးရွက်ကြီး ရိုးတံများကို စပါးစိုက်ခင်းများတွင် နှစ်စိမ်ပေးခြင်း - စပါးစိုက်ခင်း တစ်ဧကလျှင် ဆေးရိုး (၁ - ၂) ပိဿာနှုန်းဖြင့် ရေအနက် (၂) လက်မခန့်တွင် စပါးမရိတ်သိမ်းမီ (၂) ပတ်အလိုအထိ နှစ်စိမ်ပေးခြင်းဖြင့် စပါးပင်စည်ထိုးပိုး ကျရောက်ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်သည်။ မောင်ဌေးအန့်စာအုပ်များမှ ကောင်းမြတ်(ရေဆင်း)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။